“အခက်အခဲဆိုတာ အလုပ်လုပ်တဲ့ သူတိုင်းမှာ ရှိတယ်” လို့ဆိုတဲ့ ဆရာဝန်အဆိုတော် ဖြူဖြူကျော်သိန်းနှင့် တွေ့ဆုံခြင်း

blank

ဂန္ထဝင်ပရိသတ်ကြီးရေ…။

ဒီတစ်ပတ်ရဲ့ “အောင်မြင်ကျော်ကြား မြန်မာအမျိုးသမီးများ” ဆိုတဲ့ ကဏ္ဍလေးမှာ တင်ဆက်ပေးမယ့်သူကတော့ ဆရာဝန်မလေး အဆိုတော် ဖြူဖြူကျော်သိန်းပါ။ ကျောင်းစာမှာလည်း ထူးချွန်တဲ့အပြင် ဂီတလောကမှာလည်း အောင်မြင်နေတဲ့သူတစ်ယောက်ပါ။ သူမဘဝရဲ့ ကြိုးစားမှု၊ ခံယူချက်တွေကို ဂန္ထဝင်စာဖတ်ပရိသတ်ကြီးတို့ သိရှိအတုယူနိုင်စေဖို့ တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ မင်္ဂလာပါ မဖြူ။ အရင်ဆုံး အစ်မရဲ့အကြောင်းလေးကို ပရိသတ်ကြီးပိုသိသွားအောင် ပြောပြပေးပါဦးနော်။

ဖြူဖြူ့ကိုတော့  ချစ်ပရိသတ်များက ဆရာဝန် ဖြူဖြူကျော်သိန်း လို့သိကြပါတယ်။ ယခု လက်ရှိ အချိန်မှာတော့ ဖြူဖြူက ဆရာဝန်တစ်ယောက်အနေနဲ့ တာဝန် ထမ်းဆောင်ခြင်းတော့ မရှိပါဘူး။ အဆိုတော် တစ်ယောက်အနေနဲ့ပဲ အသက်မွေးဝမ်းကြောင်း  ပြုပြီးတော့ ရပ်တည်နေတာကတော့  တော်တော် ကြာနေပါပြီ။ ဖြူဖြူရဲ့ အဆိုတော် သက်တမ်း ဂီတသက်တမ်းက  အခုနှစ်ထဲမှာဆို (၁၅) နှစ်ရှိပါပြီ။ အဖေနဲ့ အမေကတော့  စီးပွားရေး လုပ်ငန်းရှင်တွေ စီးပွားရေး ဘွဲ့နဲ့ ရခဲ့ကြတယ်။ ဖြူဖြူတို့ မိသားစုကတော့ ရိုးရိုး သာမန်  အစိုးရ ဝန်ထမ်း မိသားစုပါ။ ပညာရေးကိုလည်း အားပေးတဲ့ မိသားစုလည်းဖြစ်ပါတယ်။ ဖြူဖြူရဲ့ အစ်မ မမညိုကိုတော့ နှလုံးခွဲစိတ်အထူးကု  ဆရာဝန်တစ်ယောက်အနေနဲ့ ပရိသတ်တွေ သိကြတယ်။ နောက်ပြီးတော့ ဖြူဖြူရဲ့ ပရိသတ်တွေ ကြိုက်တဲ့ဝတ်စုံလေးတွေကို ဖန်တီးပေးတဲ့ ဒီဇိုင်း လုပ်ပေးတဲ့ အစ်မအနေနဲ့လည်း သိကြပါတယ်။

၂။ သီချင်းဆိုတာကို ဝါသနာပါမှန်း ဘယ်အရွယ်ကစပြီး ကိုယ့်ကိုယ်ကို သတိထားမိခဲ့တာလဲ။

ဖြူဖြူ အသက် (၃)(၄) နှစ် အရွယ်ကစပြီးတော့ဖြူဖြူက  ဂီတကို သိပ်သဘောကြတယ်။ အဲဒါ ဘယ်လို စသိလာလဲဆိုတော့ ယုံကြည်သူ ခရစ္စယာန် မိသားစုကနေ မွေးဖွားတာကြောင့် မူလတန်း မတက်ခင် (၃)နှစ် (၄)နှစ် ဆိုရင် ဖြူဖြူတို့ ဒီ Sunday school ဆိုတာ ရှိတယ်။ အဲဒီမှာ စပြီးတော့ ဘုရားသီချင်းလေးတွေသင်ပေးတယ်။ ပြဇာတ်လေးတွေ perform လုပ်ရတယ်။ အဲ့ဒီလိုဘုရားသီချင်းလေးတွေကနေစပြီးတော့ ဂီတနဲ့ စပြီးရင်းနှီးလာတယ်ပေါ့နော်။ သီချင်းဆိုနေကနေရရင်ကို အရမ်းပျော်တယ်။ အဲ့ဒီ activity တွေမှာ ပါနေရရင် အရမ်းသဘောကျတယ်။ အဲဒီမှာစပြီးတော့ သတိထားမိတယ်။ နောက်တစ်ခါ ဖေဖေတို့မေမေတို့က ပညာရေးအသိုင်းအဝိုင်းပေါ့။ ပညာကို ဦးစားပေးတယ်။ ပညာနဲ့အသက်မွေးဝမ်းကျောင်းပြုကြတယ်။ ဖေဖေရောမေမေနှစ်ယောက်စလုံးက စီးပွားရေးပညာနဲ့ ဘွဲ့ရကြတယ်။ ပြီးတော့ ရိုးရိုးသာမန်မိသားစုကနေ ပေါက်ဖွားလာတယ်။ သူတို့က အမြဲတမ်းပြောလေ့ရှိတာက သမီးတို့ နှစ်ယောက်ကို မေမေနဲ့ ဖေဖေက သူတို့ အဓိက ပေးနိုင်တဲ့အရာက ပညာအမွေ ဖြစ်တယ်။ ပညာအမွေလို့ပြောတဲ့နေရာမှာ အခုလိုမျိုး ဆရာဝန်ဖြစ်ရမယ်။ အင်ဂျင်နီယာ ဖြစ်ရမယ်ဆိုတာထက်မျိုးထက် သူတို့ပြောတဲ့ Defination သည် ပညာတတ်ဆိုတာ အသိဉာဏ်ပညာ ဗဟုသုတနဲ့ပြည့်စုံသော နောက်ပြီးတော့အမှားအမှန်ဆင်ခြင်တုံတရား ကိုယ်တိုင်ခွဲပိုင်းဖြတ်ဝေဖန်သုံးသပ်နိုင်သော သမီးများအဖြစ် ဖြူဖြူတို့ကို ပြုစုပျိုးထောင်ပေးတယ်။

အဲ့ဒီလိုနဲ့ ဖြူဖြူ ဆယ်တန်း high school အောင်ပြီးတဲ့ အချိန်မှာ အမှတ်မြင့်မြင့်နဲ့ အောင်ခဲ့တယ်။ ကိုယ်ရှေ့မှာလည်း မမညိုက (၉၁) မှာ The whole bumar first နဲ့ ဆယ်တန်းအောင်ခဲ့တယ်။ မညိုကိုယ်တိုင်းကလည်း ဆေးကျောင်းမှာ ဆရာဝန် တစ်ယောက်လည်း ဖြစ်တယ်၊ စာလည်း အရမ်း တော်တဲ့သူ ဖြစ်တယ်။ ကိုယ် ငယ်ငယ်ကလေးကလည်း ငါက ပညာတတ်ကြီး ဆရာဝန်မကြီ်း တစ်ယောက် ဖြစ်ရမယ်။ အဲ့ဒီလို စိတ်ကလေးလည်း ရှိတယ်။ ဒီ အလုပ်သည်  မွန်မြတ်တဲ့ အလုပ်ဖြစ်တယ်ကို ကိုယ်သိတယ်။ ဆယ်တန်းအောင်ပြီဆိုတဲ့ အခါကျတော့ တစ်ဖက်ကလည်း ဖြူဖြူက သီချင်းဆိုရတာကို အရမ်း ဝါသနာကြီးမယ်၊ passion ရှိမယ် သိတယ်။

