ကိုယ့်ဘဝကိုယ် အကောင်းဆုံးပုံဖော်နိုင်တဲ့မိန်းကလေးတွေရဲ့ စရိုက်လက္ခဏာများ

blank

ဂန္ထဝင်ပျိုမေတို့ရေ…

ရှုပ်ထွေးလှတဲ့လောကကြီးမှာ အကောင်းဆုံးနေထိုင်နိုင်ဖို့ဆိုတာ ကိုယ့်ဘဝကိုယ် အကောင်းဆုံးထိန်းချုပ်ပုံဖော်ပြီး ဖြတ်သန်းတတ်ဖို့လိုပါတယ်။ ဒါမှမဟုတ်ရင်တော့ လောကကြီးက ကိုယ့်ဘဝကို ရုပ်သေးကြိုးဆွဲသလို ထိန်းချုပ်သွားတာမျိုးဖြစ်တတ်ပါတယ်။ ဒီတစ်ပတ်မှာတော့  ကိုယ့်ဘဝကိုယ် အကောင်းဆုံးပုံဖော်နိုင်တဲ့မိန်းကလေးတွေရဲ့ စရိုက်လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်ရှင်။

ကိုယ့်ဘဝကိုယ် အကောင်းဆုံးပုံဖော်နိုင်တဲ့မိန်းကလေးတွေက-

၁။ ကိုယ်လိုချင်တဲ့အရာကိုရဖို့ ဘယ်လိုချဉ်းကပ်ရမလဲဆိုတာကို သိကြတယ်။

၂။ ညဘက်အိပ်စက်ချိန်တွေကို ဘာနဲ့မှမလဲနိုင်အောင် တန်ဖိုးထားကြတယ်။

၃။ မနက်ခင်းတိုင်းကို ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပြီး ပေါ့ပါးလန်းဆန်းစွာ ဖြတ်သန်းတတ်ကြတယ်။

၎။ ဘဝမှာ ဘယ်အရာတွေကို ပိုပြီးအရေးပေးသင့်တယ်ဆိုတာကို ကောင်းကောင်းသိထားကြတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ အားနည်းချက်တွေကို အမျှော်အမြင်ကြီးမားစွာ ဖုံးကွယ်ထားတတ်ကြတယ်။

၆။ အပြုံးလှလှလေးတစ်ပွင့်ရဲ့ စွမ်းအားကို ကောင်းကောင်းအသုံးချတတ်ကြတယ်။

၇။ ကိုယ့်ကိုယ်ကို အလှပဆုံးပြင်ဆင်မွမ်းမံတတ်ကြတယ်။

၈။ တစ်ကိုယ်ရေသန့်ရှင်းရေးကို ထိန်းသိမ်းပြီး မွှေးပျံ့တဲ့ ကိုယ်သင်းနံ့လေးတွေ ကိုယ်စီရှိကြတယ်။

၉။ ကိုယ့်ရဲ့ အားသာချက်တွေကို သိရှိပြီး အကောင်းဆုံးအသုံးချတတ်ကြတယ်။

၁ဝ။ ဘဝရဲ့ အရာအားလုံးဆုံးရှုံးသွားရင်တောင် ကိုယ့်ကိုယ်ကို ပြန်လည်ထူမတ်ပြီး ပြန်လည်ကြိုးစားတတ်ကြတယ်။

ဒီတော့ ဘဝကို ပိုင်နိုင်စွာ ထိန်းချုပ်ကိုင်တွယ်နိုင်ချင်တယ်ဆိုရင် အထက်မှာ ဖော်ပြထားတဲ့ အမူအကျင့်လေးတွေ၊ စရိုက်လက္ခဏာလေးတွေ ရှိနေဖို့လိုပါတယ်။

သင့်မှာရော ဘယ်နှချက်ရှိနေပြီလဲ။ Comment box မှာ ဖြေကြားခဲ့ပေးပါဦး။