(၂၁) ရာစုရဲ့ စိန်ခေါ်မှုတွေကို အကောင်းဆုံးရင်ဆိုင်နိုင်စေဖို့….။

blank
၁။ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ခြင်း။

(၂၁) ရာစုရဲ့ နေ့စဉ်ဘဝမှာ လူမှုဆက်ဆံရေးကောင်းမွန်မှသာ ရောက်လေရာမှာ အကောင်းဆုံးရပ်တည်နိုင်မှာဖြစ်တဲ့အတွက် လူမှုပေါင်းသင်းဆက်ဆံရေး ကျွမ်းကျင်နေဖို့ လိုအပ်ပါတယ်။

၂။ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု ရှိခြင်း။

အရည်အချင်းတွေကို ဖြည့်တင်းဖို့ အရေးကြီးပေမယ့် အောင်မြင်ဖို့အတွက် စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုကလည်း လိုအပ်ပါတယ်။ အရာရာကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်ခြင်းဟာလည်းပဲ၂၁ ရာစုရဲ့ အရည်အသွေးတစ်ခုပါပဲ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

၃။ တီထွင်ဆန်းသစ်နိုင်စွမ်းရှိခြင်း။

အပြိုင်အဆိုင်များတဲ့ ၂၁ ရာစုမှာ ဆန်းသစ်တီထွင်မှုဟာ မရှိမဖြစ်အရာတစ်ခုဖြစ်ပြီး သမရိုးကျ အတွေးအမြင်တွေကနေ ရုန်းထွက်နိုင်လေလေ အောင်မြင်ဖို့အခွင့်အလမ်း ပိုများလေလေပါပဲ။

၎။ ဆုံးဖြတ်ချက် မှန်ကန်ခြင်း။

အပြောင်းအလဲတွေကို အလိုက်သင့်ဖော်ဆောင်နိုင်ဖို့  ကြုံတွေ့လာတဲ့ အခြေအနေကို ကိုင်တွယ်ဖြေရှင်းရင်း ဆုံးဖြတ်ချက် ပြတ်သားခြင်းဟာလည်း မရှိမဖြစ် အရည်အသွေးတစ်ခုပါပဲ။

၅။ အလုပ်တာဝန်တွေကို မျှဝေလုပ်ဆောင်နိုင်ခြင်း။

လူအများစုဟာ ကိုယ်ကိုယ်တိုင်လုပ်ဆောင်မှ အကောင်းဆုံးဖြစ်မယ်လို့ ထင်ပြီး အရာရာကို ကိုယ်တိုင် သိမ်းကျုံးလုပ်ရင်း ပင်ပန်းလာကြပါတယ်။ အောင်မြင်မှုရဖို့ အလုပ်တာဝန်တွေကို သင့်တော်သလို ခွဲဝေတတ်ဖို့လည်း လိုပါတယ်။

သင်ကော.. ၂၁ ရာစုရဲ့ စိန်ခေါ်မှုတွေကို အကောင်းဆုံးရင်ဆိုင်နိုင်ဖို့ ဘယ်လိုအရည်အသွေးတွေ ဖြည့်တင်းဖို့လိုတယ်လို့ ထင်လဲ။ Comment box မှာ မျှဝေပေးခဲ့ပါဦးနော်။