ထူးချွန်ထက်မြက်သူမိန်းမသားတစ်ဦး (သို့) ပြည်သူချစ်အနုပညာရှင်အကယ်ဒမီဆွေဇင်ထိုက် နှင့် တွေ့ဆုံခြင်း

blank

            ဆွေဇင်ထိုက်ဆိုတာ မြန်မာရုပ်ရှင်ချစ်သူများနဲ့ စာဖတ်ပရိသတ်များအတွက် အထူးတလည် မိတ်ဆက်ပေးနေစရာမလိုတဲ့ စွယ်စုံရထူးချွန်အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာ သရုပ်ဆောင် အလုပ်ကို မလုပ်ဖြစ်တော့ပေမဲ့ ပရဟိတလုပ်ငန်းတွေ၊ လူမှုရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွပါ ဝင်ဆောင်ရွက်နေတဲ့ ပြည်သူချစ်မိန်းမသားတစ်ယောက်လည်း ဖြစ်ပါတယ်။ မြန်မာအမျိုးသမီးတွေရဲ့ စိတ်ဓာတ်ခွန်အားမြှင့်တင်ရေးကို တစ်ဖက်တစ်လမ်းကမြှင့်တင်ပေးဖို့ ကြိုးစားနေတဲ့ ဂန္ထဝင်မဂ္ဂဇင်းအနေနဲ့ ထူးချွန် ထက်မြက်သူမိန်းမသားတစ်ဦးဖြစ်တဲ့ အန်တီဆွေဇင်ထိုက်နဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့တာလေးတွေကို စာချစ်သူတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ အန်တီဆွေဇင်ထိုက် မင်္ဂလာပါရှင့်။ အန်တီ့ရဲ့ငယ်ဘဝဖြတ်သန်းမှုလေးကို အမှတ်တရပြန်ပြောပြ ပေးပါဦးရှင့်။

အထက ၂ စမ်းချောင်းကနေပြီးတော့ ကျွန်မ ဆယ်တန်းအောင်ခဲ့ပါတယ်။ စီးပွားရေးတက္ကသိုလ်မှာ B.Com (IT) ဘွဲ့ကို ရခဲ့ပါတယ်။ စာရင်းအင်းပညာဒီပလိုမာ၊ မှတ်ပုံတင်ရှေ့နေနှင့် ပြင်သစ်ဘာသာဒီပလိုမာဘွဲ့တွေကိုလည်း ပြီးခဲ့ပါတယ်။ ၂ဝဝ၂ ခုနှစ်မှာ အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ်မြို့၊ ကယ်လီဖိုးနီးယားတောင်ပိုင်း တက္ကသိုလ် (Southern California) မှ ဖွင့်တဲ့ မီဒီယာခေါင်းဆောင်သင်တန်းကို တက်ရောက်ခွင့်ရခဲ့တယ်။ အဲ့ဒီကသင်လာတဲ့ နည်းပညာတွေနဲ့ မြန်မာပြည်ကိုပြန်ပြီးတော့ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ၂ဝဝဝ ခုနှစ် တစ်လျှောက်လုံးနဲ့ ၂ဝ၁ဝ အစောပိုင်းအထိလုပ်ပါတယ်။ နောက် ၂ဝဝ၉ ခုနှစ်မှာတော့ အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာတက္ကသိုလ်ကဖွင့်တဲ့ မဟာအဘိဓမ္မာဒီပလိုမာဘွဲ့ကိုလည်း ကျွန်မတက်ရောက်သင်ကြားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မရဲ့ personal life မှာ critical thinking ကိုသိချင်တဲ့အတွက်ဖြစ်ပါတယ်။ နောက် ၁၉၇၁ ခုနစ်မှာတော့ မင်းသမီးစလုပ်ခဲ့ပါတယ်။ ရုပ်ရှင်ကားကတော့ ၂ဝဝ ကျော်ရိုက်ခဲ့ပါတယ်။ သရုပ်ဆောင်အဖြစ်နဲ့ပေါ့နော်။ နောက်တော့ ကျွန်မ ပရိုဂျူဆာလည်းလုပ်ပါတယ်။ ဒါရိုက်တာလည်း လုပ်ပါတယ်။ လုပ်တာတွေကတော့ ပညာပေးအစီအစဉ်တွေပဲဖြစ်ပါတယ်။ ဒါတွေအားလုံးကတော့ ၂ဝဝဝ အလယ်ပိုင်းကနေပြီးတော့ ၂ဝ၁၅ လောက်အထိလုပ်တာဖြစ်ပါတယ်။ နောက် ၁၉၇၇ ခုနှစ်မှာတော့ အကယ်ဒမီဆုတစ်ခါရဖူးပါတယ်။ နောက် Media Campaign တွေလုပ်ရင်းနဲ့မှ ကျွန်မ၂ဝဝ၆ ခုနှစ်ကစပြီးတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဒါရိုက်တာ ဦးကြည်စိုးထွန်းက ဥက္ကဌဖြစ်တော့ နိုင်ငံတကာဆက်သွယ်ရေး ကော်မတီတစ်ခုကို ဖွဲ့စည်းခဲ့ပါတယ်။ ဖွဲ့ပြီးတော့မှ အဲ့ဒီကနေတစ်ဆင့် မြန်မာရုပ်ရှင်ကားများကို နိုင်ငံတကာရုပ်ရှင်ပွဲတော်များမှာ ပြဖို့အတွက် လုပ်ပေးခဲ့ပါတယ်။ ၂ဝဝ၆ ခုနှစ်ကနေ ၂ဝ၁၆ ခုနှစ်အထိဆိုတော့ ၁ဝ နှစ်လုပ်ပေးခဲ့ပါတယ်။ တစ်ချို့နေရာတွေမှာဆိုရင် ကျွန်မက participant အနေနဲ့ပဲ အဖိတ်ခံရလို့ နိုင်ငံကိုယ်စားလှယ်အနေနဲ့သွားတာမျိုး။ တစ်ချို့နေရာတွေမှာတော့ ကျွန်မက speaker အနေနဲ့ ပါပါတယ်။ နောက်တစ်ချို့နေရာတွေကျရင် panel discussion မှာပါတဲ့လူ၊ moderator အနေနဲ့လည်းပါ ပါတယ်။ ၁၉၈ဝ ခုနှစ် အလယ်ပိုင်းမှာ ပြင်သစ်ဘာသာကျောင်းကို တက်တဲ့အခါကျတော့ အဲ့ဒီက Academic ပေါ့နော်။ သူတို့ရဲ့ term paper တွေ၊ research paper တွေရေးဖို့အတွက် အကူအညီတောင်းတဲ့အခါမှာ ကျွန်မ စကားပြန်လည်းလုပ်ပေးတယ်။ အစည်းအဝေးတွေကိုလည်း ချိတ်ပေးပြီးသွားတော့မှ သူတို့စာတမ်းများကို ရေးဖြစ်အောင် ကူညီပါတယ်။ ၁၉၉၉ ခုနှစ်ကို ရောက်တဲ့အခါကျတော့ ကျောင်းတွင်းက Academic စာတမ်းဖတ်ရုံတင် မဟုတ်ဘဲနဲ့ conference တွေမှာပါ စာတမ်းဖတ်မဲ့သူတွေကို ကူညီခဲ့ပါတယ်။ မြန်မာ့ရုပ်ရှင်အကြောင်း၊ မြန်မာ့အနုပညာအကြောင်း၊ ဘုရားတွေမှာရှိတဲ့ ပန်းချီကားတွေအကြောင်း၊ ဇာတ်သဘင်အကြောင်း ဒါမျိုးတွေကို ကျွန်မကူညီခဲ့ပါတယ်။ ၂ဝဝဝ ခုနှစ်ကိုရောက်တဲ့အခါကျတော့ ပြင်သစ် professor ဆရာကြီးကနေပြီးတော့ မင်းကိုယ်တိုင်ရေး၊ မင်းကိုယ်တိုင်ဖတ်လို့ ပြောပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မ ၂ဝဝဝ ခုနှစ်များမှာတော့ paper များကို ကိုယ်တိုင်လည်း research လုပ်ပြီး ရေးပါတယ်။ ပြီးတော့ နိုင်ငံတကာမှာလည်းပဲ ဖတ်ပါတယ်။ အင်္ဂလိပ်လိုလည်း ဖတ်ပါတယ်။ ပြင်သစ်လိုလည်း ဖတ်ပါတယ်။ နောက်ပြီးတော့ တစ်ချို့ဟာတွေကျရင် ကျွန်မကိုယ်တိုင် မသွားနိုင်တဲ့အခါမှာ video presentation နဲ့လည်း ပို့တာတွေရှိပါတယ်။ နောက် unicef ရဲ့ သန့် (၄) သန့်  စီမံကိန်း တစ်ခုကို ၂နှစ်ပေါ့။ စီမံကိန်းတာဝန်ခံအနေနဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနဲ့ Unicef Myanmar Yangon နဲ့ကြားထဲမှာ coordinate လုပ်ပေးတဲ့အတွက်ကြောင့်မို့လို့ Asia Communication Officer Workshop ပေါ့နော်။ အဲ့ဒီ့လို Workshop မျိုးမှာ ကျွန်မ case study အနေနဲ့ presentation လုပ်ရတာမျိုးတွေရှိပါတယ်။ Papers များကတော့ ရေးတာ အများကြီးပဲရေးခဲ့ရပါတယ်။ ၂ဝဝ၂ ခုနှစ် ကယ်လီဖိုးနီးယားတောင်ပိုင်း တက္ကသိုလ်မှာ (USC/LA) မှာတက်တဲ့အချိန်မှာ PCI ကနေပြီးတော့မှ ကျွန်မတို့ကို ဆင်းရဲသား ၈ နိုင်ငံက ကျောင်းသားတွေကို New York ကိုခေါ်ပြီးတော့ UN building 3  မှာ research methodology for entertainment education ဆိုတဲ့ course တစ်ခုကိုပေးပါတယ်။ အဲ့ဒီ့ course ကိုတက်ရတဲ့အတွက်ကြောင့်မို့လို့ ဒီစာတမ်းတွေကိုရေးဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒီလိုနဲ့ ၂ဝဝ၂ ခုနှစ် UFC Media course ကိုတက်နေတဲ့အချိန်မှာပဲ အဲ့ဒီကကျောင်းသားပွဲတော် ရုပ်ရှင်ပွဲတော်မှာ ကျွန်မ The Best PSA Award ကိုရခဲ့ပါတယ်။ ၂ဝဝ၆ ခုနှစ်မှာတော့ ဘန်ကောက်ရုပ်ရှင်ပွဲတော်က ကျင်းပတဲ့  ဆုဆိုတာလေ script တွေကိုပြိုင်ပွဲဝင်ရတယ်။ အဲ့ဒီပွဲမှာလည်းပဲ မြန်မာနိုင်ငံအနေနဲ့တော့ ပထမဦးဆုံးပေါ့နော်။ ကျွန်မရဲ့ Script Presentation တစ်ခုက အရွေးခံခဲ့ရဖူးပါတယ်။ နောက် ၂ဝဝ၇ ခုနှစ်မှာတော့ Universal Peace Federation ကနေပြီး New York မှာကျင်းပတဲ့ Ambassador for Peace International Leadership Program တက်ခွင့်ရခဲ့ပြီး Ambassador for Peace ကိုရခဲ့ပါတယ်။ နောက် ၂ဝ၁၃ ခုနှစ်မှာတော့  မြန်မာလူငယ်အစည်းအရုံးမှ တစ်သက်တာရှပ်ရှင်စွမ်းဆောင်ရှင်ဆုကို ချီးမြှင့်ခံခဲ့ရပါတယ်။ ၂ဝ၁၄ ခုနှစ်မှာတော့ The Best Performance ဆိုပြီးတော့ ပြည်သူ့ဂုဏ်ရည်အဖွဲ့ကနေပြီးတော့ ချီးမြှင့်တာကိုလည်းရခဲ့ဖူးပါတယ်။ ၂ဝ၁၄ ခုနှစ်မှာပဲ ACE Law Firm နဲ့ EU မြန်မာ တို့ချီးမြှင့်တဲ့ ဘဝတစ်သက်တာ ကမ္ဘာ့မူပိုင်ခွင့်နေ့အထိမ်းအမှတ်ပေါ့နော်။ Outstanding ဆုကို ရခဲ့ပါတယ်။ မူပိုင်ခွင့်စွမ်းဆောင်သူဆုကို ရရှိခဲ့ပါတယ်။ ၂ဝ၁၇ ခုနှစ်မှာတော့ ပြင်သစ်ယဉ်ကျေးမူဌာနကနေ ချီးမြှင့်တဲ့ အနုပညာနဲ့စာပေ ဂုဏ်ထူးဆောင်ဆုကိုရခဲ့ပါတယ်။ ဒီလိုမျိုးတွေရခဲ့တာလည်း ကျွန်မ continuous learning ပေါ့နော်။ တစ်ချိန်လုံး တောက်လျှောက်လုံးသင်လာခဲ့တယ်။ ကိုယ်လည်းပဲ သင်ယူချင်တယ်။ သင်ယူခဲ့တဲ့ဟာတွေကိုလည်း တခြားလူတွေကို share လုပ်ချင်တယ်ပေါ့နော်။ အဲ့ဒါကြောင့်မို့လို့ ရတယ်လို့ ထင်ပါတယ်။