၃။ မဖြူရဲ့ ဂီတလက်ဦးဆရာတွေက ဘယ်သူတွေလဲ။ ပြီးတော့ သူတို့ရဲ့ လမ်းပြပေးမှုတွေကြောင့် မဖြူဘယ်လောက်ထိ ဂီတမှာထူးချွန်အောင်မြင်ခဲ့ရတာလဲဆိုတာကိုလည်း ပြောပြပေးပါဦးနော်။

နံပါတ်(၁) ကတော့ ဘဝအတွက် လက်ဦးဆရာကတော့ ကိုယ့် မိဘပေါ့နော်။ ပြီးလို့ရှိရင် ဖြူဖြူရဲ့ ရှေ့မှာရှိတဲ့ ဖြူဖြူရဲ့ မမ အစ်မ မမညို  ပေါ့။ နောက်တစ်ခါကျတော့ အဆိုပိုင်းတွေ ပတ်သက်လို့ရှိုရင်တော့ ကိုယ်ငယ်ငယ်လေးက အားကျပြီး နားထောင်ခဲ့တဲ့  ပြည်တွင်း ပြည်ပက အဆိုတော်တွေလည်း ပါသလို နောက်ပြီးတော့ ကိုယ့်ကို ပထမဦးဆုံး စပြီးတော့ သင်ကြားပေးတဲ့ ဓမ္မတေး သံစုံက conductor တွေ၊ စန္ဒယား သင်ပေးတဲ့ သူတွေပေါ့နော် ၊ ကိုယ်ရဲ့ အသက်အရွယ်ပေါ် မှုတည်ပြီးတော့ ကိုယ်ရဲ့  အသံက ပြောင်းလဲ ရင့်ကျက်တယ်လေ။ အဲဒီ ကိုယ်ရဲ့ အသံပြောင်းခြင်းပေါ် မှုတည်ပြီးတော့ ကိုယ့်ကို သင်ပေးခဲ့ ကြတာ။ ဒါပေမဲ့ formally သင်ဖူးတာတော့ မဟုတ်ဘူး။ ပြောရလို့ရှိရင်တော့ ဘုရားကျောင်းမှာ anthem ဆိုရင်းနဲ့ သင်ယူတာ ရှိတယ်၊ အဲဒီကနေပြီးတော့ ဆရာသမားတွေကနေပြီးတော့ tracking တွေ သင်ပေးတာတွေ ရှိတယ်။ နောက် ဆယ်တန်းအောင်ပြီးတဲ့ အချိန်မှာကျတော့ ဆရာ ဦးစောနုရဲ့ အဆိုသင်တန်းကို ဖြူဖြူ တစ်နှစ်ခွဲလောက် သွားပြီးတော့ သင်ယူတယ်။ ပြောရမယ်ဆိုလို့ရှိရင် ကိုယ်အရမ်း passionate ဖြစ်တဲ့ နောက်ဖြစ်တဲ့ ဒီ ကျွန်တော် ယခု professional အနေနဲ့ ရပ်တည်နေတဲ့ အဆိုတော် အလုပ်ကို ဒီ ဂီတ ပညာဆိုတဲ့ အရာကို  ကိုယ်နိုင်ငံရဲ့ အနေအထားအရ ကိုယ်ဘဝပေး အခြေအနေအရ ဘယ်မှာမှ formally train အလုပ် မခံရဘူး။

ကိုယ် ဆယ်တန်းအောင်ပြီးတဲ့ အချိန်မှာ တစ်ခုခု စဉ်စားကြတယ်ပေါ့နော်။ မိဘတွေကလည်း ဖြူဖြူက ဒါကိုအရမ်း ဝါသနာပါမှန်းလည်း သိကြတယ်။ ဖြူဖြူက ဆယ်တန်းကို အမှတ်မြင့်မြင့်နဲ့ အောင်ထားတဲ့အခါကျတော့ ဒီ academic  လိုင်းတစ်ခုခုကိုလည်း လိုက်စေချင်တယ်။ ဒါပေမဲ့ သူ အရမ်းဝါသနာပါတဲ့ တစ်ခုခုကိုလည်း မိဘက ပံ့ပိုးစေချင်တဲ့ အခါကျတော့ စဉ်စားကြတယ်ပေါ့နော်။  ဂီတ တက္ကသိုလ်တို့ ဂီတ သင်တန်းကျောင်းတို့ တက်မှာလားလို့ ကျတော့ တော်ရုံတန်ရုံတော့ မဟုတ်ဘဲနဲ့ ဒါက ကောင်းကောင်းမွန်မွန် မြင့်မြင့်မားမားလေး သင်ယူတက်မြောက်စေချင်ကြတယ်လေနော်။ မိဘတွေကလည်း ကိုယ့် သားသမီးကို အဲ့ဒီလိုပဲ  ဖြစ်စေချင်တယ်။ ကိုယ်သည်လည်း အဲလို သေချာ သင်ယူတတ်မြောက်ပြီးမှ အလုပ် လုပ်ရတာမျိုး လုပ်ချင်တယ်။ အဲ့ဒီတော့  သေချာ စဉ်စားကြတယ်။  အနုပညာကျောင်း၊ အနုပညာ တက္ကသိုလ်၊ ဂီတ တက္ကသိုလ်ဆိုတာမျိုး ရှိလားဆိုတော့ ဗမာပြည်မှာ မရှိဘူး။ Pravite  school အဲ့ဒီလိုမျိုးတွေ ရှိလားဆိုတော့လည်း မရှိဘူး။ တစ်ခုတော့ ရှိတယ် ယဉ်ကျေးမှု တက္ကသိုလ်။ ဒါပေမဲ့ ဘာဖြစ်လည်း ဆိုတဲ့အခါကျတော့  ဖြူဖြူ ကြီးပြင်းလာတဲ့ ဝန်းကျင်ကတော့ international classical ကို ရင်းနှီးတဲ့ ပတ်ဝန်းကျင်နဲ့ ကြီးပြင်းလာတယ်၊ Church ဘုရားကျောင်းမှာကျတော့ classical တွေ၊ သံစုံတွေက  international school music နဲ့ သင်ကြတယ်၊ technic ကအစ သင်ပေးတယ်။ ဒါပေမဲ့ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှု တက္ကသိုလ်က international music ကိုလည်း သင်တော့သင်ပေးတယ်။ ဒါပေမဲ့ main major ပုံစံအတိုင်း သွားတာမျိုးတော့ မဟုတ်ဘူး။ မြန်မာ traditional instrument တွေနဲ့ ဒီ music တွေနဲ့ composing တွေနဲ့ အဓိက ထားပြီးတော့ သင်ပေးတာ။ ကိုယ်သွားချင်တဲ့ international classical အမှန်အတိုင်းပြောရမယ်ဆိုရင် ဖြူဖြူက opera ဆိုတဲ့ musical ဆိုတဲ့ classical အဆိုတော် တစ်ယောက် အရမ်းဖြစ်ချင်ခဲ့တာ။ ဒါပေမဲ့ အဲလိုတွေ ဖြစ်ဖို့ဆိုတာ သူတို့ နိုင်ငံမှာ ကလေးကို ငယ်ငယ်လေးတည်းက train ပေးခဲ့ကြတာ၊ သူတို့ နိုင်ငံတွေ ဆိုတာက  ဂီတ တက္ကသိုလ်၊ ဂီတကျောင်းတွေဆိုတာ ပေါ်ပေါက်လာတာ နှစ်(၈ဝဝ) လောက်တောင် ရှိပြီဆိုတဲ့ နိုင်ငံတွေပေါ့နော်။ အနေအထား အရမ်းကွာတယ်။ ယဉ်ကျေးမှု တက္ကသိုလ်တက်မယ်ဆိုရင်လည်း ကိုယ်သွားချင်တဲ့ trend ပုံစံ မဟုတ်ဘူး၊ နိုင်ငံခြားသွားပြီးတော့ သင်ယူနိုင်မှာလားဆိုတဲ့ အခါကျတော့လည်း ကိုယ့်ရဲ့ ဘဝပေးအခြေအနေ ပြန်ကြည့်ရပြန်တဲ့ အခါမှာ ဖြူဖြူတို့ မိသားစုသည် ရိုးရိုးသာမန် ပြည်သူ ဝန်ထမ်း မိသားစု ဖြစ်တယ်။ နိုင်ငံရပ်ခြားကို သွားပြီးတော့ သိပ်အနုစိတ်ပြီးတော့ကိုယ့်နိုင်ငံအတွက်ဆို သိပ်မသေချာတဲ့ ပညာရပ်တစ်ခုဖြစ်တဲ့ အနုပညာဂီတဆိုတဲ့ဟာကို အဲဒီခေတ်အခါက ပိုက်ဆံကို သိန်းရာချီကုန်ခံပြီးတော့ သွားဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ လက်တွေ့ကျကျပဲ ရွေးချယ်တယ်။ အဲဒီတော့ ငါ့  academic  လိုင်းကိုပဲ ယူပြီးတော့ ငါ့ လုပ်နိုင်တဲ့ဟာ ယူလိုက်တော့မယ်။ ဒါပေမဲ့ ဒီ passion အရ ကိုယ်နိုင်တဲ့အခါ ကြုံခဲ့လို့ရှိရင်တော့ ဂီတကို လုပ်နိုင်သလောက် လုပ်မယ်ပေါ့နော်။ တစ်ဖက်ကလည်း ဖြူဖြူ ဘုရားကျောင်းမှာ ဦးစောနုတို့နဲ့ရော၊ ကိုယ့်ဆီက ဖြစ်နိုင်သလောက် လက်လှမ်းမီသလောက်ကို လုပ်ဖို့ ကြိုးစားတယ်။ တစ်ဖက်ကလည်း ဒီ academic လိုင်းဖြစ်တဲ့ ဆရာဝန် လိုင်းကို အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင်လို့ လေ့လာလိုက်စား သင်ယူတယ်။ အဲဒီကနေပြီးတဲ့ အခါကျတော့မှ Third MB ရောက်တယ်ပေါ့နော် ဖြူဖြူတို့ဆေးကျောင်းမှာ စကားတစ်ခု ရှိတယ်၊ Second MB  အောင်လို့ရှိရင် ဆရာဝန် ဖြစ်ဖို့က တစ်ဝက်သေချာတယ်တဲ့၊ အဲဒါဆိုတဲ့အခါကျတော့ OK SECOND MB  ပြီးဆိုတော့ မေမေနဲ့ ဖေဖေတို့ကလည်း သူတို့ရဲ့ သမီးလေး အရမ်းကို passionate ဖြစ်တဲ့သိပ်ဝါသနာပါတဲ့  တစ်ခု သူလုပ်ချင်ရှာတာပဲ သူလည်း ဒီ academic လမ်းကြောင်း တစ်ခုကို ရောက်နေပြီ။ သူ စိတ်ပြေလက်ပျောက်ဖြစ်အောင်လုပ်ပါစေပေါ့/ သူ ဒီလောက် ဝါသနာပါတာ ဆိုပြီးတော့ သူတို့ နိုင်သလောက်လေးကို မေမေရယ် ဖေဖေရယ် ဦးလေး၊အဒေါ်ကနေပြီးတော့ သူတို့နိုင်သလောက်ကနေပြီးတော့ ပူးပေါင်းပြီးတော့ ဖြူဖြူကို ဒီ “လုံးဝမသက်ဆိုင်တော့ပါ” ဆိုတဲ့ အခွေလေး ထုတ်ဖို့ စပြီးတော့ ခွင့်ပြုလိုက်တယ်ပေါ့။

