သင့်ကိုယ်သင်ယုံကြည်မှုတွေချက်ချင်းတိုးလာစေမယ့် နည်းလမ်းကောင်းတစ်ခု

blank

မိတ်ဆွေ…

သင်က အလုပ်အင်တာဗျူးဖြေဆိုတော့မယ့်သူလား။ ဒါမှမဟုတ် တစ်ခုခုကို အောင်မြင်ဖို့ ကြိုးစားနေသူ လား။ ဒီလိုဆိုရင်တော့ သင့်ကိုယ်သင် ချက်ချင်းလက်ငင်းယုံကြည်မှုတွေ တိုးလာစေမယ့် နည်းလမ်းကောင်း လေးကို မျှဝေပေးချင်ပါတယ်။ ဒါက သိပ္ပံနည်းကျနည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။

လူအများစုကတော့ စိတ်ဟာ ရုပ်အပေါ် အကျိုးသက်ရောက်မှုရှိစေတယ်ဆိုတာကို သိထားကြပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်ကလည်း စိတ်အပေါ် အကျိုးသက်ရောက်မှုရှိစေတယ်ဆိုတဲ့ အချက်ကိုတော့ သိကြတဲ့သူတွေ နည်းပါတယ်။ ကြီးမားတဲ့အားကစားပြိုင်ပွဲတွေ စတင်ခါနီးမှာ အားကစားသမားတွေဟာ ဘာကြောင့် သွေးပူလေ့ကျင့်ခန်းလုပ်ကြလဲ၊ မိမိကိုယ်ကိုယ် ဂရုစိုက်တဲ့သူတွေဟာ အိပ်ရာက နိုးတာနဲ့ ဘာကြောင့် လေ့ကျင့် ခန်းလုပ်ကြတာလဲဆိုရင် အဲ့ဒီအကျိုးသက်ရောက်မှုတွေကြောင့်ပါပဲ။ ဒီတော့ သင့်အနေနဲ့ သင့်ရဲ့ခန္ဓာကိုယ်ပိုင်းဆိုင်ရာကို ပြောင်းလဲပေးခြင်းဖြင့် သင့်ဦးနှောက်ကိုလည်း ပိုမိုနိုးကြားထက်မြက်လာအောင် လှုံ့ဆော်ပေးလို့ရပါတယ်။

ကဲ… စရအောင်နော်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ပထမဆုံးအနေနဲ့ သင့်အိမ်က မှန်ရှေ့မှာ ၅ မိနစ်ကြာအောင် ရပ်ပါ။

  • ပထမဆုံး ၃ မိနစ်ကို မှန်ရှေ့မှာ ခေါင်းမော့ရင်ကော့ပြီး ခပ်မတ်မတ်ရပ်ပါ။ ပြိုင်ပွဲကြီးတစ်ခုမှာ အနိုင်ရထားတဲ့သူတစ်ယောက်လို လက်သီးနှစ်ဖက်ကို ဆုပ်ပြီး အပေါ်မြှောက်ပါ။ “ ငါ နိုင်ပြီ” ဆိုတဲ့ စကားလုံးကို ခပ်ကျယ်ကျယ်အော်ပါ။ သင့်စိတ်နှလုံးသားထဲ စွဲသွားတဲ့အထိ ထပ်ခါတလဲလဲ လေးလေးနက်နက် ပြောပါ။
  • ကျန်တဲ့ ၂ မိနစ်ကို စူပါမင်းလို ရပ်ပါ။ “ ငါဟာ စွမ်းအားကြီးသူတစ်ယောက်ဖြစ်တယ်။ ငါ့မှာ ကိုယ့်ကိုယ် ကိုယ်ယုံကြည်မှုလည်း အပြည့်အဝရှိတယ်။ ဘာမဆို ငါလုပ်နိုင်တယ်” ဆိုတဲ့ စကားလုံးကို ထပ်ခါတလဲ လဲပြောပါ။ အဲ့ဒီစကားလုံးတွေပြောနေတဲ့အခါ ခွန်အားချိနဲ့ပြီး စိတ်မပါလက်မပါဖြစ်နေတဲ့ အသံနဲ့ လုံးဝမပြောပါနဲ့။ စိတ်ပါလက်ပါနဲ့ ယုံယုံကြည်ကြည်ပြောပါ။

သင်လိုချင်တဲ့ စိတ်ဓာတ်ခွန်အားတွေ၊ သင့်ကိုယ်သင် ယုံကြည်မှုတွေဟာ သင့်နှလုံးသားထဲကို ချက်ချင်းလက်ငင်း ဝင်ရောက်လာမှာပါ။

စိတ်ဓာတ်ခွန်အားတွေအပြည့်နဲ့ သင်လျှောက်ချင်တဲ့ အနာဂတ်ပန်းတိုင်ဆီ အမြန်ရောက်ပါစေနော်။ စိတ်ဓာတ်ခွန်အားတွေမျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။