ဘုန်းတော်ကြီး ဒလိုင်လားမား၏ ဘဝနေထိုင်မှုဆိုင်ရာ အဆုံးအမများ

blank

၁။ ကြီးမားတဲ့ အောင်မြင်မှုတွေမှာ အမြဲတမ်း ကြီးမားတဲ့ စွန့်စားမှုတစ်ခု ရှိနေတယ်ဆိုတာ သတိရပါ။

၂။ အရာရာတိုင်းဟာ သင့်ကို သင်ခန်းစာတွေပေးဖို့ ဘဝထဲကို ရောက်လာတယ်ဆိုတာကို သိထားပါ။

၃။ ကိုယ့်ကိုယ်ကို လေးစားတန်ဖိုးထားပါ။ အခြားသူတွေကိုလည်း လေးစားတန်ဖိုးထားပါ။

ကိုယ့်လုပ်ရပ်တွေအတွက် အပြည့်အဝတာဝန်ယူပါ။

၎။ ဘဝမှာဖြစ်ချင်တာတွေ ဖြစ်ခွင့်မရလို့ စိတ်ညစ်မနေပါနဲ့။ တစ်ခါတလေမှာ ကံကြမ္မာက ကျီစယ်တတ်ပါတယ်။

၅။ ဘဝရဲ့အနှစ်သာရတွေကို အတွင်းကျကျ နားလည်အောင် လေ့လာသင်ယူပါ။

၆။ အငြင်းပွားမှုသေးသေးလေးတွေကြောင့် တန်ဖိုးဖြတ်မရတဲ့ ခင်မင်မှုတွေကို မပျက်စီးပါစေနဲ့။

၇။ အမှားလုပ်မိပြီလို့ သတိထားလိုက်မိတာနဲ့ တစ်ပြိုင်နက် ပြင်ဆင်လိုက်ပါ။

၈။ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖို့ တစ်ယောက်တည်းနေတဲ့အချိန် သီးသန့်ထားပါ။

၉။ အပြောင်းအလဲတွေကို အဆင်သင့်ဖြစ်ဖို့ တံခါးတွေကို ဖွင့်ထားပါ။ ဒါပေမဲ့ ကိုယ့်တန်ဖိုးတွေကိုတော့ မလျှော့ချပစ်လိုက်ပါနဲ့။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၁ဝ။ တစ်ခါတလေမှာ တိတ်ဆိတ်နေခြင်းက အကောင်းဆုံး တုံ့ပြန်ခြင်းဖြစ်ပါတယ်။

၁၁။ ပြန်တွေးလိုက်တိုင်း ကြည်နူးကျေနပ်စေမယ့် လုပ်ရပ်တွေနဲ့ ဘဝကို စင်ကြယ်စွာဖြတ်သန်းပါ။

၁၂။ သာယာချမ်းမြေ့တဲ့ မိသားစုဘဝဟာအောင်မြင်မှုရဖို့ အခြေခံအကျဆုံး အချက်ဖြစ်ပါတယ်။

၁၃။ ခင်မင်ရသူတွေနဲ့ စိတ်အခန့်မသင့် ဖြစ်ရတဲ့အခါ လက်ရှိပြဿနာပေါ်မှာပဲ သုံးသပ်ဖြေရှင်းပါ။ အတိတ်က ဖြစ်ရပ်တွေကို ပြန်တူးဆွတာမျိုးရှောင်ကြဉ်ပါ။

၁၄။ သင်တတ်မြောက်ထားတဲ့အရာတွေကို ဝေမျှခြင်းဟာ သင့်ရဲ့အရည်အသွေးတွေကို ပိုတိုးတက်စေပါတယ်။

၁၅။ လူတိုင်းကို ကြင်နာနွေးထွေးစွာ ဆက်ဆံပါ။

၁၆။ တစ်နှစ်မှာ အနည်းဆုံး တစ်ကြိမ်တော့ သင်မရောက်ဖူးတဲ့နေရာ တစ်နေရာကို သွားရောက်လည်ပတ်ပါ။