၂၀၁၉ မှာ ပိုက်ဆံဘယ်လိုစုမလဲ။

blank

ပိုက်ဆံစုမယ် ဆုံးဖြတ်ထားပေမယ့် တစ်ခါမှ မစုဖြစ်ဘူးလား။ ဝင်ငွေမများလို့ သင့်ကိုယ်သင် ငွေမစုနိုင်ပါဘူးလို့ ထင်နေမိပြီလား။ ၂ဝ၁၉ ကို သင် ငွေစုနိုင်တဲ့နှစ်တစ်နှစ်ဖြစ်စေဖို့ နည်းလမ်းကောင်းလေးတွေ မျှဝေပေးလိုက်ပါတယ်နော်။

၅၀/၃ဝ/၂ဝ နည်းလမ်းကို အသုံးပြုပါ။

သင့်ဝင်ငွေရဲ့ ၅၀ ရာခိုင်နှုန်းကို အိမ်အသုံးစရိတ်၊ စားဝတ်နေရေးအတွက် အသုံးပြုပါ။ ၅၀ ရာခိုင်နှုန်းနဲ့ မလောက်ဘူးဆိုရင်လည်း ကိုယ့်ဘာသာ ချင့်ချိန်ပြီး တိုးပါ။ ၃၀ ရာခိုင်နှုန်းကို သင်လိုချင်တာတွေ ဝယ်ပါ။ ၂ဝ ရာခိုင်နှုန်းကိုတော့ ပေးစရာရှိတဲ့အကြွေးတွေပေးပြီး ပိုတာစုပါ။

ရက် ၃ဝ သတ်မှတ်ချက် ထားပါ။

ပစ္စည်းတစ်ခုကို လိုချင်တဲ့အခါ ချက်ချင်းမဝယ်သေးဘဲ ရက် ၃ဝ စောင့်ကြည့်ပါ။ ရက် ၃ဝ ကြာပြီးတဲ့အထိ လိုချင်နေသေးတယ်ဆိုရင်တော့ ဝယ်လိုက်ပါ။ ရက် ၃ဝ စောင့်ပြီးတဲ့အခါမှာ ပစ္စည်းအတော်များများကို မလိုချင်တော့ဘူးဆိုတာ အံ့သြစရာကောင်းအောင်ကို သင် တွေ့လာရမှာပါ။

တစ်ပတ်တာ အစားအသောက်တွေကို ကြိုတင်စဉ်းစားစီမံထားပါ။

ပိုက်ဆံစုနိုင်ဖို့အတွက် အပြင်ထွက်မစားဘဲ အိမ်မှာပဲ စားပါ။ တစ်ပတ်တာ ချက်ဖို့ ပြုတ်ဖို့စာရင်းတွေ လုပ်ထားပါ။ စားသောက်ဆိုင်တွေ အပြင်တွေ မသွားဖြစ်အောင် သွားရည်စာမုန့်လေးတွေလည်း ဝယ်ထားပါ။ အိမ်မှာတစ်နပ်စားလိုက်တိုင်း သင့်စုငွေထဲမှာ တစ်နပ်စာတိုးလာတာပါပဲ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သဘာဝတရားနဲ့ နေထိုင်ကြည့်ပါ။

မီးဖိုချောင်မှာ လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲပါ။ တီဗွီတွေ ကွန်ပျူတာတွေကို အားချွေတာတဲ့စနစ်ဖွင့်ထားပါ။ အချိန်နည်းနည်းကြာတာနဲ့ သင် ဘယ်လောက်စုမိလာတယ်ဆိုတာ တွေ့ရမှာပါ။

စာချစ်သူတို့ကော ပိုက်ဆံစုမိစေဖို့ ဘယ်လိုနည်းလမ်းလေးတွေ သုံးဖြစ်သေးတယ်ဆိုတာကို comment box မှာမျှဝေပေးခဲ့ပါဦးနော်။