မင်္ဂလာပွဲတွေမှာ ကြုံတွေ့ရတဲ့ အမူအကျင့်အမျိုးမျိုးနဲ့ ဆွေမျိုးသားချင်း (၁ဝ) မျိုး

blank

မင်္ဂလာဆောင်တဲ့ အချိန်ဆိုတာ ဆွေမျိုးတွေ စုံစုံလင်လင်နဲ့ သိပ်ကိုပျော်စရာ ကောင်းလှတဲ့ အချိန်တစ်ခုပါပဲ။ ဝမ်းကွဲမောင်နှမတွေဆိုတာလည်း ကျန်တဲ့အချိန်ဘယ်လောက်ပဲ မတည့်ကြပါစေ မင်္ဂလာဆောင်နေတဲ့ အချိန်လေးမှာတော့ စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင် ရှိနေကြစမြဲပါ။ သူတို့တွေကြောင့်ပဲ မင်္ဂလာပွဲလေးဟာ ပိုမို သက်ဝင်မြူးကြွနေတယ် ဆိုရင်တောင် မမှားပါဘူး။

အောက်မှာ ဖော်ပြထားတာကတော့ မင်္ဂလာပွဲတစ်ခုမှာ တွေ့ရတတ်တဲ့ အမူအကျင့်အမျိုးမျိုးနဲ့ ဆွေမျိုးသားချင်းတို့ရဲ့ စရိုက်သဘာဝလေးတွေပဲ ဖြစ်ပါတယ်။

၁။ မင်္ဂလာပွဲအတွက် အရမ်းကို စိတ်လှုပ်ရှားတတ်တဲ့ သူ။

သင့် မင်္ဂလာသတင်း ကြားရုံနဲ့ကို စိတ်တွေ အရမ်းလှုပ်ရှားနေပါပြီ။ မင်္ဂလာပွဲနဲ့ ပတ်သက်ပြီး ကူညီပေးဖို့လည်း အမြဲ စိတ်တက်ကြွနေတယ်။ အဝတ်အစားရွေးတာ၊ လိုအပ်တဲ့ပစ္စည်းတွေ ဝယ်တာက အစပေါ့ ။ ကာယကံရှင်တွေ ထက်တောင် ပိုစိတ်လှုပ်ရှားနေသလား အောက်မေ့ရပါတယ်။

 ၂။ အရမ်း အကြွားသန်တဲ့သူ။

သူကတော့ မင်္ဂလာပွဲနဲ့ ပတ်သက်တာတွေ ကူညီပေးရင်း အခွင့်ကြုံရင် ကြုံသလို သူ့အကြောင်းတွေ ကြွားလုံးထုတ်တော့တာပါပဲ။ သူ့တုန်းကဆို ဘယ်လောက်တန် ဝတ်စုံ ဝတ်တယ်။ ဖိနပ်ဆိုဘယ်လောက်ပေးရတာ၊ လက်ဝတ်လက်စားဆိုရင်လည်း ဘယ်လောက်တန် စသဖြင့်ပေါ့။ ဒီလို အကြွားသန်တဲ့သူမျိုးဟာ တစ်နည်းအားဖြင့်တော့လည်း ချစ်စရာကောင်း နေတတ်ပါတယ်။

၃။ အရမ်း တာဝန်ကျေတတ်တဲ့ သူ။

သူကတော့ မင်္ဂလာပွဲနဲ့ ပတ်သက်ပြီး သူတတ်နိုင်သလောက် အကောင်းဆုံး ဆောင်ရွက်ပေးသွားမယ့် သူပါ။ ဘာဖြစ်ဖြစ် ကူညီပေးဖို့ အမြဲအဆင်သင့် ဖြစ်နေတယ်။ မင်္ဂလာပွဲ တစ်လျှောက်လုံး မိသားစု တစ်စုလုံးအတွက် ဂရုတစိုက်ရှိနေပြီး လိုလေသေးမရှိ ဖြည့်ဆည်းပေးနေတော့တာပါပဲ။

၎။ မင်္ဂလာပွဲနဲ့ ပတ်သက်ပြီး အတွေ့အကြုံရှိပြီးသားသူ။

သူကတော့ မင်္ဂလာပွဲ ကာလတစ်လျှောက်လုံး သူ့အတွေ့အကြုံတွေ ပမာပြပြီး သာယာလှပတဲ့ အိမ်ထောင်ရေးတစ်ခု ဖြစ်လာဖို့ ဘာတွေပြင်ဆင်ရမလဲ ဆိုတာတွေကို တစ်ချိန်လုံး တတွတ်တွတ် သင်နေတော့တာပါပဲ။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ အရမ်းပျော်တတ်တဲ့သူ။

