တိုတောင်းသော ဘဝရဲ့ လက်ရှိအချိန်လေးတွေကို အပြည့်အဝခံစားပါ။

blank

ကျွန်မတို့ ငယ်ငယ်တုန်းက အထက်တန်းကို သိပ်ရောက်ချင်ခဲ့တယ်။

အထက်တန်းအရွယ်ကိုရောက်တော့ တက္ကသိုလ်ဘဝကို မြန်မြန်ရောက်ချင်ပြန်ရော။

တက္ကသိုလ်ရောက်တော့လည်း ဘွဲ့မြန်မြန်ရပြီး အလုပ်ခွင်ထဲရောက်ရင် ဘဝက ပိုကောင်းလာမယ်လို့ ထင်လာပြန်တယ်။

အလုပ်အခြေတကျ ဖြစ်လာပြန်တော့ သာယာတဲ့ မိသားစုဘဝလေးပိုင်ဆိုင်ပြီးရင်တော့ ဘဝက ပြီးပြည့်စုံပြီဆို ထင်ခဲ့တယ်။

ကလေးတွေရလာပြန်တော့ ကလေးတွေရဲ့ ဘဝအတည်တကျဖြစ်ရင် စိတ်ချမ်းသာပြီလို့ ထင်ခဲ့တယ်။

အသက်အရွယ်လေးလည်း ရလာပြီး စိတ်တွေပင်ပန်းလာပြန်တဲ့အခါ အပူအပင်းကင်းတဲ့ ကလေးဘဝကိုပဲ ပြန်လိုချင်လာတယ်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

စာချစ်သူတို့ရေ…

ကျွန်မတို့ရဲ့ဘဝမှာအမြဲတမ်းရောက်မလာသေးတဲ့အချိန်တွေကိုပဲ မျှော်ကိုးရင်း ဘဝကိုအရှေ့ကိုပဲ မျှော်နေခဲ့တယ်။  တကယ်တော့ ဘဝဆိုတာ သိပ်ကို တိုတောင်းလွန်းလှတာကြောင့် ရခဲလှတဲ့ လူ့ဘဝရဲ့ အချိန်တိုလေးမှာ အနာဂတ်ကိုပဲ ရှေးရှုနေပြီး ပစ္စုပ္ပန်ကို ဖြုန်းတီးဖြစ်တာ တန်ရဲ့လားလို့ တွေးသင့်ပါတယ်။ ဒါ့ကြောင့် လက်ရှိ အချိန်လေးကို အကောင်းဆုံး ဖြစ်အောင် ရှင်သန်ဖို့ ပစ္စုပ္ပန်အချိန်ကို အာရုံစိုက်ပါ။

တန်ဖိုးအရှိဆုံးက လက်ရှိအချိန်ဖြစ်တယ်ဆိုတာကို အမြဲသတိရပါနော်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။