အဲ့ဒီလို ခွင့်ပြုလိုက်တဲ့ အချိန်မှာဖြူဖြူက ငါ့ ဘဝမှာ ပထမဦးဆုံး တစ်ခေါက်တည်းပဲ ရတဲ့ အခွင့်အရေးမျိုး မဖြစ်ဘူးနော်၊ င့ါ  အဲဒီ အချိန်အခါတုန်းက ငါ့ အရမ်းကြိုက်တဲ့ Iron cross တွေကို ငါ့ တီးမယ်၊ ဆိုမယ်ပေါ့နော်။ Main stream လုံးဝ မဟုတ်တဲ့ ဟာကို ကိုယ်စပြီးတော့ လုပ်ခဲ့တယ်၊ ဘာလို့ main strem မဟုတ်တဲ့ ဟာလို့ပြောလို့ရှိရင်တော့ အခုအချိန်မှာတော့ ဖြူဖြူ ရပ်တည်လုပ်ကိုင်နေတာကတော့ ဖြူဖြူသည် main stream ထဲက အဆိုတော်လို့ ပြောလို့ ရမယ်။ ဒါပေမဲ့ ဒီနှစ် main stream ထဲက အဆိုတော် တစ်ယောက် ဖြစ်လာဖို့အတွက် စခဲ့ရတဲ့ လွန်ခဲ့ ၁၅ နှစ်က ဇတ်လမ်းက main stream တွေ လုပ်ပြီး စခဲ့တာမဟုတ်ဘူး။

