အောင်မြင်သူတွေရဲ့ ငွေကြေးဆိုင်ရာ ဒဿန (၁၅) ခု

ချမ်းသာကြွယ်ဝမှုဆိုတာ နေ့ချင်းညချင်းဖြစ်တည်လာတဲ့ အရာမဟုတ်ပါဘူး။ ကြိုးစားအားထုတ်မှုနဲ့ ငွေကြေးတွေကို စည်းစနစ်ကျနစွာ အသုံးပြုနိုင်မှသာ ချမ်းသာကြွယ်ဝလာနိုင်တာ မဟုတ်လား။ ဒါကြောင့် အောင်မြင်သူတွေ လက်ခံကျင့်သုံးတဲ့ ငွေကြေးဆိုင်ရာ ဒဿန တွေကို စာချစ်သူတို့ အတွက် တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ ဝါရန် ဘတ်ဖတ် (Warren Buffet)

လူအများစုက အောင်မြင်ချမ်းသာဖို့အတွက် ကြီးကျယ်ခမ်းနားတဲ့ အကြံဉာဏ်တွေရှိဖို့ လိုတယ်လို့ ထင်ကြတယ်။ တကယ်တော့ အောင်မြင်ချမ်းသာချင်တယ်ဆိုရင် စိတ်အားထက်သန်မှု ရှိဖို့က အရေးအကြီးဆုံးပါ။

၂။ ရစ်ချတ် ဗရန်ဆန် (Richard Branson)

အသေးစိတ်အသုံးစရိတ်တွေကအစ ချရေးထားတာဟာ ငွေကြေးကိစ္စတွေကို နိုင်နင်းပိုင်နိုင်စေတဲ့ အခြေခံအကြောင်းတရားပါပဲ။

၃။ စီးလ်ကောမ် (ဘ) Sean Combs

ကိုယ့်ရဲ့ ဖောက်သည်တွေကို အကောင်းဆုံးဝန်ဆောင်မှုပေးပါ။ ထိုက်တန်တဲ့ အမြတ်တွေ ရလာပါလိမ့်မယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ မာခ် ကျူဗန် (Mark Cuban)

ချမ်းသာဖို့အတွက် ပထမဦးဆုံးခြေလှမ်းကတော့ စည်းကမ်းရှိဖို့ပါပဲ။ ငွေများများရှာဖို့ထက် ငွေများများစုနိုင်ဖို့ အတွက် ရှေးရှုပါ ကြီးပွားချမ်းသာလာမှာအသေအချာပါပဲ။

၅။ ဂျက်ဖ် ဘက်ဇောစ် (Jeff Bezos)

အလုပ်ကြိုးစားဖို့ထက် စနစ်တကျနဲ့ မှန်မှန်ကန်ကန်လုက်ဖို့ပါပဲ။ လိုချင်တာတစ်ခုခုမရမချင်း ပန်းတိုင်တစ်ခု သတ်မှတ်ပြီး စနစ်တကျကြိုးစားရင် ကြွယ်ဝချမ်းသာလာမှာ အသေအချာပါပဲ။

၆။ စူးဇ် အော်မန် (Suze Orman)

ယနေ့ခေတ်ကြီးမှာ ငွေချွေတာမယ်ဆိုရင် အထောက်အကူပြုနိုင်တဲ့ အရင်းအမြစ်တွေ အများကြီးပါပဲ။ အင်တာနက်ကို လျှော့ဈေးကူပွန်တွေရဖို့၊ ဒစ်စကောင့်ရရှိနိုင်မယ့် နေရာတွေကို ရှာဖွေဖို့ အရင်းအမြစ်တစ်ခုအဖြစ် အသုံးချပါ။

၇။ ရှားခ် တန့်(ခ)- Shark Tank’s

ငွေရှာဖို့အတွက် ငွေမလိုပါဘူး။ ကျရှုံးပြီးရင် အောင်မြင်မယ် ဆိုတာကို ယုံကြည်ပြီး ကြိုးစားချင်တဲ့ စိတ်လေးပဲလိုပါတယ်။