၂။ အန်တီငယ်ငယ်က ဝါသနာလေးတွေကိုလည်း သိပါရစေ။

ငယ်ငယ်တုန်းက ကျွန်မရေကူးတာကို ကြိုက်ပါတယ်။ အခုထိလည်း ကူးပါတယ်။ နောက် ငယ်ငယ်တုန်းကတော့ ကျွန်မ ရုပ်ရှင်ရိုက်ဖို့အတွက် မြင်းစီးသင်ခဲ့ဖူးပါတယ်။ အခုတော့ မစီးဖြစ်တော့ပါဘူး။ ငယ်ငယ်တုန်းက အဖေက ဂျူဒိုတွေ သိုင်းတွေ သင်တန်းတွေကိုလည်း တက်ခဲ့ရပါတယ်။ အဲ့ဒါတွေကလည်း stamina ကောင်းစေတယ်လို့ထင်ပါတယ်။

၃။ အန်တီတို့ခေတ်တုန်းကဆိုရင် အနုပညာလောကထဲ ဝင်ရောက်ဖို့ အခုလိုအခွင့်အလမ်းတွေ မ လွယ်ကူဘူးပေါ့နော်။ အနုပညာလောကထဲကို ဘယ်လိုစတင်ဝင်ရောက်ဖြစ်ခဲ့တာလဲရှင့်။

တကယ်တော့ ရုပ်ရှင်မင်းသမီး ဖြစ်ရကောင်းစေဆိုပြီး ဂရေ့စ်ဆီမှာ မရှိဘူး။ မာမီက Summer workshop တစ်ခုကိုတက်ချင်တယ်။ training တစ်ခုကို တက်ချင်တယ်ဆိုတာနဲ့ မာမီက ”ကဲ…တက်ချင်လို့ရှိရင်လည်း ရှုမဝရုပ်ရှင်သင်တန်းကျောင်းကို တက်ပါ” ဆိုပြီး ပို့ပါတယ်။ အစောတုန်းကတော့ ဝါသနာရယ်လို့ မဟုတ်ပါဘူး။ ဒါပေမဲ့လို့ ဘာသာရပ်တစ်ခုကို လေ့လာပြီဆိုတာနဲ့ ကျွန်မက ထဲထဲဝင်ဝင်လေ့လာပါတယ်။ သူရဲ့ Formula တွေကိုလည်း လေ့လာပါတယ်။ Case Study တွေကိုလည်း စိတ်ဝင်စားပါတယ်။ ဒီလိုနဲ့ပဲ ကျွန်မ ရုပ်ရှင် ရိုက်ဖြစ်သွားတဲ့အခါကျတော့ အမေကျေနပ်အောင် ၂ နှစ်လောက်ရိုက်မယ်လို့ စိတ်ကူးတာ အနှစ် ၂ဝ ကြာသွားတယ်။ ၁၉၇၁ ခုနှစ်ကရိုက်တာပေါ့နော်။ ဒါပေမဲ့ တကယ်စရိုက်တော့ ၁၉၇၂ ခုနှစ်ပါ။ ကျွန်မ စရိုက်တော့ ၁၇ နှစ်ပါ။ First Year University Student ပေါ့။

၎။ အန်တီ့ရဲ့အနုပညာလက်ဦးဆရာတွေကိုလည်း သိပါရစေ။

အဲ့ဒါကတော့ ရှုမဝဦးကျော်ဝင်းပါ။ ကျွန်မတို့ရဲ့ ဆရာ ရှုမဝ ဦးကျော်က ကျွန်မတို့ ဆယ်ကျော်သက်အရွယ်ထဲကပေါ့နော်။ သူကနေပြီးတော့ ကျွန်မတို့ ဦးနှောက်ထဲကို အတွေးတွေကောင်းကောင်းထည့်ပေးလိုက်တာပေါ့။ အနုပညာသည်ဆိုတာ အနုပညာကို တန်ဖိုးထားရမယ်။ အနုပညာသည်ဆိုတာ ကိုယ်ဖန်တီးထုတ်လုပ်တာနဲ့ ပတ်သက်လို့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေရှိရမယ်။ နောက် အနုပညာသည်ဆိုတာ ကိုယ့်ရဲ့ အနုပညာကို ငွေကြေးနဲ့ ရောင်းမစားရဘူး။ အဲ့ဒီလို value တွေနဲ့ ကျွန်မတို့ကို train လုပ်ပေးလိုက်တာပေါ့။

၅။ အနုပညာလောကထဲစတင်ဝင်ရောက်တဲ့အချိန်မှာ ကြုံတွေ့ခဲ့ရတဲ့အခက်အခဲလေးတွေကိုလည်း ပြောပြပေးပါဦး။ အဲ့ဒီအခက်အခဲတွေကို အန်တီဘယ်လိုရင်ဆိုင်ကျော်ဖြတ်ခဲ့ပါသလဲ။

ကျွန်မတို့ကတော့ ခက်ခက်ခဲခဲ မရှိခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရဲ့ script ကို ကိုယ်ပိုင်ပိုင်နိုင်နိုင် နှစ်နှစ်လောက်ကျက်ပြီးမှ On seen မှာရိုက်တာဆိုတော့ on seen ပေါ်မှာ script ချပေးတဲ့ ဒိုင်ယာလော့ချပေးတဲ့လူဆိုတာ မရှိဘူး။ ဘယ်နေရာကနေ ဘယ်နေရာဆို အလွတ်ရနေကြတာ။ တကယ်တော့ ကျွန်မက လေးနှစ် training တက်ခဲ့ရတာ။ ပထမတစ်နှစ်မှာ သူများရေးထားတဲ့ ဒိုင်ယာလော့တွေ script ကိုကြည့်ပြီးတော့ table reading ပဲ။ စာပွဲခုံပေါ်မှာ ဖတ်ရပါတယ်။ နောက်ဒုတိယနှစ်ကို ရောက်တဲ့အခါကျတော့ ဟိုးရှေးရှေးတုန်းက ရိုက်ခဲ့တဲ့ script တစ်ခုကို ပြောင်းပြီးတော့မှ Movement နဲ့ training လုပ်ရပါတယ်။ camera တွေ ဘာတွေနဲ့ Third Year ရောက်တဲ့အခါကျတော့မှ ကိုယ်ပါတဲ့ script ကိုကျက်ရတာဖြစ်ပါတယ်။ နောက်ဆုံးနှစ်ရောက်မှ set ပေါ်ရောက်နေသလိုပဲ Prepare လုပ်ရတာပေါ့နော်။ ကျွန်မတို့ အဲ့လို နှစ်နဲ့ချီပြီးလုပ်ကျတာဆိုတော့ ရိုက်တဲ့အခါကျ အခက်အခဲမရှိပါဘူး။

၆။ ဒီဘက်ခေတ် မျိုးဆက်သစ်တွေလည်း ဗဟုသုတအနေနဲ့ သိရအောင် အန်တီတို့ ဖြတ်သန်းခဲ့တဲ့ ခေတ်က ရုပ်ရှင်လောကအကြောင်းလေးလည်း အမှတ်တရပြန်မျှဝေပေးပါဦးရှင့်။