၎။ အစ်မရဲ့ အဆိုတော် သက်တမ်း(၁၅) နှစ်အတွင်းမှာ အမှတ်တရလေးတွေကို ပြောပြပေးပါဦး။

ဖြူဖြူ ဒီ လောကထဲကို ဝင်လာတဲ့ပုံကလည်း main streem ပုံစံ မဟုတ်ဘူး။ ဘာဖြစ်လို့ အဲဒီလိုပြောတာလည်းဆိုရင်တော့ လွန်ခဲ့ (၁၅) ခေတ်ဆိုလို့ရှိရင် copy သီချင်းတွေပဲ ခေတ်စားတဲ့ အချိန်၊ copy သီချင်းမှာမှ ပြန်ဆိုတေး ၊ ပြန်ဆိုတေးတောင်းမှ နှစ်ခါကျော် ပြန်ဆိုတေးကိုမှ ခေတ်စားတဲ့ အချိန်။ နောက်ပြီး မိန်းကလေးတွေ တစ်ကိုယ်တော် အဖွဲ့တွေ အရမ်းကို ရှားတဲ့ အချိန်၊ဖြူဖြူကို အဲဒီ အချိန်တုန်းကဆိုလို့ရှိရင် ဒီ လောကထဲ senior တွေက ပြောကြတယ်။ ဖြူဖြူ နင် အရမ်း မိုက်မဲတယ်ပေါ့နော်။ အတွဲခွေလေးကနေပြီးတော့ ပြန်ဆိုတေး တစ်ပုဒ်၊ နှစ်ပုဒ် စဆိုရင်းကနေ စလုပ်ကြည့်လို့ ကိုယ်ကို အကြံဉာဏ်ပေးတယ်။ ဒါပေမဲ့ တစ်ကိုယ်တော် ခွေပဲ  လုပ်ချင်တယ်။ အဲဒီခေတ်တုန်းက  ဖြူဖြူတို့ copy တွေ၊ own tune တွေ သိကြတာ မဟုတ်ဘူး။ ကိုယ့်ကျမှ စာသားအသစ်မျိုးပေါ့နော်။ လုံးဝ အသစ် အကုန်ပြန် အသစ်ပြန်ရေးပြီးတော့ ကိုယ်ဆိုချင်တဲ့အတိုင်းစာသား အကြောင်းအရာ ဇာတ်လမ်းတွေ ဆိုတယ်ပေါ့နော်။ အဲ့ဒီတော့ ဖြူဖြူကို သူတို့က ပြောကြတယ် နင်လုပ်တာသိပ်များနေပြီပေါ့နော်။ သိပ်အသစ် ဖြစ်နေပြီပေါ့နော်။ နောက်တစ်ခါ ဆိုပုံ  technique ဖြူဖြူကကျတော့ ဘုရားကျောင်းမှာ ကိုယ်အမြဲတမ်းဆိုနေကျဖြစ်နေတဲ့ အတွက်ကြောင့် ဖြူဖြူက လည်ချောင်းနဲ့ မဆိုဘူးပေါ့နော်။ ရင်ခေါင်းထဲကနေ ဆိုတယ်။ အဲဒါလည်း အသံ အသစ်တစ်မျိုးလို ဖြစ်တယ်။ အဲ့ဒီတော့ technique အသစ်၊ နောက်ပြီးတော့ စင်ပေါ်တက်တော့ မိတ်ကပ်တွေချယ်၊ အမြီးတွေ၊ အတောင်တွေတပ်ပြီး စဉ်ပေါ်မှာဟိုပြေး ဒီပြေး ဆိုတဲ့ အခါကျတော့ ဖြူဖြူကိုလည်း နောက်ဝင်လာတဲ့ trend ထဲကပေါ့နော်။ နောက်တစ်ခုက ဘာရှိသေးလဲဆိုတော့ ကိုယ်က IC ရဲ့ studio အသံသွင်းတဲ့ အခန်းတစ်ခုမှာပဲ ဖြူဖြူကို IC ဆရာသမားတွေက နေပြီးတော့ ဒီ အသံကို ကြိုက်တယ်၊သိပ်ထူးခြားတယ်ပေါ့နော်။ နင်ဆိုတာ ကောင်းတယ် ငါတို့ ကြိုက်တယ်ပေါ့နော်။ နင့်ကို ငါတို့ music အဆိုတော် အသစ်တစ်ယောက် အနေနဲ့opening sing ဆိုခိုင်းမယ် နင့် ဆိုမလားဆိုပြီးတော့ ကိုယ်ကို အခွင့်အရေး အကြီးကြီး ပေးခဲ့တာ။ အဲဒီ ခါကျတော့ ဘုမသိ ဘာမသိနဲ့ပေါ့နော်။ လုပ်ကြည့်မယ် ငါ့အရမ်းကြိုက်တဲ့ စင်ပေါ်မှာ ဆိုရမှာပေါ့နော်။ အကောင်း ဆုံး ပြင်ဆင်မယ်ပေါ့ဆိုပြီးတော့ပဲ အဲဒီ အချိန်တုန်းက အဲ့ဒီလိုပေါ့နော် အဖြူ ဝမ်းဆက်နဲ့ မိတ်ကပ်တွေလိမ်းပြီးတော့ အမြီးဖားဖားနဲ့ တက်ပြီးတော့ ဟိုပြေး ဒီပြေးဆိုတဲ့ အဆိုတော်လည်း မရှိသေးဘူး။ ကိုယ်ကတော့ တမင်လုပ်ခဲ့တာ မဟုတ်ဘူး။ ဘာလို့လည်းဆိုတော့ ဖြူဖြူ ငယ်ငယ်လေးကနေ ကိုယ်ကြိုက်တဲ့ ကမ္ဘာကျော် အဆိုတော်တွေပေါ့နော်။ သူတို့တွေဆို သူတို့မှာ own style ရှိတယ်။ တစ်ခုခုတော့ own creation တော့ရှိတယ်။ အဲဒါတွေကမှ အမှန်ဆိုတာ ကိုယ် သိထားတယ်လေနော်။ အဲ့ဒီတော့ ကိုယ်တတ်သလောက် မှတ်သလောက် လျှောက်လုပ်ကြည့်တာပေါ့။ ဖြူဖြူ စပေါ်လာတဲ့အချိန်မှာ ပရိသတ်တွေရဲ့Media ကနေပြီးတော့ ဖြူဖြူကို လှိုက်လှိုက်လှဲလှဲ အားပေးခဲ့ကြတယ်။ အဲဒီ ခေတ်အခါမှာ industry က အထူးအဆန်းလို သတ်မှတ်တဲ့ ဟာကို သူတို့ ယုံယုံကြည်ကြည်နဲ့ ရင်ဖွင့်ပြီး အားပေးခဲ့ကြတယ်။ ကိုယ့်ကို စတင်ပြီးတော့ လက်ခံအားပေးတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်တယ်။ တချို့ ပရိသတ်တွေဆို သူတို့ အရင်တုန်းက ရှေးဟောင်းနှောင်းဖြစ်လေးတွေကို လာပြီးပြောကြတာရှိတယ်။ မဖြူကို အဲဒီချိန် အဲ့ဒီတုန်းက အစပေါ်တဲ့ အချိန်ကနေကြိုက်တာ IC ပွဲမှာတွေဖူးတဲ့ အခါကတည်းကကြိုက်တာ လိုလေးလိုလေးဆိုတဲ့ ကြော်ငြာလေးကို တွေ့ဖူးတဲ့အခါကကြိုက်တာ။ တချို့ကလည်း မမကို အတွင်းကြေသီချင်းဆိုကတည်းကကြိုက်တာ အဲ့ဒီ ပုံစံအသစ်ကို တစ်အိမ်လုံးနဲ့ တိုက်ခိုက်ပြီး ကြိုက်ခဲ့ရတာ ၊ရည်စားနဲ့ တောင် အခွဲခံပြီး ကြိုက်ခဲ့ရတာ။ သူငယ်ချင်းတွေနဲ့ ရန်ဖြစ်ပြီးတော့ ကြိုက်ခဲ့ရတာ အဲလို စသဖြင့်ပေါ့နော် ဖြူဖြူကို ကြိုက်ခဲ့ရတာ။  အခုတော့ တစ်အိမ်လုံးကတောင် ပရိသတ်တွေ ဖြစ်နေကြပြီ။ လာလာ ပြောကြတာရှိတယ်။ ကိုယ်က အဲလိုမျိုး ကြားရရင်လေ စိတ်က အရမ်း ပီတိဖြစ်ပြီးတော့ ဝမ်းသာတယ်။

၅။ အနုပညာအပြင် အခြားစိတ်ဝင်စားတဲ့အရာလေးတွေအကြောင်း ပြောပြပေးပါဦး။

အစ်မ သီချင်းဆိုရတာကို ကြိုက်တယ်။ အစ်မက စာအုပ် ဖတ်ရတာ ကြိုက်တယ်၊ ရုပ်ရှင် ကြည့်ရတာကို ကြိုက်တယ်။ အစ်မက စဉ်စားရတာ ကြိုက်တယ်။ အစ်မ ဘဝမှာက အလွန်ဆုံးက စဉ်းစားနေရတာပဲ ဖြစ်နေတယ်။ တချိန်ချိန်လုံး စဉ်စားတာ။ ဘာမဆို အကုန် စဉ်းစားတယ်။ အဓိက main ကတော့ အလုပ်ပေါ့နော်။  ဒီ သီချင်း၊ fashion၊  နောက်ပြီးတော့  သြော် ငါ့ ဟုတ်ပြီ ငါ ဒီ interview ကို  အကျိုးရှိအောင် ဘယ်လို ဖြေမယ် လူတွေအတွက်ပေါ့ ။ စဉ်းစားတာ အစ်မ အလုပ်ဆုံးပဲထင်တယ်။ တစ်ခုခု တွေ့လိုရှိရင်လည်း အဲဒါကိုပဲ တွေးပြီး စဉ်းစားနေတယ်။ ဓာတ်မီးတွေ့လည်း စဉ်းစားနေတယ်။ ဒါ ဘယ်မှာ ဘယ်လို ဘယ်လို သုံးတယ်။  တစ်ချိန်လုံး စဉ်းစားနေတာပါ။

၆။ လွန်ခဲ့တဲ့ (၁ဝ) နှစ်က အစ်မကိုယ်အစ်မ ပြန်ပြီး ဆုံးမခွင့် ရရင် ဘာစကား ပြန်ပြောမှာလဲ။

ဘာမှ ပြောစရာ မရှိဘူး။ အဲဒီ လွန်ခဲ့တဲ့ (၁ဝ) က သူ အဲဒါတွေ လုပ်ခဲ့ထားလို့ ဒီနှစ်ကို ဒီလို ဖြစ်နေတာ။ ကျေနပ်တယ်။ သူလုပ်ခဲ့သမျှ အမှန် အမှားတွေရော အကုန်လုံး  ထောက်ခံတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖြူဖြူက အရင်ပြောတဲ့အတိုင်းပေါ့ ရေတို  ဘယ်တော့မှ မကြည့်ဘူး။ တစ်နေ့ကျရင် ကိုယ် ဘယ်လို ဖြစ်ချင်လဲဆိုတာကို ဘယ်လို ခေါ်မလဲ အတိအကျ ပုံဖော်ထားတာတော့ ဟုတ်ချင်မှ ဟုတ်မယ်။ ဒါပေမဲ့ ကိုယ် မဖြစ်ချင်တဲ့အရာတွေ မဖြစ်ဖို့အတွက်ကိုတော့  အမြဲတမ်း စဉ်းစားမှုတွေ ဆုံးဖြတ်မှု သေးသေးတိုင်းမှာ ဂရုတစိုက် လုပ်တယ်။ ဖြူဖြူ့မှာ ဘယ်ဟာကိုမလုပ်ဘူးဆိုတာတော့ ရှိတယ်။ အဲ့ဒီလိုနဲ့ပဲ အဲ့ဒါလေးတွေကို ကိုယ့် etiquttee နဲ့ ကိုယ်သွားချင်တဲ့ definition လေးတွေနဲ့ သွားရင်းနဲ့တစ်နေ့ကျရင် ကိုယ်ပုံဖော်ထားတဲ့ဟာ ကိုယ်မလိုချင်တဲ့ ပုံစုံဖြစ်နေမှာ မဟုတ်ဘူးဆိုတာ ယုံကြည်တယ်။ အဲ့ဒီတော့ လွန်ခဲ့တဲ့ ဆယ်နှစ်က ဖြူဖြူကျော်သိန်းကိုပြောရရင်တော့ You did a great job လို့ပြောချင်ပါတယ်။

