နှလုံးမခုန်ဘဲ အသက်ဆက်ရှင်နိုင်သော ကမ္ဘာ့ပထမဆုံး လူသား

blank

ဒေါက်တာ ဘီလီ ကွန်း (Dr. Billy Cohn ) နဲ့ ဒေါက်တာ ဘတ် ဖရာဇီယာ(Dr. Bud Frazier)တို့ဟာ နှလုံးရောဂါကြောင့် လူတွေရဲ့ သက်တမ်းတိုမှုနဲ့ ယခင်ကတီထွင်ခဲ့တဲ့ နှလုံးအစားထိုး ကိရိယာတွေရဲ့ အဆင်မပြေမှုတွေကို ကူညီဖြေရှင်းနိုင်ဖို့ ရေရှည်အသုံးတည့်နိုင်တဲ့ နှလုံးအစားထိုး ကိရိယာတစ်ခု တီထွင်ခဲ့ပါတယ်။

အဆိုပါကိရိယာဖြင့် တိရိစ္ဆာန်တွေရဲ့ နှလုံးနေရာမှာ အစားထိုးကုသပြီး အောင်မြင်မှု များစွာရရှိခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ နှလုံးတစ်ခုလုံး အလုပ်မလုပ်တော့တဲ့ အသက်( ၅၅) အရွယ် ကရစ်ဂ်ျလူးဝစ်(Craig Lewis) ရဲ့နှလုံးကို တီထွင်ထားတဲ့ ကိရိယာဖြင့် အစားထိုး ကုသခဲ့ပါတယ်။ (၁၂) နာရီသာ အသက်ရှင်ခွင့်ရှိတော့တဲ့ လူးဝစ် (Lewis )ဟာ နှလုံးအလုပ်မလုပ်ဘဲ (၅) ပတ်ကြာအထိ အသက်ရှင် နေထိုင်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ အခြား နာမကျန်းမှုတွေကြောင့်သာ သေဆုံးသွားခဲ့ခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ဒေါက်တာ ဘီလီ ကွန်း (Dr. Billy Cohn ) နဲ့ ဒေါက်တာ ဘတ် ဖရာဇီယာ(Dr. Bud Frazier)တို့ရဲ့ တီထွင်မှုဟာ လူတစ်ယောက်ကို နှလုံးမခုန်ဘဲ အသက်ရှင်ရပ်တည်နိုင်ဖို့ စွမ်းဆောင်နိုင်ခဲ့တယ် ဆိုရမှာပါ။ ဒီ နှလုံးခုန် ကိရိယာရဲ့ တစ်ခုတည်းသော အားနည်းချက်ကတော့ သာမန်လူတစ်ယောက်လို နှလုံးခုန်သံ မကြားရခြင်းပါပဲ။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဗဟုသုတ တိုးပွားစေခဲ့ရင် Share ။