၁၉၇ဝ-၇၁ ခုနှစ်မှာ စရိုက်ခဲ့တာလေ။ စရိုက်တုန်းက ၃၅ မီလီမီတာ film တွေနဲ့ စရိုက်ခဲ့ရတာလေ။ အဲ့ဒါ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီ film တွေဟာ အစိုးရကိုယ်တိုင်ကကို တစ်ဒေါ်လာကို ၆ကျပ်နှုန်းနဲ့ subside rate နဲ့ပေးတာဖြစ်ပါတယ်။ နောက် film သွင်းခွင့် permission က အစိုးရမှာပဲရှိတယ်။ အပြင်မှာ ပုဂ္ဂလိကမှာ မရှိဘူး။ ကျွန်မတို့က ဇာတ်လမ်းကိုတင်ပြီးတော့ အဲ့ဒီလိုပဲ စောင့်ရတယ်။ တစ်ခါတစ်လေကျရင် သုံးလတွေခြောက်လတွေစောင့်နေရတဲ့ အချိန်တွင်းမှာ တစ်ချို့ အလုပ်မရှိတဲ့လူတွေလည်း ရှိတတ်ပါတယ်။ နောက်ဇာတ်လမ်းအကျဉ်းချုပ်ကိုတင်၊ တင်ပြီးသွားတော့မှ ရိုက်၊ ရိုက်ပြီးသွားတော့မှ တစ်ခါ sensor တင်ပေါ့။ ဒီတုန်းကတော့ control oriented ဖြစ်တယ်လေ။ Socialist idealogy တွေကို promote လုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ချထားတဲ့ မူဝါဒဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူရဲ့ ညွှန်းကြားလွှာတွေ ဘာတွေကလည်း ရုပ်ရှင်ဥပဒေရယ်လို့ သတ်သတ်မှတ်မှတ် မရှိဘူး။ ဒါပေမဲ့ ၈၈ နောက်ပိုင်းမှာ ရောက်တဲ့အခါကျတော့ priotise လုပ်လိုက်တာကို အဲ့တော့ရုပ်ရှင်သမားတွေလည်း အလုပ်တွေမရှိဘာတွေမရှိဆိုတော့ လမ်းပေါ်ရောက်လာကျတယ်လေ။ အဲ့ဒီ့အရေးခင်းပြီးသွားတဲ့အခါကျတော့ မြန်မာ့ရုပ်ရှင်က အချိုးအကွေ့တစ်ခုကို ရောက်တာပေါ့။ အဲ့ဒီ ၈၈ မတိုင်ခင်လေးမှာပဲ ကျွန်မတို့က invention တစ်ခုလုပ်ခဲ့ဖူးတယ်။ အဲ့ဒါက ဘာလည်းဆိုတော့ ငါတို့တွေ ငါတို့တွေရဲ့ content တွေကို ရိုက်လို့ရအောင်၊ ဇာတ်လမ်းတွေကို ရိုက်လို့ရအောင် film ကို မစောင့်ဘဲနဲ့။ ဘာနဲ့ substitute လုပ်ရင်ရမလဲဆိုပြီး ကျွန်မတို့ ဗီဒီယိုတိတ်ခွေကြီးတွေပေါ်လာတယ်လေ။ Halt-inch လို့ခေါ်တာပေါ့။ အဲ့ဒီ ဗီဒီယိုတိတ်ခွေကြီးတွေနဲ့ ရိုက်တဲ့အလုပ်တစ်ခုကို ကျွန်မတို့ နှစ်နှစ်လောက်လုပ်ဖူးတယ်။ တစ်ချို့မင်းသား၊ မင်းသမီးများကတော့ ဗီဒီယိုဆိုတာ small screen ဖြစ်တယ်။ တစ်ဆင့်နိမ့်တယ်ပေါ့။ big screen ထက်စာလို့လျှင် အဲ့ဒါကြောင့်မို့လို့ မလုပ်ဘူးဆိုပြီး ပြောတဲ့လူတွေအများကြီးရှိပါတယ်။ အကယ်ဒမီရတဲ့လူတွေရော၊ မရတဲ့လူတွေရော ရှိပါတယ်။ ဒါပေမဲ့ ကျွန်မကတော့ ကျန်တဲ့လူတွေ အလုပ်ရဖို့ job opportunities ရဖို့အတွက်ဆိုပြီးတော့ ရည်ရွယ်ပြီး ၈၄-၈၅ ခု ပေါ့။ အဲ့ဒီ့အချိန်လောက်မှာ ဈေးကွက်တစ်ခုကိုလုပ်ပေးခဲ့ဖူးတယ်။ ဒါပေမဲ့ လူတွေက demand and supply ပါပဲလေ။ အခုလိုပဲ ပြချင်တဲ့ကားတွေကများ ကြည့်တဲ့လူကမနိုင်ဖြစ်တဲ့အခါကျတော့ အဲ့ဒီဈေးကွက်ကြီးက ပျောက်သွားဖူးတယ်။ ဒါပေမဲ့လို့ ဒီလိုလုပ်လို့ရတယ်ဆိုတဲ့ alternative တစ်ခုကိုတော့ တွေ့သွားတာပေါ့နော်။ အဲ့ဒါကနေ နောက်ဗီဒီယိုတိတ်ခွေကနေပြီး ဗီစီဒီအပြားတွေနဲ့ ဖြန့်တဲ့စနစ်တစ်ခုကိုရသွားတယ်။ ၈၉ ခုနှစ်မှာ ကျွန်မမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ပြန်လည်ထူထောင်ဖွဲ့စည်းဖို့အတွက်ဆိုပြီးတော့ စစ်အစိုးရလက်အောက်မှာ registration ပြုလုပ်ဖို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးတဲ့အခါကျတော့ လူတွေက အရမ်းပြောနေတဲ့ကြားထဲကနေ ကျွန်မ အတင်း ဗီဒီယို အလွှာတစ်လွှာကိုထည့်ပါတယ်။ အခုလိုမျိုး ဗီဒီယိုအလွှာကို ကမောက်ကမတွေ ဖြစ်တယ်ဆိုတာ တကယ်တော့ ကိုယ့်ရဲ့ အပြစ်မကင်းဘူးလို့လဲကိုယ်ထင်ပါတယ်။ အဲ့ဒီတုန်းကတော့ ဗီဒီယိုအလွှာဟာ playing ground လိုပဲ ကျွန်မတို့မှာ intern program မရှိဘူးလေ။ အလုပ်သင် program မရှိတဲ့အခါကျတော့ ဗီဒီယိုရိုက်ကြ၊ ရိုက်ကြရင်းကနေ practice လုပ်ကြ၊ လုပ်ကြရင်းကနေပြီးတော့မှ အရည်အသွေးရှိလာတယ်၊ အတွေ့အကြုံတွေရှိလာလို့ရှိရင် ဗီဒီယိုတွေ၊ ရုပ်ရှင်တွေ တက်ရိုက်ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ practice ground အနေနဲ့ ကျွန်မထည့်တာပါ။ ဒါပေမဲ့ ထည့်လိုက်တဲ့ ဗီဒီယိုအလွှာက သူကတဖြည်းဖြည်းနဲ့ ရုပ်ရှင်ကိုတောင်ဘေးဖယ်ပြီးတော့ သူတို့ပဲ manipulate လုပ်မယ်ဆိုတဲ့ ပုံမျိုးတွေပေါ်လာခဲ့တယ်လို့ စွပ်စွဲကြတယ်ပေါ့နော်။ ကိုယ်မွှေးတဲ့ မီးလို့ပြောကြတာပေါ့။ ဒါပေမဲ့ အဲ့ဒီ video production အလွှာတစ်လွှာပေါ့နော်။ Channel ကြီးတစ်ခုရှိလာတဲ့အတွက်ကြောင့်မို့လို့ local TV Series တွေတအားကြီးခေတ်မစားသေးတဲ့ ၂ဝဝဝ ခုနစ်ကြီးတစ်ခုလုံးမှာ ၉ဝ ခုနစ်တွေမှာ အနှစ်နှစ်ဆယ်လောက်က ရုပ်ရှင်ထဲကလူတွေ ရုပ်ရှင်သမားတွေအများကြီးကို အလုပ်တွေပေးခဲ့တယ်။ job opportunity တွေအများကြီးရကြတယ်။ ပြီးတော့ ပိုက်ဆံနည်းနည်းလေးနဲ့ ရုပ်ရှပ်ရိုက်ချင်လို့လာစမ်းချင်တဲ့ လူမျိုးတွေလည်းဝင်လာတာပေါ့။ Investment flow လည်းရလာခဲ့တယ်လို့ ကျွန်မကတော့ အကောင်းဘက်ကမြင်ပါတယ်။ ဒါပေမဲ့ ဗီဒီယိုသမားက ရုပ်ရှင်သမားလို မဟုတ်ဘူးလေ။ သူတို့ကတော့ passion လို့ခေါ်တာပေါ့။ ကျွန်မတို့ကတော့ ရုပ်ရှင်ပေါ်မှာ passion ရှိတယ်။ သံယောဇဉ်ရှိတယ်ပေါ့နော်။ အဲ့ဒီအခါကျတော့ ရုပ်ရှင် flow ကြီးသွားနေဖို့အတွက်ကိုပဲ ကြည့်တာမျိုးပေါ့။ နောက်လာတဲ့ ဗီဒီယိုသမားတွေကျတော့ သူတို့က Film maker artists တွေမဟုတ်ဘူးလေ။ ဒီဟာကတော့ တစ်ကမ္ဘာလုံးမှာလည်း ဒီလိုပဲရှိတယ်။ production sector ကလူတွေက film maker တွေဖြစ်တယ်။ excavation sector မှာ ရှိတဲ့လူတွေက maketeer တွေဖြစ်တယ်။ distributer network ကြီးတစ်ခုလုံးက ပိုက်ဆံ drive ဖြစ်တာပေါ့။ art drive ဖြစ်တာပေါ့။ ဒါကြီးက balance ဖြစ်ဖို့လိုတယ်။ demand and supply ပေါ့။ အဲ့ဒီ့မှာ ကိုယ့်ထုတ်လုပ်ရေးကဏ္ဍကလည်း money oriented ဖြစ်သွားတဲ့အခါကျတော့ အရည်အသွေးတွေ သိပ်မကောင်းဘူး။ နောက်အစောကြီးထဲက သူက လောဘ drive နဲ့သွားတာလေ။ ပိုက်ဆံရချင်လို့လုပ်တာလေ။ အရှုံးခံပြီးဘယ်သူမှမလုပ်ဘူး။ အဲ့ဒီတော့ excavator တွေဖြစ်တဲ့ distributor တွေရယ် ရုံပိုင်ရှင်တွေရယ် နောက်ဗီဒီယိုအငှားဆိုင်တွေရယ် ဒီ community ကြီးတစ်ခုလုံးက နည်းနည်းစည်းကမ်းမဲ့တာတွေလုပ်လာခဲ့တယ်။ ခိုးကူးခွေတွေလုပ်တာမျိုးတို့ သူများတကာခိုးကူးတာနည်းနည်း သူကိုယ်တိုင် market ထဲမှာ သူ့ဟာသူဝင်ပြီးတော့ ခိုးကူးပြီး ဖြန့်တာမျိုးတွေ ဒါမျိုးတွေအထိလုပ်လာခဲ့တယ်။ စည်းကမ်းတွေပျက်လာတာ အများကြီးရှိတာပေါ့။ ဒီလိုမျိုးနဲ့ ရုပ်ရှင်က နည်းနည်း ခက်သွားတာပေါ့နော်။ ဗီဒီယို ဈေးကွက်ကလည်းပဲ မခိုင်မာတော့ဘူး။ အဲ့ဒီ့အခါကျတော့မှ အခုရုပ်ရှင်တွေက ဒီနှစ်ထဲမှာဆိုရင် ၂ဝ၁၆ လောက်ကစပြီးတော့ ဗီဒီယိုရိုက်ရိုက်ပြီးတော့ ရုပ်ရှင်ဆင်ဆာတင်လာတဲ့ဟာတွေရော ထွက်လာခဲ့ပါတယ်။ quality ကတော့ ပြည်တွင်းမှာပဲ ဖြန့်တာဖြစ်တဲ့အတွက်ကြောင့် ပြည်တွင်း audience ကြိုက်သ၍ as long as local audience ကကြည့်နေသ၍ ticket sale ကလည်း ပိုက်ဆံရနေသ၍ကတော့ သူက survive ဖြစ်မှာပဲပေါ့။ ဒါပေမဲ့ အဲ့ဒီ့ pradise ကတစ်ချိန်ချိန်မှာ situated ဖြစ်သွားနိုင်တယ်။ situated ဖြစ်သွားပြီဆိုရင် တန့်သွားပြီဆိုတဲ့အခါကျတော့ next wave တွေ ထက်လာဖို့လိုတယ်။ နောက်ပြီးတော့ ဒီနှစ်မှာစပြီးတွေ့တာပဲ နည်းနည်းအရည်အသွေးပြည့်တဲ့ကားတွေပေါ်လာတယ်။

၇။ ရုပ်ရှင်မရိုက်ကူးဖြစ်တော့တဲ့အချိန်အထိပေါ့နော်။ အန်တီစုစုပေါင်းရိုက်ကူးဖြစ်ခဲ့တဲ့ ဇာတ်ကားပေါင်း ဘယ်လောက်ရှိပါသလဲ။

ရုပ်ရှင်ပေါင်း ၂ဝဝ ပေါ့။ ၂ဝဝ အတိအကျ ဘာဖြစ်လို့လဲဆိုတော့ အမြတ်ခွန်စာရင်းရှိလို့။

၈။ ပရိသတ်အကြိုက်နဲ့အန်တီ့အကြိုက်ထပ်တူကျခဲ့တဲ့ ဇာတ်ကားလေးတွေကိုလည်း အမှတ်တရ ပြန် ပြောပြပေးပါဦးရှင့်။

ကျွန်မတို့ကတော့လေ ငယ်ငယ်လေးထဲက ဆရာက ရုပ်ရုင်ကားထုပ်ကိုကြည့်လို့ရှိရင် ဇာတ်သွားတဲ့ ဇာတ်ကောင် develop ဖြစ်လာမယ့် trend ကိုကြည့်ခိုင်းတာပေါ့။ အဲ့ဒီတော့ ကျွန်မတို့က ဇာတ်ကောင် oriented ဖြစ်တဲ့ကားမျိုးကို စိတ်ဝင်စားပါတယ်။ ပိုလည်းတန်ဖိုးထားပါတယ်။ အခုနောက်ပိုင်းကတော့ မင်းသားသုံးလက် မင်းသမီးသုံးလက် ခြောက်ယောက်လောက် တွဲလိုက်ပြီးသွားရင် အုပ်စုလိုက် plot လိုက်တွေပြောကြတယ်။ ဇာတ်ကောင်က develop ဖြစ်စရာမလိုဘူး။ plot လိုက်တွေပြောလိုက်မယ်။ အဲ့ဒီတော့ ဒီမင်းသားသုံးယောက် ဒီမင်းသမီးသုံးယောက် လူခြောက်ယောက်ကိုကြိုက်တဲ့ လူကလာကြည့်လိုက်လို့ရှိရင် marketing သဘောအရက ပြေးမလွတ်တော့ဘူးပေါ့နော်။ ဒီလိုပုံမျိုးရှိပါတယ်။ ကျွန်မတို့တုန်းကတော့ အဲ့လိုမဟုတ်ဘူး။ ကာရိုက်တာတစ်ခု develop ဖြစ်လာခဲ့တာပေါ့။ ရုပ်ရှင်တစ်ခုက 2 hours presentation လေ။ အဲ့ဒီ 2 hours presentation မှာ act 1,2,3 ဆိုတာရှိတယ်လေ။ အဲ့ဒီ့တော့ act 1 departure တို့ act 2  conflict တို့ act 3 solution တို့ အဲ့ဒါမျိုးတွေကို ကာရိုက်တာနဲ့ ဖော်ပြရတာ။ plot တွေနဲ့ မဟုတ်ဘူးပေါ့နော်။ အခုနောက်ပိုင်းကတော့ စင်ပေါ်က presentation တွေကို ရိုက်လာတဲ့အခါကျတော့ plot တွေနဲ့ပဲ လူအတွဲလိုက်ကြီးတွေ ဖြစ်လာတာ။ ကျွန်မတို့တုန်းကတော့ ကာရိုက်တာနဲ့ဆိုတော့ ကျွန်မတို့လည်း ကာရိုက်တာ oriented ဖြစ်တယ်။ ပြီးတော့ ထူးခြားတဲ့ကာရိုက်တာများကို သရုပ်ဆောင်ရတာဟာ challenging ဖြစ်တယ်။ အစွမ်းအစကိုပြဖို့ အခွင့်အလမ်းဖြစ်တယ်လို့ယုံကြည်တာပေါ့နော်။

ပထမဆုံးရိုက်တဲ့ စေလိုရာစေ ဇာတ်ကားဆိုလို့ရှိရင်လည်း ပထမဆုံးရိုက်တဲ့ကားမို့လို့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ၁၆ နှစ်အရွယ် ၁၇ နှစ်အရွယ် college first year student ကလေးမလေးတစ်ယောက် သင်္ဘောစီးပြီးတော့ မော်လိုက်ဆိုတဲ့ မြို့ကအဖေတွေဆီသွားတဲ့ adventure ပုံစံသွားတာပေါ့။ အဲ့ဒီထဲက ခေတ်မှီတယ်။ သစ်တွေခိုးထုတ်တဲ့အကြောင်းတို့ နောက်သစ်ခိုးတဲ့ ဂိုဏ်းချုပ်ခေါင်းဆောင်သူဌေး ခရိုနီကနေပြီးတော့မှ သြဇာရှိတဲ့လူတွေနဲ့ ပေါင်းသင်းဆက်ဆံအရမ်းကောင်းပြီးတော့ သူက ganstar ကြီးပေါ့။ ဇာတ်လမ်းက အရမ်းကောင်းပြီးတော့ အရမ်းကိုခေတ်ဆန်တာပဲ။ ဒါပေမဲ့ အဲ့ဒီဝတ္ထုကို ရေးခဲ့တာ ၁၉၆၅-၆၆ ခုနစ်ထဲက ဇာတ်လမ်းအရဆိုလို့ရှိရင် အခုထိခေတ်မှီနေတုန်းပဲ။ နောက်အဲ့ဒီကားမှာ တကယ်ဆိုလို့ရှိရင်တော့ မင်းသားမင်းသမီး အသစ်သုံးယောက်ပေါ့နော်။  ဒါပေမဲ့ ကျွန်မတို့ဆရာဟာ မျှမျှတတ အကုန်လုံးကို သူ့ကာရိုက်တာသူပေါ်လွင်အောင် သူကိုယ်တိုင်ဇာတ်ညွှန်းရေးတယ်လေနော်။ ကျွန်မတို့ကိုကြည့်ပြီးတော့မှ develop လုပ်တဲ့အတွက် script ကနှစ်နှစ်လောက်လုပ်ထားတာဖြစ်တဲ့အတွက် ကျွန်မတို့အတွက်လည်း ခက်ခက်ခဲခဲ သိပ်မရှိဘူး။