၇။ နောက် (၅)နှစ်မှာ လာမဲ့ ဖြူဖြူကျော်သိန်းကို ဘာ အမှာ စကားပြောချင်လဲ။

ဒီနေ့ ဖြူဖြူကျော်သိန်းထက် မနက်ဖြန်ဖြူဖြူကျော်သိန်းက အများကြီး ဟို ပိုပြီးတော့ ရင့်ကျက်တဲ့၊ ပိုပြီးတော့ တော်တဲ့ ၊ ဂါတဲ့၊ ပိုပြီးတော့ ကောင်းတဲ့ better way ဖြစ်နေတဲ့ ဖြူဖြူကျော်သိန်း ဖြစ်စေချင်တယ်။ အဲလို ဖြစ်ဖို့အတွက် ဖြူဖြူ အခု အမြဲတမ်း အကောင်းဆုံး အတတ်နိုင်ဆုံး ကြိုးစားနေရမယ် ဆိုတာ ဖြူဖြူ သိတယ်။ အမြဲတမ်း ဂရုတစိုက် ကြိုးစားရမယ်။ အသေးစိတ် စဉ်းစား ရွေးချယ်မှုတွေ ဆုံးဖြတ်မှုတွေက အစ everything matter ဆိုတာ ဖြူဖြူ သိတယ်။ အဲ့ဒီလိုပဲ အမြဲတမ်း လုပ်နေတယ်။ နောက်ပြီးတော့ ဖြူဖြူ အလုပ် လုပ်တိုင်း ပြောလေ့ရှိတာ တစ်ခုရှိတယ်။ ဒီနေ့ ဒီနေရာမှာ နေနေတယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်(၅) က အဲ့ဒီတော့ ဒီနေ့ အလုပ်လုပ်နေတယ် ဆိုတာက အခုအတွက် မဟုတ်ဘူး၊ နောက်(၅) နှစ်အတွက် အလုပ်လုပ်နေတယ်လို့ ခံယူတယ်။

၈။ အစ်မရဲ့ ပရိသတ်တွေကို စာအုပ်တွေဖတ်ဖို့ ညွှန်းပေးရမယ် ဘယ်လိုစာအုပ်မျိုး ညွှန်းချင်လဲ။

ဖြူဖြူ  ငယ်ငယ်တုန်းက တက်ကြမ်းတွေ ဖတ်တာပေါ့နော်။ နောက် အသက် အရွယ်လေးရှိလာတဲ့ အချိန်ကျတော့ တက်ကြမ်းထဲကတော့ အကုန်လုံးတော့ ယူလို့မရဘူးပေါ့နော်။ ကိုယ့် ဘဝနဲ့ သင့်တော်တာတွေပဲ ကိုယ်ယူပြီးတော့ ကိုယ့် စိတ်ကို ပြင်ပြီးတော့ပဲ သွားရတာပဲပေါ့နော်။ နောက် အခု နောက်ပိုင်းကျတော့ အဲ့ဒီလို ဖြူဖြူ ဆရာ အောင်သင်းတို့ ၊ လူထု စိန်ဝင်းတို့ စာအုပ်ကို ဖြူဖြူ အရမ်း ကြိုက်တယ်။ စိတ်ဓာတ်ခွန်အားအများကြီးပေးတယ်။ နောက် တစ်ခုက ကျတော့ စာဖတ်တဲ့အခါမှာ စာအုပ်လိုက်ကိုင် ဖတ်ရတာ ကြိုက်တယ်။ များသော အားဖြင့်တော့ သတင်းတွေတို့၊ ပုံမှန်တက်နေကျ web ကနေ ဖတ်လို့တော့ ရတယ်ပေါ့နော်။ ဒါပေမဲ့ စာအုပ် တစ်အုပ်အနေနဲ့ ကိုင်ဖတ်ရတဲ့ အရသာနဲ့တော့ မတူဘူး။ စာအုပ်လေး ကိုင်ပြီးတော့ ဖတ်ရတာကတော့ အဲ့ဒီလို တွေးနေရင်း bookmark တွေနဲ့ မှတ်လို့ရတယ်။ တွေးနေလို့ ရတယ်။ ပုံဖော်လို့ ရတယ်။ နောက် တစ်ခုကျတော့ စာများများကသာ ဖတ်လိုက်။ ဘယ်ဟာက ပေါက်ပန်းဈေး ဘယ်ဟာက အကောင်းတယ်ဆိုတာ သိလာတယ်။ စာစဖတ်တဲ့ အချိန်မှာတော့ လျှောက်ဖတ်တာ ကောင်းတယ်။ ပြီးတဲ့ အခါကျတော့ ကိုယ့် အလုပ်အတွက်တို့၊ ကိုယ်ဘဝအတွက် အကျိုး မရှိတာတွေတော့ မဖတ်နဲ့။ ဟာသဆိုတာကတော့ တစ်ခါ တစ်ရံတော့ ဖတ်ဖို့အတွက်တော့ လိုအပ်တာပေါ့နော်။ ရယ်ရတယ် ဆိုတာလည်း ကောင်းတယ်။ ဒါပေမဲ့ ကိုယ့် အတွေးအမြင်ကို ညစ်ညမ်းစေမဲ့ အရာတွေတော့ မဖတ်နဲ့နော်။ မတန်ဘူး။ ဘဝဆိုတာ တိုတို လေးပဲ။ ကိုယ့် စိတ်ဘဝင်ကို ညစ်ညူးစေမဲ့ negative thinking ရှိမယ့် အရာကိုတော့ အတတ်နိုင်ဆုံး ရှောင်ပါ။ အဲ့ဒီလို ပြောလို့ ကောင်းတွေကို  ယူဖတ်ရမယ်ဆိုတာတော့ မဟုတ်ဘူးနော်။ ကိုယ့်ကိုယ့်ကို တည်ဆောက်တဲ့ အခါကျလို့ရှိရင်တော့ ကောင်းတဲ့ အတွေးအမြင်နဲ့ တည်ဆောက်ပါ။

၉။ UN International Day of Peace မှာ “စစ်ပွဲတွေ… ရပ်” ဆိုတဲ့ သီချင်းလေးကို ကို Lလွန်းဝါ နဲ့ တွဲဖက်ပြီး ဆိုဖြစ်ခဲ့တဲ့အကြောင်းလေးနဲ့ ကမ္ဘာကျော်အဆိုတော် Jason Mraz နဲ့ တွဲဖက်ပြီး စင်မြင့်ထက်မှာ ဖျော်ဖြေဖြစ်ခဲ့တဲ့အကြောင်းလေးကိုလည်း ပြောပြပေးပါဦး။