တစ်ချိန်လုံး ဘယ်လိုပျော်အောင် နေရမလဲဆိုတာ စဉ်းစား နေသူတွေပေါ့။ မင်္ဂလာပွဲလာရောက်တဲ့ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေကို လိုက်စလိုက်၊ ဟာသတွေလုပ်လိုက်နဲ့ တစ်ချိန်လုံး ဖျော်ဖြေနေသူတွေပါ။ သူတို့ရှိနေတာက စိတ်တွေကို လွတ်လပ်ပျော်ရွှင် စေပါတယ်။

၆။ အမြဲ နမော်နမဲ့ ဖြစ်တတ်တဲ့ သူ။

သူရောက်လာတဲ့ အချိန်ကစလို့ တစ်ချိန်လုံး ပေါက်ကရတွေ ဖြစ်နေတော့တာပါပဲ။ သူ့ဆီကအမြဲ ကြားနေရတဲ့ အသံတွေကတော့ ” ငါ့ဖိနပ် ဘယ်ရောက်သွားပါလိမ့် ၊ အိတ်ကစောစောကပဲ ဒီနားမှာ ရှိသေးတာ” စသဖြင့်ပေါ့။ J

၇။ အချိန်အကြာကြီး ကွဲကွာပြီးမှ ပြန်တွေ့ရတဲ့သူ။

ကလေးဘဝတုန်းက အတူနေခဲ့ဖူးပြီး ဝေးကွာသွားကြတာ နှစ်ပေါင်းများစွာကြာပြီးမှ ဒီမင်္ဂလာပွဲမှာ ပြန်တွေ့ရသူပါ။ သူတို့တွေနဲ့ဆိုရင်တော့ အတိတ်ကအကြောင်းတွေ ပြောပြီး ကြည်နူးပျော်ရွှင်လို့ မဆုံးတော့ပါဘူး.။

၈။ အမြဲ အပြစ်ရှာနေတတ်တဲ့ သူ။

သူကတော့ မျက်စိထဲမှာ မြင်မြင်သမျှအရာတွေကို အမြဲအလိုမကျ ဖြစ်နေသူပါ။ ဒီတော့ မင်္ဂလာပွဲမှာ တွေ့တွေ့သမျှ အရာတွေကို သူ လိုက်ဝေဖန်အပြစ်ရှာ နေမှာ မလွဲပါပဲ။ သူ့စိတ်ကြိုက်ဖြစ်ဖို့ဆိုတာ အတော်ကို မလွယ်ကူတဲ့ ကိစ္စပါပဲ။

၉။ အပျင်းထူတဲ့ သူ။

သူတို့အတွက်က သင့်မင်္ဂလာပွဲဆိုတာ အပန်းဖြေခရီးတစ်ခု လာရောက်ရသလိုပါပဲ။ မင်္ဂလာပွဲမှာ သူတို့စိတ်အဝင်စားဆုံးကတော့ အစားအသောက်၊ အအိပ်နဲ့ အနားယူ အပန်းဖြေဖို့ပါပဲ။ မင်္ဂလာပွဲ ပြင်ဆင်မှုနဲ့ ပတ်သက်ပြီး ကူညီပေးဖို့တော့ ဆန္ဒလုံးဝ မရှိပါဘူး။

၁ဝ။ ဓါတ်ပုံရိုက်ရတာ အရမ်းဝါသနာပါတဲ့ သူ။

သူကတော့ မင်္ဂလာပွဲလာတာကိုက ဓါတ်ပုံရိုက်ဖို့ ရည်ရွယ်ချက်နဲ့ လာရောက်ခြင်း ဖြစ်ပါတယ်။ မင်္ဂလာပွဲလာရောက်တဲ့ သူတွေကို ဓါတ်ပုံလှည့်ပတ်ရိုက်လို့ မပြီးနိုင်တော့ပါဘူး။ သူတို့ဓါတ်ပုံတွေထဲမှာ ကာယကံရှင်တွေတောင် သတိမထားမိတဲ့ အခမ်းအနား အပြင်အဆင်တွေကို တွေ့ရတတ်ပါတယ်။

မင်္ဂလာဆောင်တဲ့အချိန်မှာ ဒီလိုအမူအကျင့်အမျိုးမျိုး ရှိတဲ့ ဝမ်းကွဲမောင်နှမတွေနဲ့ ပြန်ဆုံရတာ ဟာ တကယ့်ကို ကြည်နူးဖို့ ကောင်းလှပါတယ်။

ဂန္ထဝင်ရဲ့ ပရိသတ်ကြီး ထဲမှာလည်း မင်္ဂလာဆောင်မှာ ဒီလို ထူးဆန်းတဲ့ အမူအကျင့်လေးတွေနဲ့ ဝမ်းကွဲ မောင်နှမတွေနဲ့ အမှတ်တရလေးတွေ ရှိခဲ့ရင် Comment Box ကနေ မျှဝေပေးဖို့မမေ့နဲ့နော်။

မှတ်သားစရာ တစ်ခုဖြစ်စေခဲ့ရင် Share ဖို့ မမေ့နဲ့နော်။