၉။ အန်တီအကယ်ဒမီရခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေရဲ့အမည်ကိုလည်း သိပါရစေ။ အဲ့ဒီကားတွေနဲ့ ပတ်သက်ပြီး အခက်အခဲလေးတွေ၊ ကြိုးစားအားထုတ်ခဲ့ရတာလေးတွေ၊ အမှတ်တရလေးတွေကိုလည်း ပြန်မျှဝေပေးပါဦးရှင့်။

အဲ့ဒီကားလေးတစ်ကားလေး ကြိုက်ပါတယ်။ မိန်းကလေးရှင်ရဲ့ဆန္ဒဆိုတဲ့ နာမည်နဲ့တော့ ရုပ်ရှင်ရိုက်ရတာပေါ့။ ဒါပေမဲ့လို့ သူရဲ့အမေနဲ့သမီးများဆိုတဲ့ဝတ္ထုရှိတယ်။ အမေတစ်ယောက်ရှိတယ်။ သူရဲ့အစ်မကနေသေသွားတော့ ကျန်ခဲ့တဲ့သမီးတစ်ယောက်ရှိတယ်။ တူမတစ်ယောက်ရှိတယ်။ အဲ့ဒီခဲအိုကိုပဲ အမေလုပ်တဲ့သူကယူရမယ်ဆိုလို့ ပြန်ယူလိုက်တယ်။ ယူလိုက်တော့ နောက်ကလေးသမီးသုံးယောက်ရှိတယ်။ သမီးလေးယောက်နဲ့ အမေတစ်ယောက်ပေါ့။ အဲ့ဒီလိုမျိုးဇာတ်လမ်းပေါ့။ တစ်ချိန်ကျတော့ အမေလုပ်တဲ့သူကပွဲစားတွေဘာတွေလုပ်ရင်းနဲ့ အစ်မကြီးကမွေးတဲ့ သမီးအကြီးဆုံးလေးက ဆေးတက္ကသိုလ်ကျောင်းသူဖြစ်နေပြီ။ အဲ့ဒီ့အချိန်ကျမှ သူ့ရဲ့ colleage က first love နဲ့ ပြန်တွေ့တာ။ တွေ့တဲ့အခါကျတော့ သူတို့တွေတာတွေဘာတွေကို စိတ်ကူးတာတွေကို ဒီကအမျိုးသမီးဘက်က သမီးတွေကမကြိုက်တာ။ အဲ့ဒါကြောင့် သမီးတွေက မကြိုက်တော့ အဲ့ဒီကားကိုက အမေနဲ့သမီးများဆိုပြီးဖြစ်တာ။ သမီးတွေက မကြိုက်တော့ သဘောမတူနိုင်ဘူးနဲ့ conflict ကအဲ့ဒီမှာပဲစဖြစ်တာ။ အကြီးဆုံးတစ်ယောက်က college ကျောင်းသူလည်းဖြစ်သွားပြီဆိုတော့ သူရဲ့ IQ ကလည်းမြင့်သွားပြီးဆိုတော့ ဟိုဘက်ကလူကိုပါ တစ်ခါထဲ direct ပြောတာတို့ ဘာတို့ပေါ့။ အဲဒီ့ ကာရိုက်တာလေးလည်း ကောင်းပါတယ်။ အကြီးဆုံးသမီး သူက extrovert ဖြစ်တဲ့အခါကျတော့ ဖြစ်လာပြီဆိုလို့ရှိရင် နည်းနည်း negative ဖြစ်တယ်။ ကြီးတော်ရှိတာကို သူကလည်း တူမလေးဆိုတော့ Mole သွင်းထားတာကို ခေါင်းထဲကိုလည်း စိတ်တွေထည့်ပေးထားတာဆိုတော့ သူကနည်းနည်းအမြင်စောင်းတာပေါ့။ ကျန်တဲ့အငယ်တွေကိုလည်း စည်းရုံးပြီးတော့ အမေကို oppose လုပ်တာပေါ့။ ဒါပေမဲ့ အဲ့ဒီအချိန်တုန်းက ကျွန်မတို့နိုင်ငံမှာလည်းပဲ သမီးတွေအများကြီးနဲ့ လူကြီးကတော်တစ်ယောက်ရှိခဲ့ဖူးတယ်။ ဒါကြောင့်မို့လို့ အမေနဲ့သမီးများဆိုတဲ့ နာမည်ကိုမပေးရဘူး။ အဲ့ဒါနဲ့ ဝတ္ထုနာမည်ကတော့ ရတယ်လေ။ ရုပ်ရှင်မှာတော့မရဘူးလို့ပြောတာနဲ့ မိန်းကလေးရှင်ရဲ့ ဆန္ဒဆိုတဲ့ခေါင်းစဉ်ကို ပြောင်းပေးရတာဖြစ်ပါတယ်။ ဒီလိုပဲ ကျွန်မနောက်ဆုံးရိုက်ခဲ့တဲ့ကားကျတော့ သမီးနဲ့အမေများဖြစ်သွားရော။ အမေသုံးယောက်ရှိတယ်။ colleage ကျောင်းသူများဖြစ်တယ်။ နီနီရယ်၊ ဝါဝါရယ်၊ စိမ်းစိမ်းရယ် အဲ့ဒီထဲကမှ မော်လမြိုင်ဘက်ကိုသွားကြတယ်။ သူပုန်အဖမ်းခံရတယ်။ ပြန်လွတ်လာကျတဲ့အခါကျတော့ အဲ့ဒီထဲကတစ်ယောက်မှာ ကလေးပါလာတယ်။ အဲ့ဒီပါလာတဲ့ကလေးကို အဖေဘယ်သူလည်းဆိုတာ မပြောကြေး၊ အမေဘယ်သူလည်းဆိုတာ မပြောကြေး ဆိုပြီးသုံးယောက်လုံးက ဝိုင်းကျန်ဆိုကြတယ်။ အဲ့လိုကြည့်ရင်းကြည့်ရင်းကနေ အဲ့ဒီ့သမီးလေးက အလွန်တရာမှ နာမည်ကြီးတဲ့ ရုပ်ရှင်မင်းသမီးကြီးဖြစ်လာတယ်။ အဲ့ဒီအခါကျတော့ သူ့အမေကိုပြန်ရှာတာပေါ့။ ဒါလည်း adventure တစ်ခုပဲ။ ပြန်ရှာတဲ့အခါကျတော့မှ ဘယ်သူဖြစ်မလဲဆိုတာ ရှာတယ်။ အဲ့ဒီ့ကားကတော့ ဒါရိုက်တာဦးကြည်စိုးထွန်း ရိုက်တာ။ ကျွန်မအတွက်လည်းပဲ last movie ပါပဲ။ ကာရိုက်တာတွေက ကောင်းလို့ရှိရင်ကောင်းပါတယ်။ ကားထုပ်၂ဝဝ ရိုက်ခဲ့တဲ့အထဲမှာ prominent ဖြစ်တဲ့ကာရိုက်တာနဲ့ ရိုက်ခွင့်ရခဲ့တာဟာ ကားထုပ်၂ဝ မပြည့်ပါဘူး။ သူများနိုင်ငံက မင်းသမီးတွေဆို ကားထုပ်တစ်ထုပ်ဆို ဆိုသလောက် အလွန်မှ မှတ်မှတ်ထင်ထင်ရှိတယ်လေ။ ကျွန်မတို့တော့ ကားထုပ် ၂ဝ မှာ မနည်းကြီးကို ရှာရတယ်။ အခွင့်အလမ်းနည်းတာ။ story set up လုပ်တဲ့အခါကျလို့ရှိရင် ဇာတ်လမ်းကိုပဲ သစ္စာရှိကြတယ်။ ဒါရိုက်တာကလည်း ဇာတ်လမ်းကိုပဲ သစ္စာရှိကြတယ်။ မင်းသား၊ မင်းသမီးကလည်း ဇာတ်လမ်းကိုပဲ သစ္စာရှိကြတယ်။ ဇာတ်လမ်းကလည်း ဇာတ်ကောင်ကိုပဲ အားပြုပြီးရေးတာဖြစ်တယ်။ အဲ့ဒါကြောင့်မို့လို့ ပိုပြီးတော့ ရိုက်ရတာလည်းကောင်းတယ်။ အိုင်တင်လုပ်ရတာလည်း ကောင်းတယ်။ ဇာတ်ထုပ်တွေကလည်း ဂန္ထဝင်အဖြစ်နဲ့ကျန်ခဲ့တာပေါ့။

၁ဝ။ အခုလက်ရှိမှာ အန်တီ့ကိုပရိသတ်တွေလက်ခံထားတာက အကယ်ဒမီဆုရထူးချွန် အနုပညာရှင် တစ်ဦးအပြင် လူမှုရေးနဲ့ ပရဟိတလုပ်ငန်းတွေမှာ တက်တက်ကြွကြွပါဝင်လုပ်ဆောင်ဖြစ်နေတဲ့ ပြည် သူချစ်မိန်းမသားတစ်ဦးပေါ့နော်။ ဒီလမ်းခရီးကို ဘယ်လိုကြောင့် ရွေးချယ်ချိုးကွေ့ဖြစ်ခဲ့တယ်ဆိုတာ လေးကိုလည်း သိပါရစေရှင်။

