နေ့ရက်တွေကို မကောင်းမြင်မှုတွေမှာ နှစ်မြှပ်မထားဘဲ တစ်နေ့တာကိုကောင်းစွာ ဖြတ်သန်းစေမည့်နည်း

blank

ဂန္တဝင် စာဖတ်ပရိသတ်ကြီးရေ…

စိတ်ဓာတ်ကျစရာတွေပဲ ဆက်တိုက် ကြုံတွေ့နေရပြီးလား။ ကောင်းမွန်တဲ့ နေ့ရက်တွေကို မျှော်ရင်း စိတ်ဓာတ်ကျနေရတဲ့ နေ့ရက်တွေကို ဖြစ်ကျော်နေတာ လူတိုင်း တွေ့ကြုံဖူးကြမှာပါ။ မနက်အိပ်ယာထပြီးချိန်ကစပြီး သင်မနှစ်သက်တဲ့ အရာတွေ ဆက်တိုက်ဖြစ်ပြီး တစ်နေ့လုံး စိတ်ကသိကအောက် ဖြစ်စရာတွေကြုံတွေ့နေရ တာမျိုးလည်း ဖြစ်တတ်ပါတယ်။

ဒါပေမယ့် စာဖတ်ပရိသတ်ကြီးရေ…အရေးမပါတဲ့ အရာတွေ အတွက်နဲ့တော့ ကိုယ့်ရဲ့ လှပတဲ့နေ့ရက်လေးကို အထိခိုက် အပျက်စီးမခံပါနဲ့။ သင်ရဲ့ နေ့ရက်တွေကို နေပျော်ဖွယ် ဖြစ်လာစေမယ့် နည်းလမ်းလေးတွေကို စာဖတ်ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

၁။ မှတ်စုတိုလေးတွေ ထားပါ။

၂။ သီချင်းနားထောင်ပါ။

၃။ ဟာသကား( သို့မဟုတ်) ဟာသအစီအစဉ်တွေကြည့်ပါ။

၎။ ကိုယ်ချစ်တဲ့ သူတွေနဲ့စကားပြောပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ သင့်ကို ကျေနပ်ဝမ်းမြောက်စေခဲ့တဲ့ အရာတွေကို စာရင်းပြုစုထားပါ။

၆။ အကူအညီလိုတဲ့ လူတွေကို ကူညီပါ။

၇။ တရားမထိုင်နိုင်ရင်တောင် လေ့ကျင့်ခန်းလုပ်ပါ။

ဒီအရာတွေ အားလုံးဟာ သိပ်မခက်ခဲလှပေမယ့် သင့်တစ်နေ့တာကိုတော့ အမှန်တကယ် လှပစေမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်နေ့ရက်တွေကို မကောင်းမြင်မှုတွေမှာ နှစ်မြှပ်မနေဘဲ မိမိကိုပျော်ရွှင်စေတဲ့ နည်းလမ်းတွေကို စမ်းသပ်လုပ်ဆောင်ကြည့် ရအောင်ပါ။