L လွန်းဝါနဲ့ ဆိုတဲ့ စစ်ပွဲတွေရပ်ရယ် Jason Mraz နဲ့ဆိုတဲ့ lucky ဆိုရင် Jason Mraz နဲ့ဆိုတာကို အရင် ပြောချင်တယ်။ အဲဒါကတော့ ပိုစောတယ်ပေါ့နော်။ ၂ဝ၁၂ ဒီ MTV  exit ရဲ့  MTV exit of life in yangon people park မှာ သွားတဲ့ပွဲ။  ဖြူဖြူကလည်း လူကုန်ကူးမှု တိုက်ခိုက်ရေးဆိုင်ရာ မြန်မာ နိုင်ငံဆိုင်ရာ celebrity သံတမန် ဆိုတဲ့အခါကျတော့၂ဝဝ၈ ခုနှစ်က စပြီးတော့ သံတမန် အဖြစ် စတင် ဆောင်ရွက်ခဲ့တယ်။ အဲ့ဒီတော့ မြန်မာပြည် စပြီးတော့ ပွင့်လင်းလာတဲ့ အချိန် မြန်မာပြည်မှာလည်း ဒီ message လေးကို awareness ရအောင် လုပ်ကြမယ်ဆိုတဲ့ အခါကျတော့ Jason Mraz က မြန်မာပြည်နေ လာပြီးတော့ ဖျော်ဖြေပေးတယ်။ သူကတော့ ဘယ်နိုင်ငံ သွားသွား အဲဒီ နိုင်ငံက host country က artist တစ်ယောက်နဲ့အမြဲတမ်း နှစ်နိုင်ငံရေး ချစ်ကြည်ရေး သဘော အနေနဲ့  lucky  သီချင်းလေးကို အမြဲတမ်း duet ဆိုပေးတယ်။ ကိုယ့်အနေနဲ့ မြန်မာပြည်မှာ သူနဲ့ ပထမဆုံး လက်တွဲပြီးတော့ ဆိုရတဲ့ local artist  အနေနဲ့ အရမ်းကို ဂုဏ်ယူတယ်။ ဖြူဖြူတို့ ပြည်သူတွေတဲ့အတွက်လည်း အရမ်းကို အမှတ်တရ ဖြစ်စေမယ့် ပြည်သူ့ ရင်ပြင်ဆိုတာ ပထမဦးဆုံး  ပြည်သူရင်ပြင် ပြန်ဖြစ်တဲ့ ညပဲ။ အဲဒီ ညက လူပေါင်း နှစ်သောင်းကျော် သုံးသောင်းနီးပါးလောက် ပြည်သူ့ ရင်ပြင်ဆိုတဲ့ နေရာကြီးထဲကို စုရုံးရောက်ရှိလာကြတယ်။ အဲ့ဒါကတော့ ကိုယ့် နိုင်ငံရဲ့ သမိုင်းဝင် ဖြစ်ရပ် တစ်ခု ဖြစ်တော့ ကိုယ့်ကိုကိုယ်လည်း  အရမ်း ဂုဏ်ယူတယ်။ Back drop ဆိုရင် တခြား ဘာမှ မလိုဘူး အရမ်း သပ္ပါယ်တဲ့ ရွှေတိဂုံကြီးနဲ့ ဆိုတဲ့အခါ ကျတော့ အဲဒီ Back drop လောက် လှတဲ့ back drop ကမ္ဘာပေါ်က ဘယ် stage show မှ မဖြစ်ပျက်ဖူးဘူးထင်တာပဲ။ ပြီးတော့ L လွန်းဝါနဲ့ဆိုခဲ့တဲ့ ဒီ စစ်ပွဲတွေရပ် စစ်ဆိုတဲ့ သီချင်း။ ဒီ သီချင်းက ဖြူဖြူရဲ့ နာမည် ကျန်နေရစ်မယ်ဆိုတဲ့ ခွေမှာ ပါတဲ့ သီချင်းပါ။ ဒီ အခွေ မထွက်ခင်မှာ သီချင်းလေ စလုပ်တဲ့ အခါကျတာ့ အဲဒီမှာဘဲ ၂ဝ၁၄  ဒီ ကမ္ဘာငြိမ်းချမ်းရေးနေ့ အဲဒီမှာပဲ Amsterdam မှာပေါ့နော်   Ziggo Dome မှာ metropol orkest ဆိုတဲ့ ကမ္ဘာကျော် orchestra ကြီးနဲ့ ဖြူဖြူတို့ ဆိုဖို့အတွက် ကမ်းလှမ်း ခံရတယ်။ အဲဒီတုန်းကဆိုလည်း အဲ့ဒီလိုပဲ ဖြူဖြူတို့ နိုင်ငံက ကမ္ဘာသမိုင်းမှာဆိုလို့ရှိရင် ပြည်တွင်း စစ်အရှည်ကြာဆုံး နိုင်ငံတွေထဲက တစ်ခုပေါ့နော်။ အဲဒီ အချိန်တုန်းက တိုင်းရင်းသား အချင်းချင်းလည်း peace process လည်း သေသေချာချာ မရှိသေးဘူး။ စကာစလေးပဲရှိသေးတယ်ပေါ့နော်။ Peace process တွေလည်းစနေပြီ ကမ္ဘာကလည်း စသတိထားမိနေတဲ့ အချိန်မှာ ဖြူဖြူကတော့ မြန်မာ tribe ဘက်ကဆိုတဲ့ပုံစံ၊ L လွန်းဝါကကျတော့  ကချင်  tribe ဖက်က အဆိုတော် အနုပညာရှင်ဆိုတဲ့ ပုံစံနဲ့ သူတို့ကနေပြီးတော့ ဖိတ်ခေါ်တာ။ အဲဒီ ပွဲမှာဆိုရင် လာဆိုသမျှ လူတွေအားလုံး တစ်ယောက်ကို တစ်ပုဒ် ဆိုရတာမျိုး မဟုတ်ဘူး။ တစ်ပုဒ်ကို နှစ်ယောက် ဆိုရတယ်။ ပဋိပက္ခ ဖြစ်နေတဲ့ နိုင်ငံက ပဋိပက္ခ ဖြစ်နေတဲ့   tribe တွေထဲက အဆိုတော် တစ်ယောက်ချင်းစီကို ဖိတ်ပြီးတော့ သူတို့က ဆိုခိုင်းတယ်။ လွန်းလွန်းက ကချင်လို ဆိုတယ်၊ဖြူဖြူက ဗမာလို ဆိုတယ်။ ကိုယ့်ဘာသာနဲ့ကိုယ် ဆိုခိုင်းတယ်။ အင်္ဂလိပ်လို လုံးဝမဆို ခိုင်းဘူး။  မတူညီမှုတွေက ပေါင်းစည်းပြီးတော့ ငြိမ်းချမ်းစွာ အလုပ်လုပ်လို့ ရတယ်ဆိုတာကို သူက ပြချင်တာ။ လာကြည့်တဲ့ ပရိသတ်တွေက ဖြူဖြူတို့ စင်ပေါ်မှာ ဆိုနေတဲ့ artist  ပေါင်း ၇ဝ ကျော်ရဲ့ ဘာသာတွေကို နားမလည်ဘူ။ ဒါပေမဲ့ သူတို့က ဘာသာစကားအရ နားမလည်ပေမဲ့ သူတို့ကလေ ဂီတ ဆိုတာ သူက သီးသန့် ဘာသာ စကားတစ်ခု ဖြစ်တယ်။ ဘာသာ စကားဆိုတဲ့ ဘောင်ကို ကျော်လွန် သွားနိုင်တဲ့ သီးသန့် ဘာသာရပ် တစ်ခုပဲ။ အဲ့ဒီတော့ လူတိုင်းက နှလုံးသားနဲ့ နားဆင်ပြီးတော့ နားလည်တာ။  မတူတဲ့ ဘာသာစကားရဲ့လူတွေက အဲဒါကို နားလည်ပြီးတော့ appreciate လုပ်ပြီးတော့ အားပေးကြတာ။ အဲဒီ အဖြစ်အပျက်ကလည်း ဖြူဖြူ့ဘဝမှာ မမေ့နိုင်တဲ့ အဖြစ်အပျက်တွေထဲက တစ်ခုပေါ့။

၁ဝ။ အစ်မဘဝမှာမေ့လို့မရတဲ့ အခက်အခဲပေါ့ တစ်ခုမဟုတ် တစ်ခုရှိကောင်းရှိမယ်ပေါ့။ ပြီးတော့ အဲဒီ အခက်အခဲတွေကို ဘယ်လိုစိတ်ဓာတ်မျိုးနဲ့ ကျော်ဖြတ်ခဲ့လဲဆိုတာကို ညီမငယ်လေးတွေ စိတ်ခွန်အားဖြစ်စေဖို့ ဝေမျှပေးပါဦး။

