ဘာကြောင့် Mark Zuckerberg နဲ့ Steve Jobs တို့ အမြဲတမ်း ဒီအင်္ကျီပုံစံပဲ ဝတ်နေကြတာလဲ

blank

        ကျွန်မတို့ အခုလက်ရှိသုံးနေတဲ့ Facebook ဆိုတဲ့ Social Network ကို စတင်တည်ထောင်သူ Mark Zuckerberg (မာ့ခ် ဇက်ကာဘာ့ဂ်ျ) ကို လူတိုင်းသိကြမှာပါ။ သုံးစွဲသူ သန်းတစ်ထောင်ကျော်အတွက် ဝန်ဆောင်မှုပေးဖို့ ဦးဆောင်ရင်း အလုပ်များနေတဲ့ သူ့အတွက် အချိန်ဆိုတာ အရမ်းတန်ဖိုးရှိပါတယ်။

” ကျွန်တော်မနက် အိပ်ရာနိုးတိုင်း လူပေါင်း သန်းတစ်ထောင်ကျော်လောက်ကို ကူညီဝန်ဆောင်ပေးရတယ်။ ကျွန်တော့်ရဲ့ စွမ်းအင်တွေကို မရေရာ၊ မသေချာတဲ့ အပိုအလုပ်တွေမှာ အသုံးချလိုက်တာနဲ့ ကျွန်တော့်အလုပ်ကို တာဝန်မကျေသလို ခံစားရတယ်” လို့လည်း မာ့ခ် က ပြောခဲ့ပါတယ်။

မာ့ခ်ရဲ့ သမီးလေးမွေးဖွားပြီးကာစ ရုံးပြန်တက်တဲ့အချိန်မှာ မာ့ခ်ဟာ သူ့ရဲ့ အဝတ်ဗီရိုကို ဓာတ်ပုံရိုက်ပြီး “ဘာဝတ်ရင်ကောင်းမလဲ”ဆိုပြီး Facebook စာမျက်နှာမှာ တင်ခဲ့ပါတယ်။ အံ့သြစရာကောင်းစွာပဲ သူ့ရဲ့ အဝတ်ဗီရိုထဲမှာ ပုံစံတူ၊ ဒီဇိုင်းတူ မီးခိုးရင့်ရောင် တီရှပ်တွေပဲ ရှိနေခဲ့ပါတယ်။ “ဒီလို ဆင်တူအင်္ကျီတွေပဲ ရှိနေတော့ ကောင်းတာပေါ့ဗျာ၊ အဝတ်အစားရွေးရင်း အချိန်မကုန်တော့ဘူးပေါ့” လို့ မာ့ခ်က ပြောခဲ့ပါတယ်။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကမ္ဘာကျော် Apple ကုမ္ပဏီရဲ့ တည်ထောင်သူ Steve Jobs (စတိဗ် ဂျော့) ကလည်း အနာဂတ်အတွက် နည်းပညာအသစ်အသစ်တွေ တီထွင်ရင်း အလုပ်တွေနဲ့ မအားမလပ်ဖြစ်ခဲ့ပါတယ်။ လိုက်ဖက်တဲ့ အဝတ်အစားရှာဖို့ အချိန်မပေးနိုင်တဲ့ ဂျော့ဘ်ဟာ အနက်ရောင်လက်ရှည် အင်္ကျီနဲ့ ဂျင်းဘောင်းဘီရှည်ကိုသာ စွဲစွဲမြဲမြဲဝတ်ဆင်ခဲ့ပါတယ်။

သူတို့တွေကို ကြည့်ရင်း ကျွန်မအသိတစ်ခုရလိုက်တာက ဘာမဟုတ်တဲ့ ရွေးချယ်မှုလေးတွေ၊ ဆုံးဖြတ်မှုလေးတွေက ရုတ်တရက်မသိသာပေမဲ့ အချိန်ကြာလာတာနဲ့အမျှ အောင်မြင်တိုးတက်ဖို့အတွက် အဟန့်အတားဖြစ်နေတတ်ပါတယ်။

လူအများစုမှာ ရွေးချယ်မှုတစ်ခုပြုလုပ်ဖို့ တွေဝေမှုလေးတွေ အနည်းငယ်ရှိနေတတ်ကြပါတယ်။ ရွေးစရာ ၂ခုပဲ ရှိတယ်ဆိုရင်တောင် အဲဒီ ၂ ခုမှာ ဘယ်ဟာကို ရွေးရမလဲဆိုပြီး တွေဝေနေတတ်ကြပါတယ်။ ရွေးစရာ မရှိတော့ ခေါင်းစားစရာ၊ အချိန်ကုန်ခံစရာ မလိုတော့ဘူးပေါ့။ ဒီတော့ ဘဝအတွက် အရေးမကြီးတဲ့ ရွေးချယ်မှုတွေမှာ အရွေးချယ်ခံအရာတွေကို နည်းနိုင်သမျှ နည်းအောင်လုပ်ပြီး အရေးကြီးတဲ့ ရွေးချယ်မှုတွေကို နေရာပေးသင့်ပါတယ်။ သူတို့လို အောင်မြင်ချင်ရင် သူတို့လို ကြိုးစားရမယ် မဟုတ်လား။

မှတ်သားစရာ တစ်ခုခုရလိုက်ရင် SHARE လိုက်ပါ။