ကျွန်မတို့ရုပ်ရှင်မှာတော့ အရင်တုန်းကဆို ရုပ်ရှင်ကောင်စီဆိုတာရှိတယ်။ ဒီ community ကြီးတစ်ခုလုံးကို ထိန်းချုပ်ဖို့ဆိုတော့ထားတဲ့အဖွဲ့တစ်ဖွဲ့ပေါ့။ ၈၈ အရေးခင်းပြီးတဲ့အခါကျတော့ မြန်မာပြည်ကြီးမှာ the very first NGO အနေနဲ့ register လုပ်တာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဖြစ်ပါတယ်။ ထူထောင်ပြီးတဲ့အခါကျတော့ ကျွန်မကမြင်လာတယ်လေ။ လူတွေဟာ အစိုးရနဲ့ ပေါင်းစားမယ်။ စားမယ် ဆိုတာတွေ ကျွန်မကမြင်လာတယ်။ creative industry ကပြည်သူလူထုရဲ့အကျိုးအတွက် အသုံးခံကြီးဖြစ်တော့မယ်လို့ မြင်လာတယ်လေ။ ဒါကြောင့်မို့လို့ camera အရှေ့မှာနေလို့ရှိရင်တော့ ကိုယ့်ပါးစပ်နဲ့ ကိုယ့်မျက်နှာကြီးကို သူများပြောခိုင်းတဲ့ဟာတွေ ပြောရတော့မယ်လေ။ ကျွန်မ ရုပ်ရှင်မင်းသမီးမလုပ်ဘူးဆိုပြီးတော့ ကျွန်မကိုယ်တိုင်ပဲ ရပ်လိုက်ပါတယ်။ ရိုက်စရာကားတွေလည်းရှိပါတယ်။ ရိုက်ဖို့တွေပြောနေကျတာလည်း ရှိပါတယ်။ ဒါပေမဲ့လို့ ကျွန်မမရိုက်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ နောက် industry ကိုကူညီဖို့အတွက်ဆို အရင်းအနှီးလိုတယ်။ အရင်းအနှီးက အဲ့ဒီအချိန် 90 တွေမှာ ဘယ်မှာရှိလဲဆိုတော့ international dono တွေဆီမှာရှိတယ်။ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်မှုဆိုတာမျိုးတို့၊ capacity building ဆိုတာမျိုးတော့ပေါ့နော်။ media development ဆိုတာတွေ အဲ့ဒါတွေအတွက် fan တွေက အကြီးကြီးပဲရှိနေတယ်။ အဲ့ဒီတော့ အပြင်မှာရှိတဲ့ fan တွေကို ဒီကိုယူလာပြီးတော့ လုပ်ပေးချင်တယ်။ ဒါကြောင့်မို့လို့ ကျွန်မ NGO မှာ အလုပ်လုပ်ပါတယ်။ နောက် UNC တွေမှာလည်း consultant အနေနဲ့ လုပ်ပါတယ်။ လုပ်ရင်းနဲ့ သင်တာပေါ့။ သင်ရမယ်မှန်းသိတယ်လေ။ အဲ့ဒါကြောင့်မို့လို့ တစ်ချို့ ကျွန်မနဲ့ same batch တွေတော့ အဲ့ဒီအချိန်မှာကို 90 တွေမှာ သင်စရာမလိုဘူး။ ပြီးသွားပြီလို့ထင်တဲ့လူတွေ ရှိပါတယ်။ ကျွန်မကိုယ်တိုင်ကတော့ ဒါဟာသင်ရမယ်။ အစကနေစသင်ရမယ်။ trend တစ်ခုကိုသွားနေပြီဆိုတာ မြင်နေရတယ်လေ။ အဲ့ဒါကြောင့်မို့လို့ သင်ပါတယ်။ 2000 မတိုင်ခင်လောက်ထဲက Miss 90 လောက်ထဲက digital platform ကိုလည်းမြင်မိပါတယ်။ ဒါကြောင့်မို့လို့လည်း ကျွန်မ computer သင်တန်းမျိုးတို့ ဘာတို့ အဲ့ဒါမျိုးတွေ ကျွန်မလုပ်ပါတယ်။ ကွန်ပျူတာသင်တဲ့အချိန်ကဆို 1993 အသက်လေးဆယ်မှ သင်တာလေ။ အမေကဆို နင်မရှက်ဘူးလားလို့ ဘာလို့ဆို ၁ဝတန်းဖြေပြီး ၁၆၊၁၇ အရွယ်ကလေးတွေနဲ့ တူတူတက်ကြတာ british Council မှာ ဒေါ်လာ ၁၂ဝ ပေးပြီးတော့ အဲ့လိုသင်ခဲ့ပါတယ်။ ဘာလို့ဆို ကွန်ပျူတာမှ မတက်လို့ရှိရင် နောက်ကိုယ်သင်ချင်တဲ့ဟာတွေကို သင်ဖို့ allocate လုပ်ဖို့ ခက်သွားမယ်လို့ ထင်လို့ အဲ့လိုမျိုးသင်ခဲ့ပါတယ်။ နောက်ကျွန်မ report writing ဆိုတာမျိုး proposal writing ဆိုတာမျိုးတို့ သင်ပါတယ်။ နောက် 90 တွေတုန်းကပေါ့နော်။ စိတ်ထဲမှာ ABCD မှမတက်ရင် အလုပ်ဖြစ်မှာမဟုတ်ဘူး အခုဆိုတော့ ကျွန်မ english language တွေလည်း သင်ပါတယ်။ American center မှာ TOFEL တွေလည်း ဖြေပါတယ်။ ပြီးတော့ company တစ်ခုကို run လို့ရှိရင် business course တွေလည်းတက်ပါတယ်။ ဘယ်လောက်ထိသွားတက်လည်းဆိုလို့ရှိရင် English scriptary course ဆိုတာရှိသေးတယ်။ ဒေါ်လာ တစ်ရာလောက်ပေးရတယ်။ အဲ့ဒါလည်းပဲ british council မှာသွားတင်ပါတယ်။ ဘာလို့လဲဆိုတော့ company ကြီးတစ်ခုလုံးကို ဘာတွေလိုလည်းဆိုတာ အဲ့ဒီကနေပြီးတော့ 99 ကိုရောက်တဲ့အခါကျတော့ population service international ကနေပြီးတော့ အလုပ်လုပ်ဖို့ ကမ်းလှမ်းပါတယ်။ မြန်မာပြည်မှာ ရှိပါတယ်။ သူတို့စပြီး  funding လုပ်တဲ့အချိန်က entertainment equcation HIV mini series တစ်ခုထုတ်မယ်လို့စီစဉ်တဲ့အချိန်မှာ လူနှစ်ယောက်ကို ကမ်းလှမ်းပါတယ်။ ကိုအောင်ကိုလတ်ရယ် ကျွန်မရယ်ပေါ့။ ကိုအောင်ကိုလတ်ကတော့ freelance အနေနဲ့ကို ပိုက်ဆံနဲ့ရိုက်ချင်တယ်ပေါ့။ ကျွန်မကျတော့ အဲ့လိုမဟုတ်ဘူး သူတို့ရဲ့ program ကိုလေ့လာချင်တယ်။ ပြီးသွားလို့ရှိရင် script develop လုပ်မယ်။ နောက် script expect တစ်ယောက်ကို ခေါ်လာပြီး အဲ့ဒီဟာတွေကို ကျွန်မအနေနဲ့ မက်တယ်။ ကိုယ်လတ်အနေနဲ့က အဲ့ဒီဟာတွေကို မလုပ်လိုဘူးလေ။ သူ့အဖွဲ့တွေနဲ့ သူကလည်းပဲ freelance အနေနဲ့ပဲလုပ်ချင်တာ။ အဲ့ဒါနဲ့ ကျွန်မတစ်ပတ်လောက်စဉ်းစားတယ်။ သူပြောတဲ့ incentive တွေက အရမ်းကောင်းတာပဲ။ ပိုက်ဆံအနေနဲ့က သုံးလေးရာလောက်ပဲဆိုတော့ officer ကစရတာကို ရာထူးကလည်း မမြှင့်ဘူး။ ဒါပေမဲ့ product ကြီးကအရမ်းကြီးတယ်။ အဲ့ဒီ product ရဲ့ နောက်မှာပါလာတဲ့ capacity building ကလည်း အခွင့်အလမ်းတစ်ခုပဲ။ ဒီနေရာလိုဟာမျိုးက ဘယ်နေရာမှာမှရှာလို့မရဘူးဆိုတာမြင်တယ်။ အဲ့ဒါနဲ့ ကျွန်မက ဝန်ထမ်းအဖြစ်နဲ့လုပ်ပါတယ်။ နှစ်နှစ်လောက် ဝင်လုပ်မယ်။ ဒီ  TV series တစ်ခုကိုလည်း ရိုက်ဖြစ်အောင်လုပ်မယ်။ ကိုယ့်ရှေ့မှာပဲ HIV နဲ့ဆုံးရှုံးသွားတဲ့ မိန်းမလျာတွေလည်း အများကြီးတွေ့ခဲ့တယ်လေ။ အဲ့ဒါတွေအတွက်လည်း passion ရှိတယ်လေ။ နှစ်နှစ်လုပ်မယ်လို့စိတ်ကူးပြီးတော့လုပ်ခဲ့တာ 99 ကနေ 2013 လေ။ အသက်ခြောက်ဆယ်ပြည့်မှပဲ ပင်စင်ယူပါတယ်။ ဒီလိုနည်းအားဖြင့် ကျွန်မကိုယ့်ကိုယ်လည်း capacity building ရအောင်လုပ်ပါတယ်။ အဲ့ဒီလိုလုပ်ခြင်းအားဖြင့် grace ကဘာလုပ်တက်သွားလဲဆိုတော့ အပြင်မှာရှိနေတဲ့ network ကြီးပါရသွားတယ်။ ဘယ်နေရာမှာ ဘယ်လို fanding တွေရှိလဲဆိုတာသိသွားတယ်။ ဘယ်သူ့လက်ထဲမှာရှိတယ်။ ဘယ်သူကိုင်နေလဲဆိုတာ သိသွားတယ်။ နောက် identity တစ်ခုလည်းရသွားတယ်။ ဒီတိုင်းပြည်မှာ entertainment  education process နဲ့ approach လိုချင်ရင် Grace ဆီသွားမေးဆိုတာဖြစ်သွားရော ဒီလိုနည်းအားဖြင့် ကျွန်မလူအများကို ကူညီနိုင်တာပေါ့။ ကျွန်မကတော့ သူဌေးမဟုတ်ပါဘူး။ ဒါပေမဲ့ project တွေကို ဖြစ်အောင် ချိတ်ဆက်ပေးလို့ ရသွားတာပေါ့။

၁၁။ လက်ရှိအန်တီတာဝန်ယူဆောင်ရွက်နေတဲ့လုပ်ငန်းတာဝန်လေးတွေကိုလည်း သိပါရစေ။

ကျွန်မက နိုင်ငံတကာငြိမ်းချမ်းရေးအဖွဲ့ချုပ်မြန်မာ Universal Peace Federation  Myanmar ရဲ့ ဥက္ကဋ္ဌဖြစ်ပါတယ်။ နောက်မြန်မာနိုင်ငံအသိဥာဏ်ပစ္စည်းဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှာလည်း ဒုဥက္ကဌဖြစ်ပါတယ်။ နောက် myanmar mobile education project ဆိုတာ နောက်လက်ဖက်ရည်ဆိုင်က ကလေးတွေကို ကားတွေနဲ့ လှည့်ပြီးစာသင်တယ်လေ။ အဲ့ဒီ့အလုပ်ကို လုပ်တဲ့ project မှာလည်း ကျွန်မက ဌာနီကိုယ်စားလှယ်အနေနဲ့ လုပ်ပါတယ်။ နောက် CSG ဆိုတာလေ ကျွန်မ 2000 ကတည်းက registration လုပ်ထားတဲ့ company ဖြစ်ပါတယ်။ အဲ့ဒီ  company ကို registration လုပ်တာလည်း PSI က ကျန်းမာရေးဝန်ကြီးဌာနနဲ့လုပ်တာလေ။ MOU ထိုးတဲ့အခါကျတော့ သူက သူ့ platform မှာ desie area ၆ခုပဲရှိတယ်။ ဒီ  desie area ခြောက်ခုကလွဲပြီးတော့ လုပ်ပိုင်ခွင့်မရှိဘူး။ ဒီ့ထက်ပိုတဲ့ လုပ်စရာရှိတာတွေလုပ်လို့ရအောင်ဆိုပြီးတော့ ကျွန်မက CSG ဆိုတဲ့ Communication services ဆိုတဲ့ group ကိုထောင်ခဲ့ပါတယ်။ 2000 ထဲကပါ။ အဲ့ဒီ့ကနေပြီးတော့ managing director အဖြစ်နဲ့ အပြင်ကနေလာပြီးတော့ ရိုက်တဲ့ service ပေးပါတယ်။ နောက် event တွေ ဘာတွေလည်း လုပ်တယ်။ ထိုင်းနိုင်ငံနဲ့ မြန်မာနဲ့ အဝတ်အထည်ပွဲဆိုရင်လည်း ကျွန်မက ဒီဘက်ကနေ organize လုပ်ပါတယ်။ ကျွန်မ ပိုက်ဆံယူပြီးတော့ လုပ်တဲ့လူမဟုတ်ပါဘူး။ ဒီဘက်ကနေပြီးတော့ technical service ပေးတာပါ။ technical service ပေးတဲ့အခါကျလို့ရှိရင်လည်း လက်မှတ်ရောင်းပြီး ပိုက်ဆံရှာတာမျိုးကိုတော့ ကျွန်မမလုပ်ပါဘူး။ နိုင်ငံချစ်ကြည်ရေးလိုဟာမျိုး၊ ယဉ်ကျေးမှုပူးပေါင်းဖလှယ်တဲ့ဟာမျိုးတို့ နောက်ပညာသည်တွေအချင်းချင်း sharing လုပ်တဲ့ဟာမျိုတို့ academic တွေအချင်းချင်း sharing လုပ်တဲ့ဟာမျိုးတို့ academic result တို့ ကျွန်မက ကူညီပါတယ်။ နောက် event တွေလည်းလုပ်ပါတယ်။ နောက်ကျွန်မရဲ့ branch အောက်ထဲမှာ Miss Golden land Myanmar ဆိုတဲ့ branch တစ်ခုလည်းရှိပါသေးတယ်။ group ထဲကပေါ့။ အဲ့ဒီ့ဆိုလည်း talent တွေကိုထွက်လာအောင်ဆိုပြီးတော့ လုပ်ပေးတယ်။

