ကြင်စဦးကတည်းက လိုက်နာကျင့်သုံးရမယ့် ငွေကြေးစီမံမှုနည်းလမ်းလေးများ

blank

အချစ်ကြောင့် လက်ထပ်လိုက်တာတော့ဟုတ်ပါပြီ။ ဒါပေမဲ့ ရှေ့ဆက်ရမယ့် ဘဝခရီးမှာ အချစ်ရှိနေရုံနဲ့ အစစအရာရာအဆင်ပြေမယ်လို့ ထင်ရင်တော့ မှားသွားပါပြီ။ လေ့လာချက်တွေအရ ငွေရေးကြေးရေးပြဿနာတွေဟာ အိမ်ထောင်တစ်ခုပြိုကွဲဖို့ အဓိကအကြောင်းရင်းဖြစ်နေပါသတဲ့။ ဒီလို ငွေရေးကြေးရေးပြဿနာတွေ မဖြစ်ဖို့က ညားကာစကာလကတည်းက ငွေရေးကြေးရေးကို နှစ်ဦးလုံးတိုင်တိုင်ပင်ပင်နဲ့ အကောင်းဆုံးစီမံခန့်ခွဲနိုင်မှ တော်ကာကျတာပါ။

ဒါကြောင့် ငွေရေးကြေးရေးကို အကောင်းဆုံးစီမံနိုင်ပြီး အနာဂတ်အတွက် စုမိဆောင်းမိဖြစ်စေဖို့ ဇနီးမောင်နှံနှစ်ဦးလုံးလိုက်နာသင့်တဲ့ ငွေရေးကြေးစီမံမှုနည်းလမ်းတွေကို တင်ဆက်ပေးလိုက်ပါတယ်။

၁။ အကြွေးတွေ၊ ပိုင်ဆိုင်မှုတွေကို ပွင့်လင်းစွာ ပြောပြထားပါ။

လက်ထပ်ပြီး ဘဝတစ်ခုကို ပူးပေါင်းတည်ထောင်လိုက်ပြီဆိုတာနဲ့ အရင်ဆုံးရှင်းရမှာက ဘယ်သူက ဘယ်လောက်ပိုင်တယ်၊ ပေးစရာတွေ ဘယ်လောက်ရှိလဲ ပြီးတော့ ရစရာတွေ ဘယ်လောက်ရှိလဲ ဆိုတာပါပဲ။ နှစ်ယောက်တစ်ဘဝဖြစ်လာပြီဆိုတာနဲ့ စီးပွားတွေကို ပိုမိုတိုးတက်အောင် ကြိုးစားရတော့မှာပါ။ အကြွေးတွေရှိနေတယ်ဆိုရင် နှစ်ယောက်အတူကြိုးစားပြီး ကျေနိုင်သမျှကျေအောင်ဆပ်၊ ပိုင်ဆိုင်တာလေးတွေကို နှစ်ယောက်အတူ တိုးပွားအောင်လုပ်နိုင်မယ်ဆိုရင် ငွေရေးကြေးရေးကြောင့် လင်မယားရန်ဖြစ်မှာ မပူရတော့ပါဘူး။

၂။ နှစ်ဖက်မိသားစုတွေနဲ့ဆိုင်တဲ့ ငွေကြေးတွေအကြောင်းပြောပြထားပါ။

မိသားစုတစ်စုနဲ့တစ်စုမှာ ငွေကြေးစီမံပုံတွေ မတူညီကြပါဘူး။ လက်ထပ်ပြီးပြီဆိုရင်လည်း မိဘတွေကို ပြန်ပြီးထောက်ပံ့ပေးဖို့လိုတာတွေရှိတတ်ပါတယ်။ ပြီးတော့ မိဘတွေဆီက ငွေယူသုံးထားတာမျိုးတွေလည်း ရှိတတ်ပါတယ်။ လင်မယားကြားမှာ ငွေကြေးကိစ္စပွင့်လင်းဖို့အတွက် မိဘတွေကို ဘယ်လောက်ပေးစရာရှိတယ်၊ တစ်လကိုဘယ်လောက်ထောက်ပံ့မယ် စသဖြင့်ကြိုတင်ပြောပြပြီး ညှိနှိုင်းထားဖို့ သိပ်ကို လိုအပ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ လင်မယားအချင်းချင်း တွန့်တိုတာမျိုးကို ရှောင်ပါ။

နှစ်ယောက်လုံး ကိုယ်ပိုင်ဝင်ငွေရှိတယ်ဆိုရင် ကိစ္စမရှိပေမဲ့ ခင်ပွန်းသည်ကပဲ ငွေရှာရတယ်ဆိုရင် ဇနီးသည်ကို အတိုင်းအထွာနဲ့ ပေးပြီး ဟိုဟာမသုံးနဲ့၊ ဒီဟာမဝယ်နဲ့ဆိုတာမျိုး မလုပ်ပါနဲ့။ ဝင်ငွေ၊ ထွက်ငွေကို ပွင့်ပွင့်လင်းလင်းပြောပြပါ။ ငွေပိုမရှိလို့ ငွေမဖြုန်းသင့်ဘူး၊ ငွေစုသင့်တယ်ဆိုရင်လည်း နားလည်အောင် အကျိုးအကြောင်းပြောပြီး အတူတူချွေတာပါ။

၎။ ကိုယ်ပိုင်သုံးငွေ ထားရှိပါ။

လကုန်လို့ လခထုတ်ပြီဆိုတာနဲ့ တစ်လလုံးစာအတွက် ကိုယ့်စိတ်ကြိုက်သုံးဖို့ ဇနီးမောင်နှံနှစ်ယောက်စလုံးအတွက် ကိုယ်ပိုင်ဝင်ငွေ သတ်မှတ်ပါ။ ပမာဏတော့ တူပါစေ။ ပြီးရင် ကိုယ်ပိုင်သုံးဖို့ငွေက ပေးစရာရှိတာပေး၊ စုစရာရှိတာစုပြီးမှ ကျန်တဲ့ငွေထဲက သင့်တော်တဲ့ငွေမာဏတစ်ခုဖြစ်သင့်ပါတယ်။ ပြီးတော့ ဒီကိုယ်ပိုင်သုံးငွေကို ဘယ်သူဘယ်လိုသုံးသုံး ဝင်မပြောဖို့၊ မပိတ်ပင်ဖို့ လိုပါတယ်။ ဒါဆိုရင် လင်မယားကြားမှာ ငွေခိုးသုံးတာတွေ၊ လိမ်တာတွေ၊ ငွေကြေးကြောင့် ပြဿနာတက်တာတွေ မရှိတော့ဘဲ အဆင်ပြေပြေဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။

စာချစ်သူတို့ရေ…

ငွေကြေးပြဿနာတွေက အရှေ့တံခါးကဝင်လာရင် အချစ်တွေက နောက်တံခါးကနေ ခုန်ထွက်သွားတယ်တဲ့။ အဲဒီလို ငွေရေးကြေးရေးကြောင့် ချစ်ခြင်းမေတ္တာတွေ ပျက်သုဉ်းပြီး အိမ်ထောင်ရေးအဆင်မပြေမဖြစ်ရအောင် အထက်ပါနည်းလမ်းလေးတွေက ကူညီပေးနိုင်မှာ အသေအချာပါပဲ။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။ သင့်လက်တွဲဖော်ကို mention ခေါ်ပြီး ဖတ်ခိုင်းလိုက်ပါဦးနော်။