ဘာအကြောင်းနဲ့မှ ဘယ်တော့မှ အရှုံးမပေးလိုက်ပါနဲ့။

blank

လူတိုင်းရဲ့ဘဝမှာ ဘယ်လမ်းကိုလိုက်ရမှန်းမသိတဲ့ လမ်းဆုံလမ်းခွအခြေအနေမျိုးကို ရောက်ဖူးကြပါတယ်။

အဲ့ဒီလိုအခြေအနေကြုံတဲ့အခါ အနိုင်ရလိုစိတ်ရဲ့စကားကို နားထောင်ပါ။ အရှုံးပေးလိုတဲ့စိတ်က သင့်ကို လက်ရှိနေရာကနေ အောင်မြင်မှုဆီရောက်အောင် လုံးဝခေါ်ဆောင်သွားပေးမှာ မဟုတ်ပါဘူး။ လူတိုင်းရဲ့ မသိစိတ်မှာ အနိုင်ရလိုစိတ်ရှိနေပါတယ်။ ဒါပေမဲ့ ရှိမှန်းသတိမထားမိကြပါဘူး။

လူအများစုဟာ သာမန်ဘဝမှာ သက်တောင့်သက်သာရှင်သန်နိုင်ဖို့  ကိုယ့်အိပ်မက်တွေကို လွယ်လွယ် စွန့်လွှတ်အရှုံးပေးလိုက်တတ်ကြတယ်။ ဒါပေမဲ့ အဲ့ဒီလူတွေဘာလုပ်တယ်ဆိုတာ သင့်အတွက် အရေးမကြီးပါဘူး။ သင်ဘာလုပ်တယ်ဆိုတာကသာ သင့်အတွက် အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်က ထူးခြားတဲ့သူမို့ပါ။ သင့်အိပ်မက်တွေကို ဘယ်တော့မှ အရှုံးမပေးမယ့်သူမို့ပါ။

အရှုံးပေးလိုစိတ်ရဲ့စကားကို လုံးဝနားမထောင်မယ့်သူမို့ပါ။

သင့်ကိုဘယ်သူမှ မယုံကြည်ရင်တောင် သင့်ကိုယ်သင် အပြည့်အဝယုံကြည်ပါ။

ယုံကြည်စရာအကြောင်းတရားရှိမနေရင်တောင် သင့်ကိုယ်သင် ယုံကြည်ပါ။

သင့်ဘဝမှာ…

ခက်ခဲကြမ်းတမ်းချိန်တွေ ကျော်ဖြတ်ခဲ့ဖူးမှာကို သိပါတယ်။ သင့်အနာဂတ်အတွက်၊ သင့်အလုပ်အ တွက်၊ သင့်မိသားစုအတွက် ဘယ်တော့မှ လက်မလျှော့ဘဲ တိုက်ခိုက်လိုက်ပါ။

သင့်ကိုယ်သင် ယုံကြည်မှုရှိပါ။ ဘာကိုမှ ဘာအကြောင်းနဲ့မှ အရှုံးမပေးလိုက်ပါနဲ့။ ဘဝက ခက်ခဲတာ မှန်ပေမဲ့ ဘယ်တော့မှ လဲကျမခံလိုက်ပါနဲ့။ အားငယ်တွေးတွေကို အဝေးကြီးအထိ ဖယ်ထုတ်လွှင့်ပစ်လိုက်ပါ။ အဲ့ဒီအတွေးတွေက သင့်အောင်မြင်မှုကို ဟန့်တားထားတဲ့ နတ်ဆိုးတွေပါ။ အဲ့ဒီနတ်ဆိုးတွေကို မောင်းထုတ် ပစ်လိုက်ပါ။

ဘာကိုမှ အရှုံးမပေးလိုက်ပါနဲ့။ ဘယ်တော့မှ မလဲကျလိုက်ပါနဲ့။ ဘယ်တော့မှ မျက်ရည်မကျလိုက်ပါနဲ့။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သင်ဟာ သင့်ကြိုးစားမှုနဲ့ရရှိလာတဲ့ အောင်မြင်မှုကို ရယူနိုင်တဲ့သူပါ။ ထိပ်ဆုံးရောက်နေတဲ့ အောင်မြင်မှုတွေကို တခြားအောင်မြင်သူတွေနဲ့အတူ ပိုင်ဆိုင်ခွင့်ရှိတဲ့သူပါ။ လူတိုင်းမှာ မရှိတဲ့ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ ပြည့်စုံပြီးသားသူပါ။

ဒါကြောင့် သင်လိုချင်နေတဲ့ဘဝကို အမြန်ဆုံးရယူပိုင်ဆိုင်လိုက်ပါ။

စိတ်ဓာတ်ခွန်အားတွေ မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။