နောက်တစ်ခြား community CSR အနေနဲ့က Grace မနှစ်က ၂ဝ၁၆ ကနေ ၂ဝ၁၇ အတွက် နှစ်နှစ်စာဆိုပြီး proposal တစ်ခုကိုဆွဲပါတယ်။ ရွာတွေမှာရှိတဲ့သူတို့တွေကို edu shaping life education ဟာလူ့ဘဝကို ဘယ်လောက်ပြောင်းလဲစေလဲဆိုတာ ပြောပြတဲ့ activity တစ်ခုအတွက် ကျွန်မ project တစ်ခုဆွဲပါတယ်။ ရည်ရွယ်ချက်ကတော့ ပညာတတ်တဲ့လူက ပညာသင်ပိုင်ခွင့်ရှိတဲ့ကလေးကပေါ့ better future ကိုရနိုင်တယ်ပေါ့။ ပညာဆိုတာဟာကျောင်းမှာတင် မဟုတ်ဘူးလေ။ formal ရော non formal ရောပဲပေါ့နော်။ educational vocational training တွေရဲ့ အကြောင်းတွေရယ် အထူးသဖြင့် target ကတော့ မအေတွေကို ထားတာ။ ကျွန်မ မကြာမကြာတွေ့တွေ့နေရတယ်။ ပိုက်ဆံယူပြီးတော့ ကလေးတွေကို ပစ်ပစ်သွားတယ်လေ။ ကလေးရဲ့ လုပ်ခများကိုယူယူသွားတဲ့ အမေများကိုတွေ့တယ်။ အဲ့ဒါကြောင့်မို့လို့ ကျွန်မရွာတွေထိသွားပြီးသွားပါတယ်။ ရည်ရွယ်ချက်တိုင်းကတော့ ပြည်နယ်နဲ့တိုင်း ၁ဝ ခုကို လူတစ်သောင်းလောက်တွေ့ရရင်ပြီးရောလို့ ကျွန်မကစိတ်ကူးပါတယ်။ ဒါပေမဲ့ ပြည်နယ်နဲ့တိုင်း ၁၃ခုကို လူသုံးသောင်းတွေ့ရပါတယ်။ လူကိုယ်တိုင်တွေ့ပြီးတော့ ပြောရတာဆိုတော့လေ by mouth of mouth ကလည်း effective ဖြစ်ပါတယ်။ တယ်လီဗီရှင်းကပြောတာတော့ ကြည့်ပြီးပြီရော ဆိုတာမျိုးလည်းရှိပါတယ်။ လူကိုင်တိုင်တွေ့တဲ့အခါကျတော့ သူက passion ရှိတာကို များသောအားဖြင့်လည်း နယ်တွေမှာက ကျွန်မရဲ့ ပရိသတ်တွေ ပရိသတ်ရဲ့သားသမီးတွေဖြစ်ကြတာဆိုတော့လေ ပြောလို့ကောင်းပါတယ်။ ကျွန်မလူအုပ်စုသုံးအုပ်စုနဲ့ ပေါင်းပြီးသွားပါတယ်။ တစ်ခုကကျတော့ စာရေးဆရာတွေ ဟောပြောပွဲတွေသွားတဲ့အခါလည်းပဲ လိုက်သွားပါတယ်။ နောက်တစ်ခုက အဲ့ဒီရွာမှာရှိနေတဲ့ ရွာခံပရဟိတအဖွဲ့တွေရှိတယ်လေ။ ဘုန်းကြီးကျောင်းပညာသင်တာတို့ စာကြည့်တိုက်တို့ အဲ့ဒီ community နဲ့သွားပါတယ်။ နောက်တစ်မျိုးကတော့ ပြန်ဆက်ဆိုတာကတော့ မြန်မာပြည်တစ်ပြည်လုံးမှာရှိတယ်လေ။ ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးက သူတို့ကလည်းပဲ သူတို့ရဲ့ ပါလီမန်အမတ်လေးတွေနဲ့ပေါ့နော်။ ပေါင်းပြီးတော့ စီစဉ်တဲ့ဟာမျိုး၊ ကျောင်းတွေမှာလည်း အဲ့ဒါမျိုးကို လုပ်ပါတယ်။ အဲ့ဒါကတော့ ဒီ ဒီဇင်ဘာဆိုပြီးပြီပေါ့။ နောက်နှစ် 2018 ရဲ့ resolution ကတော့ နှစ်တိုင်းကျွန်မက resolution ထုတ်တာပေါ့။ 2018 ရဲ့ resolution မှာတော့ ကျွန်မ Production တွေထုတ်မယ်လို့ စိတ်ကူးထားပါတယ်။ အနည်းဆုံး series တစ်ခု၊ documentary ကတစ်ခု၊ features ကတစ်ခုလို့ ထုတ်မလို့ စိတ်ကူးထားတယ်။ ဘာလို့ဆို လူတွေအကုန်လုံးက ပြောကြတယ်လေ production မှာ quality production မထုတ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဈေးကွက်ကြောင့်လို့ပြောတယ်။ quality production နောက်ကမလိုဘူး။ ပေါပေါပဲပဲရယ်စရာရိုက်ပြ ပိုက်ဆံရတာပဲ အန်တီ grace ကသာပြောနေတာ ဟိုမှာကြည့် ဝင်တဲ့ဝင်ငွေကသိန်းပေါင်းကို ထောင့်နှစ်ရာ၊ထောင့်ခြောက်ရာတို့ဘာတို့ အဲ့ဒီ့လိုမျိုးတွေ ပြောနေကျတာဆိုတော့ ကိုယ်ကလည်းထုတ်လို့ရပါတယ်ဆိုတာ သိစေချင်တဲ့အတွက်ကြောင့်မို့လို့ 2018 ကိုတော့ production ကိုထုတ်မယ်။ ပြီးတော့ 2020 မြန်မာရုပ်ရှင်နှစ်တစ်ရာပွဲတော်အကြိုကို စာတမ်းဖတ်ပွဲတစ်ခုကိုလည်း လုပ်ဖို့စိတ်ကူးတယ်။ အဲ့ဒါလည်းပဲ ရေးဖို့အစီအစဉ်ရှိပါတယ်။ 2018 မှာ Hollywood တို့ bollywood တို့ကနေပြီးတော့ asia တို့ korea တို့ကလည်း သူငယ်ချင်းတွေကို စာတမ်းဖတ်ပွဲလေးတစ်ခုလုပ်မယ်လို့ပြောထားတယ်။ သူတို့ကိုလည်း ရေးပါလို့ပြောထားတယ်။ တစ်ချို့လည်း မနှစ်ထဲကလာပြီးတော့ research လုပ်သွားတာတွေရှိတယ်။ အဲ့ဒါကိုတော့ မြန်မာလိုပဲပြောရမလား၊ အင်္ဂလိပ်လိုပဲ ဖတ်ရမလား စဉ်းစားနေတုန်းရှိသေးတယ်။ ကျွန်မလုပ်ဖို့ စိတ်ကူးထားတဲ့ resolution နှစ်ခုပါ။

နောက်စာသင်တဲ့အလုပ်ကို လုပ်တယ်။ ကိုယ့်မှာ energy ရှိတုန်းလေ အတတ်ပညာတွေ အသိပညာတွေလိုတဲ့သူတွေအတွက် စာသင်ပါတယ်။ ရုပ်ရှင်ကားထုပ်များကောင်းဖို့ရာ အဓိကအရေးကြီးဆုံးက ဇာတ်ညွှန်းဖြစ်တယ်။ ဒါကြောင့်မို့လို့ ဇာတ်ညွှန်းသင်တန်းကို ပေးပါတယ်။ ဇာတ်ညွှန်းကိုလည်း fan Myanmar နဲ့ မနှစ်ကရော ဒီနှစ်ကော ပေးပါတယ်။ ဘာဖြစ်လို့ဆို ကျွန်မကိုယ်တိုင်ကကို ဇာတ်ညွှန်း course ကို သင်ယူခဲ့တာဖြစ်ပါတယ်။ USCLA မှာသင်ခဲ့ရတာ။ အဲ့ဒါဖြစ်တဲ့အတွက်ကြောင့် အဲ့ဒီက technique တွေကိုယူလာတာပေါ့နော်။ အဲ့တော့ memory ရုပ်ရှင်ပွဲတော်တစ်ခုကို လုပ်တဲ့အခါကျတော့ အဲ့ဒီထဲမှာ ဇာတ်ညွှန်းသင်တန်းကိုပါ ထည့်ပေးလိုက်တာပါ။ ထည့်ပေးလိုက်ပြီးတော့မှ myanmar script fan ကနေမှ ရွေးလို့ရတဲ့လူတွေကို ရုပ်ရှင်ပွဲတော်တို့ ရုပ်ရှင်ပွဲတော်တို့မှာ ရှိတဲ့ ဇာတ်ညွှန်း training class တွေရှိတယ်။ တို့ တို့ အဲ့ဒီကို မြန်မာ project ပါသွားအောင်ဆိုပြီးတော့ ပို့ဖြစ်အောင် အရွေးခံရတာပါ။ သူတို့လည်း အပြိုင်အဆိုင်ပြိုင်ပြီးတော့ အရွေးခံကြတာပါ။ သုံးနှစ်ကြာပြီးတော့ open door lap  ဆိုပြီးတော့ မှာ ကိုဝီရရဲ့ကားက ဆုရပါတယ်။ သူ့ product ကို ယူရို ၁ သောင်းခွဲလားပေးပါတယ်။ CNC Franch ကလည်း ၅ဝဝဝ ပေးပါတယ်။ အဲ့လိုနဲ့သူက စရိုက်ရမှာပေါ့။ အဲ့လိုရသွားပြီဆိုတော့ သူက နှစ်နှစ်အတွင်းရိုက်ရတယ်လေ။ ရိုက်ပြီးသွားတော့ grant ပေးတဲ့ဆီမှာ post production ပြန်ပေးရတယ်။ ကျွန်မတို့ တောက်လျှောက်လုံး အဲ့ဒီ့လိုထုတ်နေတာပါပဲ။ တစ်ချို့ကလေးတွေလလည်း short film လေးတွေ documentary လေးတွေကို ရုပ်ရှင်ပွဲတော်တွေမှာ ဆုရတာတွေလည်း ရှိပါတယ်။ ဟို main steam  ရှိတဲ့ မြန်မာပြည်က ဟိုဒင်းကတော့ resilient လို့ခေါ်တာပေါ့။ ဘာသာပြန်တာကတော့ အကြောမာနေတယ်။ ကိုယ့်ပြည်တွင်းထုတ်လုပ်ရေးကတော့ ရှိတာပေါ့။ ဒါပေမဲ့ next wave ကတော့လုပ်လာရမှာပဲ။ ကျွန်မတို့တုန်းကလည်းရှိတာပဲ။ ရှေ့ကမင်းသား၊ မင်းသမီးကြီးတွေ ကြားထဲကနေပြီးတော့ new wave ကို တီထွင်ပေးရတာဆိုတော့ Memory film festival ကတော့ ဟိုးရှေးရှေးတုန်းက ရုပ်ရှင်တွေပေါ့။ ၃ဝခုနှစ်၊ ၄ဝခုနှစ်၊ ၅ဝခုနှစ် အဲ့လိုတုန်းက ရိုက်ထားတဲ့ရုပ်ရှင်တွေလေ အဲ့ဒီ့ရုပ်ရှင်ကားထုတ်တွေကို ပြန်လည်ထိန်းသိမ်းဖို့အတွက်ဆိုပြီးတော့ ရုပ်ရှင်ကားဟောင်းတွေကို ပြန်ကူးဖို့အတွက်ပေါ့နော်။ အဲ့ဒါအတွက်ရည်ရွယ်ပြီးတော့ miss toration section ပေါ့။ မြန်မာရတနာဆိုပြီးတော့မှ ကျန်ခဲ့တဲ့ နိုဝင်ဘာတုန်းကဆိုရင် ကျွန်မတို့ ၃ကားပြတယ်။ အဲ့လိုတစ်ဖြည်းဖြည်းနဲ့စုသွားရင်းနဲ့ ၂ဝ၂ဝ နှစ်တစ်ရာလောက်ကြရင် ၄၊ ၅ကားပြနိုင်ဖို့အတွက်ရည်ရွယ်ထားပါတယ်။

၁၂။ စာပေဟောပြောပွဲစင်မြင့်ထက်မှာလည်း ပရိသတ်တွေအားပေးနှစ်သက်တဲ့သူတစ်ဦးအဖြစ် အန် တီ့ကို မြင်တွေ့ရပါတယ်။ လူတစ်ယောက်ရဲ့ဘဝမှာ စာဖတ်ဖို့ ဘယ်လောက်အရေးကြီးတယ်လို့ ထင် ပါသလဲ။ ဘာကြောင့်ပါလဲ။