တစ်ခုတည်းဆိုတာထက် ဖြူဖြူကတော့ အကုန်လုံးကို ခြုံပြီးတော့  ပြောချင်တယ်။ ဘာလို့လဲဆိုတော့ ဖြူဖြူ့ဘဝမှာ အခက်အခဲဆိုတာကို ပြန်ကြည့်မယ်ဆိုလို့ရှိရင် ဘယ်တစ်ခုမှ stand out ဖြစ်ပြီး၊ ခံစားစရာတွေ တစ်ခုမှ မဟုတ်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖြူဖြူခံယူတာက အခက်အခဲဆိုတာ အလုပ်လုပ်တဲ့ သူတိုင်းမှာ ရှိတယ်။ အဲဒါက drama ခင်းနေစရာ မလိုဘူး။ အဲ့ဒီလိုပဲ ခံယူထားတယ်။ မလုပ်မလုပ်တဲ့ သူက ဘာခက်အခဲမှ မရှိဘူး၊ အခက်အခဲမရှိဘူး ဆိုလို့ရှိရင် အဲဒီ လူ အလုပ်မလုပ်နေလို့ပဲ။ နောက်ပြီးတော့ အတိုက်အခိုက်ဆိုတာ လမ်းသစ်ဖောက်တဲ့ သူတိုင်းမှာရှိမယ်။ အလုပ်ကို သူများနဲ့ မတူအောင် အသစ်ဖန်တီး လုပ်ကိုင်တဲ့သူတိုင်း အတိုက်အခိုက်ဆိုတာ ရှိတယ်။ အတိုက်အခိုက် မခံရသေးဘူးဆိုရင် မအောင်မြင်သေးဘူးလို့သာ မှတ်ထားလိုက်။  ဘယ်နေရာမှ မရောက်သေးဘူးဆိုတဲ့သဘော။ အတိုက်အခိုက် ခံရပြီးဆိုတော့မှ ကိုယ်လုပ်တာ တစ်ခုခုတော့ အရာထင်နေပြီဆိုရင် အောင်မြင်ဖို့နီးနေပြီ။  ငါ့ အတိုက်အခံ မခံရသေးဘူးဆိုရင် အဲဒီ လူဘာမှ မဟုတ်ဘေးဘူးပဲ။ အတိုက်အခိုက်ခံရတယ်ဆိုတော့ အလုပ်ကို သေသေချာချာလုပ်နေတဲ့ သူတိုင်းမှာ ရှိတယ်။ အဲ့ဒီတော့ ဂုဏ်တောင် ယူရဦးမယ်။ ဒါပေမဲ့ ကိုယ့်ဉာဏ်ကိုယ်ကို ပြန်စဉ်စားကြည့်တဲ့အခါ စဉ်စား သုံးသပ်ဖို့တော့ လိုတယ်။ ကိုယ်ပညာတွေ သင်ထားတာ ဘာတွေ လုပ်ဖို့လဲ။ ကိုယ်ကို ကိုယ့်မိဘက ဘာလို့ ပြုစုပျိုးထောင်ထားတာလဲ။ ဘာတွေ တွေးဖို့လဲ။  ကိုယ့်ရဲ့ အတွေးအခေါ် ကိုယ့်ဆင်ခြင်တုံတရားနဲ့ သုံးသပ်ဖို့ မဟုတ်ဘူးလား၊ သူများပြောတိုင်း ယိမ်းယိုင်သွားဖို့မှ မဟုတ်တာ၊သူများက တိုက်ခိုက်လိုက်တာနဲ့ ယိမ်းယိုင်သွားလို့ရှိရင် you are not  good enough နင်က ဘာမှ မဟုတ်ဘူးပေါ့နော်။ သူများပြောင်းခိုင်းလိုက်တိုင်း ပြောင်းစရာ မဟုတ်ဘူး။ ကိုယ်က မဟုတ်တာ လုပ်နေတယ်ဆိုရင်တော့ တစ်မျိုးပေါ့နော်။  ဒါပေမဲ့ ကိုယ်လုပ်နေတဲ့ အလုပ်က ဘယ်သူ့ ကိုမှ ထိခိုက်တာ မဟုတ်ဘူး၊  ကိုယ်သည်  ကောင်းရောင်းကောင်းဝယ် သမာအာဇီဝ လုပ်ကိုင်နေတယ်။ နောက်ပြီးတော့ ကိုယ့်မှာ definition ရှိတယ် ၊ passion ရှိတယ်။ နောက်တစ်ခုကျတော့ ဘယ်သူ့ကိုမှ စော်ကား ပုတ်ခတ်လှောင်ပြောင်တိုက်ခိုက် နေတာတော့ မဟုတ်ဘူး၊ တိုက်ခိုက် သရော်မနာလို သဝန်တိုနေတာ မဟုတ်ဘူးဆိုရင် သူများကို စော်ကားတိုက်ခိုက်နေတာ မဟုတ်ဘူးဆိုရင် ကိုယ့် အလုပ်ကို ကိုယ်ဆက်လုပ်ပဲ။ ကိုယ်က သမာအာဇီဝကျကျနဲ့ အလုပ် လုပ်နေတယ်ဆိုရင် ဘယ်သူ့ကိုမှ လိမ်လည် လီဆယ် ချူနှပ် ချူလည်ပြီးတော့ လုပ်စားနေတာလည်း မဟုတ်ဘူး ဆိုလို့ရှိရင် ကိုယ်လုပ်နေတဲ့ အလုပ်က ဘာအသီးအပွင့်တွေရှိတယ်ဆိုတာ သိနေမယ်ဆိုလို့ရှိရင်  ဆက်လုပ်ဖို့ပဲ ရှိတယ်။ ဘာမှ ဂရုစိုက်နေစရာ မလိုဘူး။

ဖြူဖြူလည်း အဲဒီ အချိန်တုန်းကဆို ဆိုလို့ရှိရင်တော့ ယိမ်းယိုင်သွားတာမျိုး မဟုတ်ဘူးပေးမယ့် အမြဲတမ်း ပြန်စဉ်းစားရတာတော့ ရှိတယ်။ ဖြူဖြူက ဘယ်လို စဉ်းစားလည်းဆိုတော့ ဒါတွေကို နည်းနည်း ဝေးငှပေးမယ် ။ ကိုယ့်ကိုကိုယ်  သိဖို့ အရေးကြီးတယ် နံပါတ်(၁)၊ ကိုယ့်ကိုကိုယ် definition ကို အမှန်အတိုင်း သိပြီး ဖော်ဆောင်နိုင်ဖို့ အရေးကြီးတယ်။ ငါ့ဘာလဲ၊ ငါ့လမ်းကြောင်းက ဘယ်လဲ၊ငါ့ ဘာလုပ်နေတာလည်း ကိုယ့်ကိုကိုယ် ကောင်းကောင်းသိတဲ့ သူသည် ဘယ်နားက ဘာ၊ အတိုက်အခိုက်၊ အထိုးအနှက် ဝေးဝါစရာတွေ လာလာ ဘယ်တော့မှ ယောင်မသွားဘူး။ မယိမ်းယိုင် သွားဘူး။ ခိုင်မာတယ် တည်ကြည်တယ်။ နောက်တစ်ခါ ငါ့ လုပ်နေတာက ဘယ်သူတွေကို ထိခိုက်နေလဲ ဆိုတော့ လူတွေကိုလည်း အကုသိုလ်ကို  လုပ်နေတာ မဟုတ်ဘူးပေါ့နော်၊ ကိုယ်ကလည်း  အကုသိုလ်  လုပ်နေတာ မဟုတ်ဘူး၊ မကောင်းတာ ရာဇဝတ်မှုတွေ လုပ်နေတာလည်း မဟုတ်ဘူး၊ ယုတ်ညံ့တဲ့အလုပ်တွေကို လုပ်နေတာလည်း မဟုတ်ဘူးဆိုလို့ ရှိရင် ကိုယ်သည်  သမာအာဇီဝ အနေနဲ့ လုပ်ကိုင်နေတဲ့ ဆိုတာကို သေချာသိနေတယ်ဆိုလို့ရှိရင် ဆက်လုပ်ပဲ။ အဲဒီတော့မှာမှ vision တော့ရှိရမယ်။ ဆက်သွားဖို့အတွက် resources တွေကော ရှိရဲ့လား၊ ခံနိုင်ရည်ကောရှိရဲ့လား ဆိုတာတွေတော့ ကိုယ်က ဆက်သိဖို့တော့ လိုတာပေါ့။ ခံနိုင်ရည်လည်း  ရှိတယ် resources လည်းရှိတယ်၊ ဝမ်းစာလည်း ရှိတယ်။ ဆက်လုပ်နိုင်တယ်။ အဲဒီ stress တွေ အားလုံးကို ခံနိုင်လို့ရှိရင် ဆက်သွားရုံပဲ။   အဲလိုနဲ့ပဲ ဒီနေ့ထိ ရောက်လာတာ။

