စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာကို အသက်စွန့်ပြီး သက်သေပြသွားခဲ့သူ

blank

အဝေးပြေးလမ်းမပေါ်မှာ ချစ်သူနှစ်ယောက် ရယ်ရယ်မောမောနဲ့ ဆိုင်ကယ်မောင်းလာကြတယ်။ ကြာလာတဲ့အခါ အရှိန်ပြင်းလွန်းတာကြောင့် ကောင်မလေးက အရမ်းကြောက်လာပြီး…

ကောင်မလေး။      ။ မောင် အရှိန်အရမ်းများတယ် နည်းနည်းလျှော့မောင်းပါနော်။

ကောင်လေး ။      ။ ချစ်ကလည်း ဒီလောက်ပျော်စရာ ကောင်းတာ။

ကောင်မလေး။      ။ မလုပ်ပါနဲ့။ အရမ်းကြောက်လို့ပါ မောင်ရယ် နည်းနည်းအရှိန်လျှော့ပါနော်။

ကောင်လေး။        ။ ဟုတ်ပြီလေ။ ဒါဆို ချစ်တယ်လို့ပြော။

ကောင်မလေး။      ။ အင်းအင်း။ ချစ်တယ် ချစ်တယ်။ လျှော့မောင်းတော့နော်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ကောင်လေး။        ။ ဒါဆိုနောက်ကနေ တင်းနေအောင် ဖက်ထားပေး။

ကောင်မလေးက ခါးကိုသိုင်းပြီး တင်းနေအောင် ဖက်ထားလိုက်တယ်။

အဲအချိန်မှာ ကောင်လေးက သူ့ ဦးထုပ်ကို မောင်းရတာ အားမရလို့ ချွတ်ပေးဆိုပြီး ကောင်မလေးကို ဆောင်းခိုင်းလိုက်တယ်။

နောက်နေ့မနက်မှာတော့ သတင်းစာထဲမှာ နာရေးကြော်ငြာတစ်ခု ပါလာပါတယ်။ အဝေးပြေးလမ်းမပေါ်မှာ ချစ်သူနှစ်ဦး ဆိုင်ကယ်ဘရိတ်ပေါက်ပြီး မတော်တဆမှုတစ်ခု ဖြစ်ခဲ့ကြောင်းနဲ့ ကောင်လေးကတော့ နေရာမှာ ပွဲချင်းပြီး သေဆုံးသွားကြောင်း ရေးထားပါတယ်။ ကောင်လေးခမျာ ချစ်သူကို ဘရိတ်ပေါက်မှန်းသိလို့ မသေခင် ချစ်တယ်လို့ ပြောခိုင်း။ ကောင်မလေးကြောက်မှာစိုးလို့ ဘရိတ်ပေါက်နေတာသိလျက်နဲ့ မပြောဘဲ ခေါင်းက ဦးထုပ်ချွတ်ပြီး ချစ်သူရဲ့ အသက်အန္တရာယ်ကို ကာကွယ်သွားတာ ဘယ်လောက်တောင် လေးစားဖို့ကောင်းလိုက်တဲ့ စိတ်ထားလေးလဲနော်။ လူတစ်ယောက်က လူတစ်ယောက်ကို တကယ်ချစ်သွားတဲ့ အခါ ဘယ်လောက်ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေမျိုးမှာမဆို မိမိချစ်သူအတွက် အရာရာ ပေးဆပ်ရဲပါတယ်။

ကဲ …..ဂန္တဝင်ရဲ့ ပရိသတ်ကြီးရေ ဒီဇတ်လမ်းလေး ဖတ်ပြီး ဘာတွေများ ခံစားလိုက်ရလဲ Comment box မှာ မျှဝေကြပါအုံးနော်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။