ပန်းတိုင်ဆီသို့ လှေကား(၄)ထစ်

blank

“အောင်မြင်မှု”ဆိုတဲ့စကားလုံးက တိုတိုလေးပေမဲ့ လက်တွေ့အကောင်အထည်ပေါ်လာဖို့က တော့ နေ့ချင်းညချင်းမဖြစ်နိုင်ပါဘူး။ ဇွဲလုံ့လဝီရိယတွေကိုအချိုးညီညီပေါင်းစပ်ပြီး စိတ်ရှည်လက်       ရှည်ကြိုးစားရင်း တစ်ဆင့်ချင်းအကောင်အထည်ဖော်ယူရတာဖြစ်ပါတယ်။ ဘဝရဲ့အမြင့်ဆုံးပန်းတိုင်ဆီ တက်လှမ်းလိုကြသူများအတွက် လိုက်နာသင့်တဲ့အကြံပြုချက်လေးတွေကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသား တင်ဆက်လိုက်ပါတယ်ရှင်။

၁။ သင်ဖြစ်ချင်တဲ့ပန်းတိုင်ကို ဆန်းစစ်ပါ။

သင်ဖြစ်ချင်တဲ့ပန်းတိုင်ကို သိအောင်အရင်စဉ်းစားပါ။ အဲ့ဒီပန်းတိုင်ရောက်ဖို့အတွက် ကြုံတွေ့ နိုင်တဲ့အခက်အခဲတွေ၊ လိုအပ်တဲ့အရာတွေကို သေချာဆန်းစစ်ပါ။

၂။ စီမံကိန်းရေးဆွဲပါ။

သင့်ပန်းတိုင်ရောက်ရှိဖို့ သင့်စိတ်ကို အမြဲလှုံ့ဆော်ပေးနေမယ့် စီမံကိန်းတစ်ခုရေးဆွဲပါ။ အဲ့ဒီစီမံ ကိန်းထဲမှာ မဖြစ်မနေလုပ်ဆောင်ရမယ့်အလုပ်တွေ၊ စတင်ရမယ့်အချိန်တွေနဲ့ ဖြည့်တင်းရမယ့် လိုအပ် ချက်တွေကို ထည့်သွင်းထားပါ။

၃။ တကယ်အလုပ်လုပ်ပါ။

ချမှတ်ထားတဲ့အစီအမံတွေအတိုင်း လက်တွေ့အကောင်အထည်ဖော်ပါ။ သင့်အရည်အသွေး တွေကိုလည်း တိုးတက်အောင်အမြဲဖြည့်တင်းသွားပါ။ အဆက်အသွယ်ကောင်းတွေရှာဖွေပါ။ သင့်အကျိုးကို လိုလားသူတွေနဲ့ လက်တွဲအလုပ်လုပ်ပါ။  ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ အားနည်းချက်နဲ့ အားသာချက်တွေကို သိပါ။

သင့်ရဲ့အားနည်းချက်နဲ့ အားသာချက်တွေကို သိအောင်လုပ်ပါ။ အားနည်းချက်တွေကို ဖြည့်တင်းပြီး အားသာချက်တွေကို ထိရောက်စွာအသုံးချခြင်းဖြင့် သင့်ပန်းတိုင်ဆီ တက်လှမ်းသွားလိုက်ပါ။

ပရိသတ်ကြီးအားလုံးလည်း ပျော်ရွှင်အောင်မြင်သောဘဝကို တက်လှမ်းနိုင်ကြပါစေရှင်။ ဆောင်းပါးလေးကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။