ရပ်တည်ချက်ခိုင်မာတဲ့ ကမ္ဘာကျော်အမျိုးသမီးများရဲ့ မှတ်သားဖွယ်ရာစကားများ

blank

၁။ ကျွန်မမှာ ကိုယ်ပိုင်ရပ်တည်ခွင့်ပဲ ရှိတာမဟုတ်ပါဘူး။ တာဝန်ယူလိုစိတ်ပါရှိပါတယ်။ ကိုယ်ပိုင်မရပ်တည်နိုင်ရင်တောင် တခြားတစ်ယောက်ကို ကျွန်မအတွက် ရပ်တည်ပေးဖို့ တောင်းဆိုမှာမဟုတ်ဘူး။

  • မာယာအိန်ဂျလို (Maya Angelou)

၂။ ကျွန်မရဲ့ဇာတ်ကြောင်းက ရုန်းကန်မှုတွေကင်းတဲ့ သီချင်းတစ်ပုဒ်ပါပဲ။ ကိုယ့်ရဲ့ ရည်ရွယ်ချက်ကို ရှာမယ်၊ ကြောက်စိတ်တွေကို အနိုင်ယူမယ်၊ ပြီးတော့ ပိုမိုကြီးမြတ်သူတစ်ယောက်အဖြစ် ရပ်တည်မယ်။

  •  ကော်ရက်တာ စကော့တ် ကင်း (Coretta Scott King)

၃။ အလျင်စလိုဖြစ်ဖို့ မလိုဘူး။ တောက်ပဖို့ မလိုဘူး။ တခြားသူတစ်ယောက်ဖြစ်ဖို့ မလိုဘူး။ ကိုယ့်ဘဝမှာ စစ်မှန်စွာနေဖို့ပဲ လိုတယ်။

  • ဗာဂျီးနီးယား ဝုဖ် (Virginia Woolf)

၎။ ကျွန်မရဲ့ ရပ်တည်မှုက ကမ္ဘာပေါ်က ထောင်ပေါင်းများစွာသော ကလေးငယ်တွေရဲ့ ရပ်တည်မှုပါပဲ။ ကျွန်မရဲ့ ရပ်တည်မှုကြောင့် တခြားသူတွေလည်း သူတို့ရဲ့ အခွင့်အရေးတွေအတွက် အကောင်းဆုံးရပ်တည်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

  • မာလာလာ ယူဇက်ဖ်ဇိုင် (Malala Yousafzai)

၅။ အကောင်းဆုံးရပ်တည်ပြီး အကောင်းဆုံးဖြတ်သန်းပါ။ ဘဝရဲ့ တံခါးတွေ အလိုလိုပွင့်လာမယ်လို့ ကျွန်မ ယုံကြည်တယ်။

  • တီနာ တန်နာ (Tina Turner)

၆။ သိသိမသိသိ၊ ဘယ်သူတွေ ဘာပြောပြော အမျိုးသမီးတစ်ယောက်က ကိုယ့်ကိုယ်ကိုအတွက် ရပ်တည်လိုက်ခြင်းဟာ အမျိုးသမီးထုကြီးတစ်ခုလုံးအတွက် ရပ်တည်လိုက်ခြင်းပါပဲ။

  • မာယာအိန်ဂျလို (Maya Angelou)

၇။ ကိုယ်ပိုင်အတွေးတွေနဲ့ ကိုယ်ပိုင်ရပ်တည်နိုင်သူတစ်ယောက်ဟာ လွတ်လပ်မှုကို အကောင်းဆုံးခံစားနိုင်တဲ့သူပါပဲ။

  • အယ်လင် ဘေ့စ် (Ellen Bass)

၈။  ကိုယ့်ကိုယ်ကို မမြှောက်မပင့်ဘဲ ကိုယ့်အတွက်ကိုယ်ရပ်တည်ပါ။

  • ဂျီနာ ဂရင်းလီ (Gina Greenlee)

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၉။ ကျွန်မတို့ရဲ့ လုပ်နိုင်စွမ်းတွေထက် ကျွန်မတို့ရဲ့ ရွေးချယ်မှုတွေက ကျွန်မတို့ဘာလဲဆိုတာကို ပြသနေပါတယ်။

  • ဂျေ ကေ ရိုးလင်း (J. K. Rowling)

၁ဝ။ အမျိုးသမီးတွေ မိန်းမသားဆန်ဆန်နွဲ့နွဲ့လေးနေတာထက် ရင်ကော့၊ ခေါင်းမော့ပြီး ခွန်အားအပြည့်နဲ့ ထက်မြက်စွာနေတာမျိုး ဖြစ်စေချင်ပါတယ်။

  • ကေတီ အက်ဆယ်လ်တန် (Katie Aselton)

မိန်းမသားတွေရဲ့ ရပ်တည်မှုတွေအတွက် ဒီစာစောင်လေးကို လက်ဆင့်ကမ်းပြီး SHARE ပေးပါ။