အခုအချိန်မှာကတော့ ကျွန်မရဲ့တွေးမိသလောက်ကတော့လေ စာအကြောင်းကို ပြောတဲ့လူသုံးမျိုးရှိပါတယ်။ စာပြောဆရာရယ်၊ စာရေးဆရာရယ်၊ စာဟောဆရာရယ်ဆိုပြီးတော့ သုံးမျိုးရှိပါတယ်။ စာပြောဆရာရယ်ဆိုပြီးတော့ သူများရေးပြီးသားစာတွေကို ပြန်ပြောပြတာ ကျောင်းဆရာ၊ ဆရာမတွေလိုမျိုး ကျူရှင်ဆရာလိုမျိုးပေါ့နော်။ guide လည်းပဲ ဒီထဲမှာပါပါတယ်။ သူက ရေးပြီးသား စာတွေကို ပြန်ပြောပြနေရတာ။ စာရေးဆရာဆိုတာကတော့ သူကိုယ်တိုင်ရေးရတာ သူ့ရဲ့ creativity ကအဲဒီထဲမှာပါတယ်။ သူ့ရဲ့ အာဘော်တွေကပါတယ်။ စာရေးဆရာရယ်ပေါ့။ စာဟောဆရာဆိုတာကျတော့ အခု technology ကပြောင်းသွားတဲ့အခါကျတော့ လူတွေကစာသိပ်မဖတ်တော့ဘူး။ မဖတ်တော့တဲ့အခါကျတော့ စာအုပ်ကို ဖတ်လို့ရှိရင်လည်း သူ့ရဲ့အတွေးတွေ thought တွေကို ရအောင် အမြင်တွေကိုရအောင်လုပ်ကြရတာဖြစ်ပါတယ်။ စာလုံးတွေကို မဖတ်နိုင်တဲ့အခါကျတော့ စကားလုံးတွေနဲ့ပြောပြရတာ။ ဒါကြောင့်မို့လို့ ဒီခေတ်ထဲမှာ စာနဲ့ပတ်သက်ပြီး message ပေးတဲ့လူကသုံးမျိုးပေါ်လာတာဖြစ်ပါတယ်။ ဒီထဲမှာ ကျွန်မတို့ကတော့ ငယ်ငယ်ထဲက စာကို ဖတ်ရပါတယ်။ ကျွန်မအဖေဟာလည်း စာစုံဖတ်ခဲ့ပါတယ်။ ကျွန်မလည်းပဲ စာစုံဖတ်ခဲ့ပါတယ်။ သုံးတန်းထဲက ကျွန်မတို့ ကျောင်းမှာ တစ်ပတ်ကို စာအုပ်တစ်အုပ်ဌားရပါတယ်။ ဌားပြီးသွားလို့ရှိရင် ဖတ်ကပါတယ်။ ဖတ်ပြီးသွားလို့ရှိရင် reading class မှာပြန်ပြီးတော့ ပြောပြရတာပေါ့။ Story telling technique တွေကို အဲ့ဒီ့ထဲကစပြီးလေ့လာရတာပေါ့နော်။ ဒီလိုနဲ့စာတွေဟာ အစောတုန်းကတော့ ကာတွန်းကိုဖတ်တယ်။ နောက်ကျတော့ စွန့်စားခန်းတွေကို ဖတ်တယ်။ နောက်အချစ်ဝတ္ထုတွေကို ဖတ်တယ်။ နောက်အိမ်ထောင်ရေးဝတ္ထုတွေကိုဖတ်တယ်။ အဲ့ဒီကနေ နောက်နိုင်ငံရဲ့စီးပွားရေးတို့ ကျန်းမာရေးတို့ trend တွေဘယ်လိုသွားနေလဲဆိုတာ ဖတ်တယ်။ ဖတ်ရင်းကနေပြီးမှ rules of law ဆိုတဲ့ ဥပဒေနဲ့ပတ်သက်တာတွေ မတရားခံရတာတွေ တွေ့လာရတဲ့အခါကျတော့လည်း ဥပဒေကိုသင်ချင်လာတယ်။ ဒီလိုနဲ့လည်း သင်ဖြစ်ခဲ့တာ။ ကျွန်မဖတ်သလိုပဲ ကျွန်မကလေးကိုလည်း စာဖတ်တတ်အာင်လေ့ကျင့်ပေးခဲ့ပါတယ်။ စာဖတ်ခြင်းအားဖြင့် ကျွန်မတို့ရဲ့ အတွေးတွေထဲမှာပေါ့။ မှန်တာတွေက ဘာတွေလဲ။ မှားတာတွေက ဘာတွေလဲ။ စဉ်းစားနိုင်စွမ်းရှိလာတယ်။ critical thinking ရတာပေါ့။ ကျွန်မတို့ဘဝအတွက် အရွေးတွေက ဘာတွေလဲမြင်ရပါတယ်။ ရွေးထုတ်ပြီးတော့ လုပ်ရတာဆိုတော့ ပညာ၊ ဥာဏ် စဉ်းစားပုံ စဉ်းစားနည်းများဟာ စာထဲမှာရှိတဲ့ ကာရိုက်တာတွေကနေ သုံးသပ်ပြီးရတာလို့ ယုံပါတယ်။ ဒါကြောင့်မို့လို့ စာဖတ်ဖို့အရေးကြီးပါတယ်။ တာဝန်ကျေတဲ့မိဘအနေနဲ့ တာဝန်ယူတတ်တဲ့မိဘအနေနဲ့ဆို ကလေးများကို စာဖတ်တဲ့အလေ့အထေကို ပျိုးထောင်ပေးဖို့လိုပါတယ်။ စာသင်နိုင်ခွင့်ကိုလည်း ပေးဖို့လိုပါတယ်။

၁၃။ ယနေ့ခေတ်မှာ လူတိုင်းအသုံးပြုနေကြတဲ့ လူမှုကွန်ရက်တွေအပေါ် အန်တီ့အမြင်လေးကိုလည်း သိပါရစေ။

Social media ကိုသုံးကြတာလေ များသောအားဖြင့်က နှစ်ခုပဲလိုချင်တာ။ တစ်ခုက identity ငါဘယ်မှာဟေ့။ ငါဘယ်သူနဲ့တွေ့နေတယ်။ ဘာတွေစားနေတယ်ပေါ့။ ငါဘယ်လိုဖြစ်တယ်။ ဘယ်လောက်အောင်မြင်တယ်ပေါ့။ ဒါမျိုးတွေကို ပြဖို့အတွက်ပေါ့။ ငါဘယ်လောက်ချောတယ်။ ဘယ်တွေဝတ်ထားတယ်ပေါ့။ ဒါမျိုးတွေပြဖို့အတွက် identity ကို များသောအားဖြင့် ပြဖို့အတွက်သုံးကြတာပေါ့။ နောက်တစ်မျိုးကတော့ networking ပေါ့။ သူကတော့ ဘယ်ကိုရောက်နေတယ်။ အလုပ်လိုချင်ရင် ဘယ်ထဲကိုဝင်ကြည့်လိုက်လေ။ ခေါ်နေတယ်။ ဘယ်နေရာမှာတော့ ဆွေးနွေးပွဲတွေရှိတယ်။ ဘယ်နေရာမှာတော့ ဘယ်ဆရာစာသင်မယ်တို့ အဲ့ဒါမျိုး networking ပေါ့။ အဲ့နှစ်ခုအတွက်ပဲလုပ်ကြတာလို့ ထင်ပါတယ်။ ဒါပေမဲ့လို့ ရတဲ့သတင်းအချက်အလက်ပေါ့။ မှန်တယ်။ မှားတယ် ဆိုတာကို ခွဲခြားစိတ်ဖြာတဲ့ အတွေးက အားနည်းတယ်။ ကျွန်မတို့တိုင်းပြည်မှာကလေ။ မနက်ကဟောပြောပွဲမှာ ဆရာကြီးတစ်ယောက်ပြောသွားတာဆိုရင် ဒီ facebookကရတဲ့ information ရဲ့မှန်မှု မှားမှု ဆိုတာ ၂ဝ % လောက်ပဲ reliable ဖြစ်တာ။ နောက်ကိုယ့်အတွက်အကျိုးရှိတာ ၂ဝ% လောက်ပဲရှိတာ။ ၈ဝ% က waste ပေါ့နော်။ တစ်ယောက်တစ်ယောက်အတင်းပြောတာမျိုးတို့ တစ်ယောက်တစ်ယောက်ပုတ်ခက်တာမျိုးတို့ စော်ကားဒါမျိုးတို့ တစ်ယောက်တစ်ယောက် အာလာပတွေပြောနေတာမျိုးတို့ လူဆိုတာကလည်း မကောင်းတဲ့သတင်းကို နားထောင်ချင်တယ်လေ။ အဲ့ဒီထဲတွေမှာ follow လိုက်ရင်းနဲ့ ကိုယ့်ဘဝထဲမှာ အချိန်တွေကုန်သွားတာဖြစ်တယ်။ အဲ့ဒါတွေကိုလည်း သတိမထားမိဘူး။ နောက် information အဲ့ဒီကရတိုင်း မှန်မမှန်ဆိုတာလည်း နည်းနည်း balance လုပ်ကြည့်ဖို့လိုတယ်လေ။ check လုပ်ရမှာပေါ့။

၁၄။ အလုပ်တွေများတဲ့အန်တီ့အနေနဲ့ စိတ်ဖိစီးမှုတွေကို ဘယ်လိုဖြေလျှော့ပါသလဲ။

Stress ကတော့ ရှိတယ်။ ဒါပေမဲ့ ကျွန်မက project by project လုပ်တက်အောင် ကျင့်ထားတယ်။ နောက်အစ်မတို့ကတော့ အစ်မတို့ကတော့ တစ်ခုပြီးမှတစ်ခုလုပ်ဆိုတဲ့ system နဲ့ကြီးတာ။ ကျွန်မကတော့ ၂ ခုတစ်ပြိုင်ထဲလုပ်တော့ ဘာဖြစ်လဲဆိုပြီး အဲ့ဒီလိုလည်းကိုယ့်ကိုယ်ကို train ခဲ့ဖူးတယ်။ သီချင်းနားထောင်ရင်းလည်းပဲ ဂဏန်းတွက်ရင် တွက်နေတာပေါ့။ နောက်လက်ကအလုပ်လုပ်နေရင်းနဲ့ television ကြည့်ရင်ကြည့်နေတာ။ အဲ့လိုမျိုးလည်း ငယ်ငယ်ကကိုယ့်ကိုယ်ကို train လုပ်တာဖြစ်တဲ့အတွက်ကြောင့်မို့ အလုပ်ကို stress အများကြီးလို့တော့ မထင်ရပါဘူး။ နောက် project တစ်ချို့တစ်လေက ချက်ချင်းလုပ်ရတာရှိတယ်။ တစ်ချို့ project တွေကျတော့ မလုပ်ရသေးဘူး။ စောင့်လိုက်အုံးမယ်။ ၁နှစ်၊ ၂နှစ် ။ တစ်ချို့ project ဆိုလို့ရှိရင် ၁ဝ နှစ်လောက်စောင့်ရတာရှိတယ်။ အစိုးရ policy နဲ့ပတ်သက်နေတဲ့ဟာမျိုးဆို အဲ့ဒါမျိုးဆိုလည်း ကျွန်မဒီလိုပဲ တင်ထားတာပဲ။ နောက် to do list ကို အမြဲရေးပါတယ်။ grace to do ဆိုပြီး to do list ထဲမှာ လောလောဆယ်လုပ်ရမယ့်ဟာ ဒီနေ့လုပ်ရမယ့်ဟာ တစ်လအတွင်းလုပ်ရမယ့်ဟာ နှစ်အလိုက်လုပ်ရမယ့်ဟာ ဒါမျိုးတွေလည်းပဲထားပါတယ်။ တစ်ချို့ဟာတွေလည်းပဲ priotise လုပ်လိုက်ပြီးတော့ drop လုပ်လိုက်တာတွေလည်းရှိတယ်။ ကျွန်မအားစိုက်နေလို့လည်း တစ်ဖက်အတွက်အကျိုးမရှိဘူးဆိုရင်လည်း drop လုပ်လိုက်တာတွေလည်း ရှိပါတယ်။ အရေးကြီးဆုံးကတော့ stress ကိုနဲအောင်ဆိုရင် time-management ကို လုပ်တာဖြစ်တာလေ။ တစ်ခါတစ်လေကျရင်တော့ drop ဖြစ်ပြီး I need a break ဆိုပြီးထွက်သွားတယ်။ ထွက်သွားလို့ရှိရင် လမ်းလျှောက်ထွက်ပြီးတော့မှ တရားစာလေးနားထောင်ပြီးတော့လည်း သွားရင်သွားတယ်။ တစ်ခါတလေတော့လည်း ရေလည်းကူးပြီးတော့ ကိုယ့်ဘာသာ cool down ဖြစ်ပြီးတော့ ပြန်လာတာပေါ့။

၁၅။ အန်တီအနှစ်သက်ဆုံး ဘဝဒဿနလေးရှိရင်လည်း သိပါစေ။

လူဆိုတာကတော့ ကိုယ့်ကိုယ်ကိုပဲ ကောင်းအောင်ကြိုးစားရတာဖြစ်တယ်။ ကိုယ့်ကိုယ်ကို ကောင်းအောင်စောင့်ရှောက်ရတယ်။ နှုတ်အားဖြင့်ရော ကိုယ်အားဖြင့်ရော ကျန်းမာအောင်စောင့်ရှောက်ရမယ်။ စောင့်ရှောက်တဲ့နေရာမှာ energy လေးမျိုးလိုတာပေါ့။ ပထမတစ်မျိုးကတော့ physical energy ပေါ့။ ကာယအားဖြင့် ကျန်းမာတဲ့လူ ကြံ့ခိုင်တဲ့လူ ဖြစ်ရမှာပေါ့။ mental energy စိတ်ဓာတ်ကလည်း တရားမျှတစွာနဲ့ကြည့်တတ်တဲ့စိတ်လိုတယ်လေ။ နောက်တော့ energy မှာ knowledge လဲရှိတယ်လေ။ learning လဲရှိတယ်လေ။ အဲ့တော့ စာတတ်တိုင်းလည်း စိတ်ကခွန်အားပြည့်ချင်မှပြည့်တာလေ။ စာတတ်ပေမယ့်လို့ စိတ်သဘောထားသေးသိမ်တာတွေလည်းရှိတက်တာမို့လို့ စာတတ်တာနဲ့တော့ မဆိုင်ဘူး။ ဘဝမှာ knowledge base solution ရှာနိုင်ဖို့လိုတယ်။ mental energy ပေါ့။ ပြီးတော့ energy လဲလိုပါတယ်။ ဘုရားရှိခိုးတာမျိုးပေါ့။ ကျွန်မလည်း တစ်ခါတလေကျရင် ကြောက်လို့ရှိရင် ပဌာန်းရွတ်တာမျိုးတွေ ရှိပါတယ်။ စိတ်ငြိမ်ချင်ရင် စိန်ပုတီးစိပ်တာတို့ ဘာတို့လည်းရှိပါတယ်။ spequel energy ဆိုတော့ တစ်ချို့ကျတော့ ဘာသာရေးလို့ပြောတာပေါ့။ ဒါပေမဲ့ ကျွန်မအနေနဲ့ကတော့ ဒါ believe ပဲ။ လူတိုင်းလူတိုင်းမှာ different believe ရှိတယ်လေ။ သူ့ believe ကိုလည်း သူလေးစား၊ ကိုယ့် ကိုလည်း သူလေးစားလို့ရှိရင် getting along သွားလို့ရပါတယ်။ နောက်ဆုံးတစ်ခုကတော့ emotional ပေါ့။ emotional ကို control လုပ်နိုင်တဲ့ energy ရှိဖို့လိုတယ်။ ကျွန်မတို့အားလုံးက burning desire တစ်ခုနဲ့ လိုချင်တဲ့ ဆန္ဒတစ်ခုနဲ့ drive လုပ်ပြီး အောင်မြင်အောင် လှေကားထစ်တွေကို တက်လာခဲ့ကြတာ။ အဲ့ဒီအချိန်အတွင်းမှာ personal emotion ကိုတော့ control လုပ်နိုင်ရမယ်။ professionally လုပ်တတ်အောင်ကျင့်ထားရမှာ ဖြစ်တယ်။ အဲ့ဒီတော့ personal နဲ့ professional ခွဲထားနိုင်မှဖြစ်မယ်လေ။ ကျွန်မတို့ အာရှတိုက်သားတွေရဲ့ ဆိုလို့ရှိရင် personal ကရှေ့တန်းကို ရောက်ရောက်လာတယ်နော်။ အိမ်ထောင်ရေး၊ ညီကိုမောင်နှမ အဲ့ဒါမျိုးတွေပါလာတဲ့အခါကျလို့ရှိရင် တရားမျှတအောင် မမြင်နိုင်ဘူးဖြစ်တာပေါ့။ အဲ့ဒီလို ကိုယ့်ရဲ့စိတ်ဓာတ်အတွေးကလေ အဲ့လို energy တွေနဲ့ပြည့်စုံမှသာလျှင် အရွေးတွေကို ရွေးနိုင်မှာဖြစ်ပါတယ်။ ရွေးကိုရွေးတဲ့အခါကျလို့ရှိရင်လည်း ဘယ်တော့မှ shortcut မရှိဘူး။ ဘဝဆိုတာ shortcut မရှိဘူး။ ready made မရှိဘူး။ မရှိဘူး။ Life ကရှေ့ကိုသွားနေရတာ။ ကိုယ့်လုပ်ခဲ့သမျှအားလုံး အရွေးတွေက ကိုယ့်ကိုပဲ drive လုပ်တာ။ ကိုယ်ဘယ်လောက်ခရီးပေါက်လဲဆိုတာ ကိုယ့်အရွေးပေါ်မှုတည်တယ်။ လူတိုင်းလူတိုင်းက အရွေးတွေကို ရွေးရတယ်လေ။ ဒါကြောင့်မို့လို့ ရှေ့တိုးမလား၊ နောက်ဆုတ်မလား၊ ဘယ်ချိုးမလား၊ ညာချိုးမလား၊ ရှိတဲ့နေရာမှာ ငုတ်တုတ်နေရမလားဆိုတာ ကိုယ်ရွေးရတာဖြစ်တယ်။ အဲ့တော့ အဲ့ဒီအရွေးကို ရွေးတဲ့နေရာမှာလည်း stand တစ်ခုပေါ့။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီးတော့ ကိုယ့်ရဲ့ ရပ်တည်ချက်ကို ဆုပ်ကိုင်ရဲတဲ့ သတ္တိတစ်ခုရှိဖို့လိုပါတယ်။

