အေရီယာနာဟက်ဖင်တန် (Arianna Huffington) မျှဝေတဲ့ အောင်မြင်မှုအတွက်စည်းမျဉ်း ၄ ခု

blank

နာမည်ကျော်ဘီလျံနာတစ်ဦးဖြစ်တဲ့ အေရီယာနာဟက်ဖင်တန် (Arianna Huffington) ဟာ အလုပ်အင်မတန်များတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ Huffington Post မီဒီယာကုမ္ပဏီကို တွဲဖက် တည်ထောင်သူ၊ Thrive Global နဲ့ Uber တို့ရဲ့အဖွဲ့ဝင်ဒါရိုက်တာ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်၊ မိခင်၊ စာရေးဆရာမ၊ အောင်မြင်မှုကိုရှာဖွေဖို့လှုံ့ဆော်ဟောပြောသူစတာတွေဟာ သူမပိုင်ဆိုင်ထားတဲ့ ဂုဏ်ပုဒ်တွေပါပဲ။

အောင်မြင်မှုကြီးမားသလောက် သူမမျှဝေခဲ့တဲ့ အောင်မြင်မှုအတွက် အခြေခံစည်းမျဉ်းလေး ၄ ချက်ကတော့ ရိုးစင်းလှပါတယ်။ အဲ့ဒါတွေကတော့…

၁။ အိပ်ရေးဝဝအိပ်ပါ။

၂။ အားကစားလုပ်ပါ။

၃။ တရားထိုင်ပါ။

၎။ ကျန်းမာရေးနဲ့ ညီညွှတ်အောင်စားသောက်ပါ။

အဲ့ဒီအခြေခံ ၄ ချက်ကို လိုက်နာကျင့်သုံးလာပြီးနောက်မှာ သူမရဲ့အလုပ်တွေ ပိုတွင်လာပြီး ရည်မှန်းချက်တွေနောက်ကို လိုက်ရာမှာလည်း အများကြီးပိုလွယ်ကူလာခဲ့တယ်လို့ သူမက ဆိုပါတယ်။ ကျန်းမာရေးကို အဓိကဦးစားပေးခဲ့ခြင်းကပဲ Huffington Post နဲ့အတူ သူမကို အောင်မြင်မှုဆီကို ခေါ်ဆောင်သွားခဲ့ပါတယ်။ သူမဟာ ၂ဝဝ၇ ခုနှစ်မှာ ပင်ပန်းနွမ်းနယ်မှုတွေကို ကြုံတွေ့လာပြီး နောက်မှာ ပထမဆုံးအကြိမ်အဖြစ် ကျန်းမာခြင်းရဲ့ အကျိုးကျေးဇူးတွေကို တန်ဖိုးထားတတ်လာ ခဲ့တာပါ။ အဲ့ဒီနောက်မှာ သူမဟာ သူမချမှတ်ခဲ့တဲ့ နည်းလမ်းတွေအတိုင်း အိပ်ရေးဝဝအိပ်စက်တယ်။ လုံလုံလောက်လောက်အနားယူပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

“ ကိုယ့်မှာ ဘာခွန်အားမှမရှိဘဲ အလုပ်ပဲသိမ်းကျုံးလုပ်နေတာက ကိုယ့်ကိုယ်ကို အဆိုးဆုံး အခြေအနေဖြစ်အောင် ဖန်တီးနေတာနဲ့ အတူတူပါပဲ” လို့ သူမက ဆိုပါတယ်။ သူမရဲ့ခံယူချက်တွေကို သူမရဲ့ ကျန်းမာရေးဝဘ်ဆိုဒ်ဖြစ်တဲ့ Thrive Global မှ ဝန်ထမ်းများကိုလည်း ပြန်လည်မျှဝေပေးခဲ့ပါ တယ်။ သူမရဲ့ဝန်ထမ်းတွေဟာ အနားယူခန်းထဲမှာ တစ်ရေးတစ်မောအိပ်ခွင့်ရကြတယ်။ အပတ်စဉ် အနှိပ်ခံကြတယ်။ အားကစားခန်းမတွေ သွားကြပါတယ်။ ကျန်းမာရေးနဲ့ညီညွှတ်တာတွေကို စား သောက်ကြပါတယ်။

“ အောင်မြင်မှုအတွက် ကိုယ့်ကိုယ်ကို ကျန်းမာအောင်အရင်ဂရုစိုက်ပေးရပါမယ်။ ဒါမှသာ ကောင်းမွန်တဲ့ကျန်းမာရေးက ပိုကောင်းတဲ့ပေါင်းသင်းဆက်ဆံရေးတွေ၊ အောင်မြင်မှုတွေကို စွမ်း ဆောင်ပေးနိုင်မှာပါ” လို့ အေရီယာနာဟက်ဖင်တန်က အောင်မြင်လိုသူတိုင်းအတွက် မျှဝေပေးခဲ့ပါ တယ်။

ကဲ… သင်လည်း အောင်မြင်မှုကိုရှေ့ရှုနေသူတစ်ဦးဆိုရင် ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။