လောကကြီးကို အကျိုးပြုဖို့ ပြီးပြည့်စုံနေဖို့မလိုပါဘူးဆိုတာကို ပြသသွားတဲ့ အဖိုးအိုနှစ်ဦး

blank

မျက်စိနှစ်ဖက်လုံး မမြင်တဲ့ ကျာ ဟိုင် ရှ (Jia Haixia)နဲ့ လက်နှစ်ဖက်လုံး မရှိတော့တဲ့ သူ့သူငယ်ချင်း ကျာ ဝမ်း ချီ (Jia Wenqi) တို့ဟာ ကိုယ်လက်အင်္ဂါ မပြည့်စုံကြပေမဲ့ ဆယ်စုနှစ် တစ်ခုအတွင်း သစ်ပင်ပေါင်း (၁ဝ,ဝဝဝ) ကို စိုက်ပျိုးနိုင် ခဲ့ကြပါတယ်။

ဟိုင်ရှ (Haixia) ကတော့ မွေးကတည်းက မျက်စိတစ်ဖက် ကွယ်နေတာဖြစ်ပြီး သက္ကရာဇ် (၂ဝဝဝ)ပြည့်နှစ်မှာ မတော်တဆမှုတစ်ခုကြောင့် ကျန်တဲ့ တစ်ဖက်ပါ ကွယ်သွားရခြင်းဖြစ်ပါတယ်။ ဝမ်ချိကတော့ သူ့အသက် (၃)နှစ်အရွယ်မှာပဲ လက်နှစ်ဖက်လုံး ဆုံးရှုံးခဲ့ရတာပါ။ အစိုးရဆီက ( ၈ ) ဧက ကျယ်ဝန်းတဲ့ ကုန်းမြေတစ်ခုကို ငှားရမ်းပြီး ရေလွှမ်းခံနေရတဲ့ ဒေသတွေကို ကာကွယ်ဖို့ ရည်ရွယ်ချက်နဲ့ အပင်တွေ စိုက်ပျိုးခဲ့ခြင်း ဖြစ်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သူတို့ဟာ မနက်တိုင်း (၇) နာရီက စပြီး သစ်ပင်စိုက်ပျိုးခြင်းကို လုပ်ဆောင်ကြပါတယ်။ မျိုးစေ့ဝယ်ဖို့၊ အပင်ပေါက်ဝယ်ဖို့ ငွေမရှိတဲ့အခါ လက်ရှိ ရှိနေတဲ့အပင်တွေကို ပဲ မျိုးပွား စိုက်ပျိုးကြပါတယ်။

အထက်ဖော်ပြပါ သူငယ်ချင်းနှစ်ယောက်ရဲ့ လုပ်ရပ်လေးက တကယ့်ကို လေးစား အတုယူဖွယ်ပါ။ လောကကြီးကို အကျိုးပြုဖို့အတွက် ပြီးပြည့်စုံနေဖို့မလိုအပ်ပါဘူး။ အကျိုးပြုချင်တဲ့ စိတ်ကသာအဓိကပါ ဆိုတာကို မီးမောင်းထိုးပြခဲ့သူတွေပါ။

blank
Via www.BoredPanda.com
blank
Via www.BoredPanda.com
blank
Via www.BoredPanda.com
blank
Via Bored Panda.com
blank
Via www.BoredPanda.com
blank
Via www.BoredPanda.com
blank
Via www.BoredPanda.com
blank
Via www.BoredPanda.com

သဘောကျ နှစ်သက်ခဲ့ရင် Share ပေးဖို့ မမေ့နဲ့နော်။