၁၆။ အန်တီ့လိုပဲ နယ်ပယ်အသီးမှာ ကြိုးစားရပ်တည်နေကြတဲ့ မိန်းမသားတွေအတွက် အားပေးစ ကားလေးတစ်ခွန်းလောက် လက်ဆောင်ပါးပေးပါဦးရှင့်။

နယ်ပယ်အသီးသီးမှာ ရပ်တည်နေပြီဆိုရင်တော့ အားပေးစရာကို မလိုဘူး။ အောင်မြင်နေကြပြီပေါ့။  ကျွန်မရဲ့ဆရာမဒေါ်ခင်မျိုးချစ်ဆီမှာ ကျွန်မတို့က အင်္ဂလိပ်စာသင်ပါတယ်။ ၈၈ အရေးခင်းပြီးတဲ့နောက်မှာ ဘယ်မှာမှစာသင်စရာမရှိလို့ ဆရာမကြီးတို့လင်မယားရဲ့ အင်္ဂလိပ်စာသင်တဲ့ဆီမှာ သွားပြီးတော့ Shakespeare တွေကို သင်ပါတယ်။ သမီးနဲ့တူတူပေါ့။ တခြားဆရာ၊ ဆရာမတွေလည်းပါကြပါတယ်။ မသီတာ (စမ်းချောင်း) တို့ သူတို့တွေလည်းပါပါတယ်။ ကျွန်မတို့ အဲ့ဒီ့မှာသွားပြီးတော့ သင်တဲ့အခါကျတော့ ဆရာမကြီးက man for all season ဆိုတဲ့ သူဘာသာပြန်ထားတဲ့ စာအုပ်တစ်အုပ်ကိုပဲ ဖတ်ပြတယ်။ ဖတ်ပြပြီးသွားတော့မှ အဲ့ဒီမှာရှိတဲ့ နန်းရေးဝင်ကြီးတစ်ယောက်ရဲ့ဇာတ်လမ်းကိုပေါ့။ ကျွန်မက အဲ့ဒီစာကိုသင်ရတဲ့အခါမှာ ဆရာမကြီးကလည်း characterization ကို ရှင်းပြတယ်။ သူရဲ့ရပ်တည်ချက်က ဘယ်လို၊ သူ့ believe ကဘယ်လို၊ သူ့  value ကဘာ ဆိုတဲ့ အကြောင်းတွေကို ရှင်းပြတယ်။ အဲ့ဒီ့အခါကျတော့ တစ်ခါတစ်ရံကျရင် ကိုယ့်ရဲ့ရပ်တည်ချက်နဲ့ ကိုယ့်ရဲ့ believe ကအချိန်စောနေရင်လည်း သည်းခံရမှာပေါ့နော်။ စိတ်ရှည်ပြီးတော့လေ။ အဲ့ဒီတော့ ကိုယ်လိုချင်တာ ကိုယ်ရအောင်လုပ်ရမှာပေါ့။ မြန်မာပြည်မှာရှိတဲ့ အမျိုးသမီးများကလည်း strong ဖြစ်တယ်လို့ပြောရမှာပဲ။ ကျွန်မနဲ့တွေ့ခဲ့တဲ့ နိုင်ငံသားများပညာရှင်များကတော့ “Burmese women are so strong” ဆိုပြီး ပြောကြပါတယ်။ အောင်မြင်လာပြီဆိုရင် သူတို့လည်းပဲ သူတို့ရဲ့ ရပ်တည်ချက်ကို ခိုင်ခိုင်မာမာနဲ့ strong ဖြစ်ဖြစ်ရပ်တည်ခဲ့လို့ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ လျှောက်လှမ်းပါလို့ပြောပါရစေ။

၁၇။ ဒီအင်တာဗျူးလေးကို ဖတ်နေမယ့်အန်တီ့ပရိသတ်တွေအတွက်လည်း စိတ်ဓာတ်ခွန်အားဖြည့် စ ကားလေးတစ်ခွန်းလောက် အမှတ်တရပြောပေးပါရှင့်။

ကျွန်မတို့ကိုယ့်ကိုယ်ကိုလည်း ကောင်းစွာစောင့်ရှောက်ရမယ်၊ ကိုယ့်ရဲ့အပေါ်မှာရှိတဲ့လူကိုလည်း ကောင်းစွာစောင့်ရှောက်ရမယ်လေ။ ရှေ့မျိုးဆက်ဟာ အတွေ့အကြုံတွေရှိတယ်။ နောက်မျိုးဆက်မှာ အတွေးအကြံအသစ်တွေရှိတယ်။ အတွေးအကြုံအသစ်တွေဟာ အတွေ့အကြုံအဟောင်းတွေနဲ့ပေါင်းရင် result  ထွက်တယ်။ နို့မို့ဆိုရင်တော့ အမှားတစ်ခုဖြစ်ပြီဆိုလို့ရှိရင် အမှားနောက်ကိုလိုက်ရင် correction က အချိန်အကြာကြီး ကြာတတ်တယ်လေ။ ရှေ့မျိုးဆက်ဟာလည်း ဝန်ထုပ်ဝန်ပိုးတစ်ခုလို သဘောမထားဘဲနဲ့ နောက်မျိုးဆက်ကို ကြည့်ရှုစောင့်ရှောက်ဖို့လိုတယ်။ နောက်မျိုးဆက်ကိုလည်းပဲ ရှေ့မျိုးဆက်ကတာဝန်ကျေစွာနဲ့ အသိဥာဏ်ပညာတွေကို တိုးတက်စေတဲ့ပညာတွေကို ပေးဖို့လိုပါတယ်။ နောက်ကိုယ်ဘေးတိုက်အချင်းချင်းမှာလည်း ကိုယ့် colleages တွေ၊ ကိုယ့်ညီအစ်ကိုမောင်နှမတွေ၊ ကိုယ့်ရပ်သူရွာသားတွေ ကျွန်မတို့ တစ်ဦးနဲ့တစ်ဦးစောင့်ရှောက်ချင်းအားဖြင့် ပိုပြီးတော့ကောင်းတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးရမယ်လို့မြင်ပါတယ်။

၁၈။ အန်တီ့အနေနဲ့ ထပ်ပြီးဖြည့်စွက်ချင်တာလေးတွေရှိရင်လည်း ပြောပြပေးပါဦးနော်။

ပညာသင်ဖို့ပဲ လိုအပ်ပါတယ်။ ပညာတတ်တွေနဲ့မှ မြန်မာပြည်ကတိုးတက်မှာလေ။ အမေရိကန်နိုင်ငံရဲ့ လူဦးရေကို ကြည့်မယ်ဆိုရင် သူကဆနွင်းမကင်းပုံရှိတယ်လေ။ သိပ်ချမ်းသာတဲ့လူကလည်း အပေါ်မှာနည်းနည်းပဲရှိတယ်လေ။ ပညာမတတ်တဲ့ဆင်းရဲသားကလည်း နည်းနည်းပဲရှိတယ်။ အလယ်ခေါင်ပွနေတဲ့နေရာက လူလတ်တန်းစားပညာရှင်တွေ ဖြစ်တယ်။ ကျွန်မတို့တိုင်းပြည်က သုံးထောင့်ပုံဖြစ်တယ်။ သိပ်ကိုချမ်းသာတဲ့လူက အပေါ်မှာနည်းနည်းပဲရှိတယ်။ အလယ်ကောင်မှာလည်း ပါးပါးလေးပဲ ပညာရှင်လူတန်းစားက ရှိတယ်။ အောက်ခြေမှာ အများကြီးပဲ။ အခြေခံလူတန်းစားအောက်ခြေက အကျယ်ကြီးရှိတယ်။ ကျွန်မတို့နိုင်ငံလိုပဲ မဖွံ့ဖြိုးတဲ့နိုင်ငံတိုင်းဟာ အဲ့ဒီလိုပဲ triangle ပုံရှိတယ်။ အဲ့ဒီတော့ triangle ပုံကနေမှ အလယ်ခေါင်မှာရှိတဲ့ ပညာရှင်လူတန်းစားကို ချဲ့ယူရမှာ ဖြစ်တယ်။ အဲဒီလို ချဲ့ယူပြီဆိုလို့ရှိရင် အောက်ကနေတက်လာတာဟာ အကောင်းဆုံးပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ အခြေခံလူတန်းစားကို ပညာသင်ပိုင်ခွင့်ကို ပေးဖို့အတွက်ကိုလိုပါတယ်။ ဒီလိုနည်းအားဖြင့်မှ ပညာရှင်များနဲ့ထူထောင်မှသာလျှင် တိုင်းပြည်ဟာဖွံ့ဖြိုးတိုးတက်မှာဖြစ်တယ်။ ကျွန်မ အခုအသက် ၆၅ နှစ်ရှိပြီလေ။ ဒါပေမဲ့ ဆယ်နှစ်နေလို့ဖြစ်မှ ဖြစ်မှသာ မဖြစ်လဲလုပ်ရမှာပဲ။ ဘာဖြစ်လို့ဆို နောက်အနှစ်နှစ်ဆယ်မှ ဖြစ်ချင်လည်းဖြစ်သွားအောင်ပေါ့။ အဲ့ဒီ့လိုကြည့်ပြီးလုပ်ရမှာဖြစ်ပါတယ်။

အဲ့ဒီတော့ တစ်ယောက်ကိုတစ်ယောက်စောင့်ရှောက်ပြီးတော့ ကိုယ့်ကိုယ်လည်း ကောင်းအောင်ကြိုးစားရမယ်။ သူများကိုလည်း ကောင်းအောင်ကြိုးစားရမယ်။ ကိုယ်တစ်ယောက်ထဲတော်နေ၊ တတ်နေယုံနဲ့မဖြစ်ဘူး။ ကိုယ့်ဘေးမှာ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေကိုလည်း တော်အောင်၊ တတ်အောင်၊ ထူးချွန်ပြီးတော့ ထက်မြတ်အောင် လုပ်ဖို့လည်းလိုပါတယ်။

မှတ်သားစရာတွေအများကြီးပါဝင်နေတဲ့ အန်တီ့အဖြေလေးတွေကို စာချစ်သူများလည်း နှစ် သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်။ မေးခွန်းလေးတွေကို စိတ်ရှည်လက်ရှည်ဖြေကြားပေးတဲ့ အန်တီဆွေဇင်ထိုက်ကို ဂန္ထဝင်ဝိုင်းတော်သားများအားလုံးက ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။