နောက်တစ်ခုက စေတနာ မှန်ဖို့တော့ လိုတယ် ၊ ရိုးသားဖို့လည်း လိုတယ် ၊ဟို တော်ရုံလေးကို popular ဖြစ်ဖို့အတွက် အပေါ်ယံ ကြော်ကြားဖို့အတွက် လုပ်တာတော့ မဖြစ်သင့်ဘူး၊ တကယ့် passionately   and etiquttely လုပ်နေတဲ့ သူတွေအတွက် နေရာက အမြဲတမ်း ခိုင်ကြည်တယ်။ ကိုယ်လုပ်တဲ့ စေတနာကို  ယခု လူတွေက သဘောမပေါက်လို့ရှိရင် နောက် တဖြည်းဖြည်းနဲ့ သဘောပေါက်လာလိမ့်မယ်။ ဘယ်တော့မှ အလကား မဖြစ်သွားဘူး။ နောက်တစ်ခုပ ဘာရှိလဲဆိုတော့ ပရိသတ်နဲ့ media က လက်ခံသွားပြီးတဲ့ အချိန်မှာ ဒါကတော့ လုပ်ငန်းတူတဲ့ industry  က တိုက်ခိုက်မှုဆိုတာကျတော့ ရှိတတ်တာပဲလေ။ Industry တစ်ခုတည်းကို  တိုးဝင်တာ လွယ်လွယ်နဲ့ တော့ နေရာဘယ်ရမလဲ။  ဘာမှ drama ခင်းနေစရာမှ မရှိတာ။  ကျွန်မကိုတော့ ဘယ်သူတွေက ဘွဲ့မရအောင်လုပ်တာတို့၊ ဘယ်သူတွေက နေရာမပေးပါဘူးတို့ပေါ့နော်။  ပြောမယ်ဆိုရင်တော့ ပြောလို့တော့ ရတာပဲ။  အရေးကြီးတာက ကိုယ် ဘာလုပ်နိုင်လဲ ဆိုတာကို ကိုယ်ပြတယ်။ ကိုယ်က ရိုးသားတယ်၊ မှန်ကန်တယ် ဆိုရင် အဲ့ဒီလို resources နဲ့ အလုပ် လုပ်တယ်၊ ခိုင်မာတယ် ဆိုလို့ရှိရင် ဘယ်သူ့မှ ဘာမှ လုပ်လို့မရဘူး။  အဲ့ဒီလိုပြောလို့ အတိုက်အခိုက်တွေ အတားအဆီးတွေ၊ အခက်အခဲတွေပြီးသွားပြီလားဆိုတော့ မဟုတ်ဘူး၊ ပြီးအောင်တော့ လုပ်လို့ရတယ်။ ရောက်တဲ့နေရာမှာ ရပ်လိုက်ရုံပဲ။ ဖြူဖြူနေရာ တစ်နေရာ ရပြီဆိုလို့ ရှိရင်၊ ဖြူဖြူ အဆိုတော် တစ်ယောက်အနေနဲ့ ဝင်လို့ ရသွားပြီ ဖြူဖြူ ရပ်လိုက်လို့ရှိရင် ဖြူဖြူအတွက် အခက်အခဲတွေလည်း ရှိမှာတော့ မဟုတ်ဘူး၊ အတိုက်အခိုက်တွေ ဆက်ရှိမှာ မဟုတ်ဘူး။ ဒီ (၁၅) နှစ်ကျော် ရပ်တည်လာတဲ့ အချိန်မှာ အမြဲတမ်း ဒွိဟ  ဖြစ်စရာမျိုးတွေက အမြဲတမ်းတော့ ရှိတယ်။ ဖြူဖြူ တစ်ခုခု လုပ်လိုက်တိုင်းတိုင်း အမြဲတမ်း ကြိုက်ခြင်း၊ မကြိုက်ခြင်း ဆိုတာ ကွဲထွက်သွားတယ်။ လက်ခံခြင်း ၊ လက်မခံခြင်းဆိုတာ ကွဲထွက်သွားတယ်။ ဖြူဖြူ့ရဲ့ အနုပညာ အလုပ်မှမဟုတ်ဘူး၊ ဖြူဖြူရဲ့ interview ပဲ ဖြစ်ဖြစ် အစွန်းနှစ်ဖက်ကို အမြဲတမ်း ပေးတယ်။ အဲ့ဒါတွေ မဖြစ်အောင် ကိုယ် ခပ်ညံ့ညံ့ နေလို့တော့ ရတယ်။ ဘာမှ မပြောဘဲ နေနေလို့ ရတယ်။  ပြီးတော့ သီချင်းတွေကဆိုလို့ရှိရင်လည်း ဘာမှ အထူးအဆန်း လမ်းကြောင်းတွေ မဖောက်ဘဲနဲ့  သမားရိုးကျပဲ လူကြိုက်နေတဲ့ ဟာလေးကို   ဆိုနေလို့ ရတယ်။ အစ်မ လုပ်တက်တာပေါ့။ အဲ့ဒီလို နေနေလို့ ရသားပဲ။ မမမှာ မမရဲ့ definition ရှိတယ်။ အစ်မက ဘာဆိုတာ သိတယ်။ ကိုယ်ဘာဖြစ်ချင်တာလဲ၊ ကိုယ်ဘာလုပ်ချင်တာလဲ မလုပ်ချင်ဘူးလဲဆိုတာကို ကိုယ်သိတယ်။ ကိုယ် ဖြစ်ချင်တဲ့ ဟာကို ခိုင်မာစွာ ရပ်တည်ဖို့ အတွက်လည်း လုံလောက်တဲ့  ခွန်အား အစ်မမှာ ရှိတယ်ဆိုတာ အစ်မ ယုံကြည်တယ် အဲဒါတွေကို လုပ်ချင်တယ်။

၁၁။ အောင်မြင်ကျော်ကြားတဲ့ အမျိုးသမီး တစ်ယောက် ဖြစ်ဖို့အတွက် ကိုယ့်ကိုကိုယ် အမြဲ တိုးတက်လာဖို့အတွက် အပြောင်းအလဲတွေ လုပ်ဖို့အတွက် ဘာတွေ လိုအပ်ပါသလဲ။  ဘာတွေ အကြံဥာဏ် ပေးချင်လဲ။

ပုံမှန်အားဖြင့်တော့ လူတိုင်းပြောနေကြသိပြီးသား စကားတွေ များပါတယ်။ ဒါပေမဲ့ ဒီ တစ်ခေါက်မှာ ဖြူဖြူက ပုံမှန်ဟာတွေကို မပြောတော့ဘဲနဲ့ အလေးထား ပေးချင်တာလေး အချက် နှစ်ချက် ရှိပါတယ်။  ပထမအချက်က ခံနိုင်ရည် ရှိရတယ်၊ ပြီးလို့ရှိရင် ကိုယ်ဖြစ်ချင်တာတွေကို စွဲမြဲစွာ ဆုပ်ကိုင်ပြီးတော့ မဆုတ်မနစ် အပတ်တကုတ်  အလုပ် ကြိုးစားရတယ်။ အဲဒီ နှစ်ချက်ကိုတော့ ဒီနေ့ဇောင်းပေးချင်တယ်။

မဖြူကိုချစ်တဲ့ ပရိသတ်တွေအနေနဲ့ မဖြူရဲ့ အင်တာဗျူးလေးကို နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ အခက်အခဲတွေတိုင်းကို ခိုင်မာတဲ့စိတ်ဓာတ်တွေနဲ့ ကျော်ဖြတ်ရင်း လုပ်သမျှတွေကို စေတနာအပြည့်နဲ့လုပ်မယ်ဆိုတဲ့ မဖြူကို အတုယူရင်း စာချစ်သူတို့ ကျွန်မတို့ရဲ့ ဘဝရည်မှန်းချက်တွေကို ပုံဖော်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ပေးလိုက်ပါတယ်ရှင်။