တက်တက်ကြွကြွ ငွေစုဆောင်းနိုင်စေမယ့် နည်းဗျူဟာများ

blank
၁။ အသုံးစရိတ် အသေးစားလေးကအစ မှတ်သားထားပါ။

အသေးစိတ်အသုံးစရိတ်ကအစ စာရင်းနဲ့ မှတ်ခြင်းက မလိုအပ်ဘဲ ငွေအသုံးပြုမှုကို လျှော့ချနိုင်ပြီး ငွေဘယ်လောက်စုနိုင်လဲဆိုတာ ပိုတွက်မိစေပါတယ်။

၂။ စိတ်ညစ်တိုင်း ဈေးဝယ်ထွက်တာကို လျော့ပါ။

စိတ်ညစ်တိုင်း ငွေသုံးတာက ခဏတာ စိတ်ညစ်ပြေရုံကလွဲပြီး ငွေကုန်ကြေးကျ ပိုများစေပါတယ်။ အဲ့ဒီအစား ဗီရိုရှင်းတာ၊ မီးဖိုခန်းရှင်းတာ၊ အိမ်ကိုဆေးသုတ်တာတွေကို လုပ်လိုက်တာက သင့်စိတ်ကို လန်းဆန်းစေပါတယ်။

၃။ အကောင်းမြင်စိတ်ရှိသူတွေ အနားနေပြီး ဝါသနာပါရာကို လုပ်ပါ။

ပိုက်ဆံတွေသုံးလိုက်တာထက် ဝါသနာပါတဲ့အရာတွေကို လုပ်လိုက်တာက ငွေကုန်သက်သာပြီး စိတ်ချမ်းသာစေပါတယ်။ ဒါကြောင့် မလိုအပ်တာတွေ ထွက်ဝယ် နေမယ့်အစား မိသားစုနဲ့ အချိန်ဖြုန်းတာက ပိုကောင်းပါတယ်။

၎။ ငွေကို ပမာဏနည်းနည်းနဲ့ အကြိမ်များများ စုပါ။

ငွေများများမရှိလို့ မစုမိဘူးဆိုတာက မှားတဲ့အချက်ပါ။ အသုံးစရိတ်တွေကော၊ လုပ်အားခတွေပါ တစ်ပေါင်းတစ်စည်းတည်း စုတာထက် ပမာဏ နည်းနည်းချင်းစီကို မကြာခဏ စုဆောင်းခြင်းက မသိသာနဲ့  ငွေပိုစုမိစေပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ ငွေစုဖို့  စိတ်ပါလာအောင်လုပ်ပါ။

တစ်ကြိမ်လောက် ငွေစုပြီး အကုန်လုံးသုံးလိုက်တာမျိုးထက် ကိုယ်တိုင် ကျေနပ်လောက်စေမယ့် ငွေပမာဏကို စုဆောင်းပါ။ လိုချင်တဲ့ ငွေပမာဏ ဒါမှမဟုတ် တစ်ခုခုကို လိုချင်တဲ့စိတ်တဲ့ ငွေစုမယ်ဆိုရင် ပိုပြီးစိတ်ဓာတ်တက်ကြွလာစေပါတယ်။

၆။ အွန်လိုင်းပေါ်က ငွေစုနည်းတွေ အမြဲလေ့လာပါ။

ငွေကြေးဆိုင်ရာဘလော့တွေကို ဖတ်ခြင်းက စိတ်ကူးစိတ်သန်း ကောင်းတွေနဲ့  ငွေစုဖို့  အလေ့အကျင့်ကောင်းတွေ ရလာစေပါတယ်။

၇။ အကြံဉာဏ်တောင်းပါ။

အောင်မြင်ချမ်းသာနေသူတွေ၊ တတ်ကျွမ်းနားလည်သူတွေရဲ့  အကြံဉာဏ်တွေဆီက အကြံဉာဏ်တွေဟာ သင့်ကို အောင်မြင်စွာ ငွေစုဆောင်းနိုင်ဖို့ အထောက်အကူ ဖြစ်စေပါတယ်။