ဟယ်ရီပေါ်တာမင်းသမီးလေး အီမာဝပ်ဆန်(Emma Watson)ရဲ့ဘဝဒဿနစာစုများ

၁။ ကျွန်မဘဝကို တခြားသူပြဌာန်းပေးတာမျိုး မလိုချင်တဲ့အတွက် ကျွန်မကိုယ်တိုင်ပဲ ဆုံးဖြတ်ပါတယ်။

၂။ တခြားသူတွေပြောတိုင်းလိုက်လုပ်နေရင် တခြားသူဘဝပဲဖြစ်လိမ့်မယ်။ ဒါကြောင့် ကျွန်မကတော့ ကျွန်မပင်ကိုယ်စိတ်ရင်းထဲက စေ့ဆော်မှုအတိုင်းပဲ အလုပ်လုပ်တယ်။

၃။ အဆိုးဆိုတာ ကောင်းခြင်းတွေကို သယ်ဆောင်လာပေးတဲ့ ရှေ့ပြေးနိမိတ်ပါ။

၎။ ကျဆုံးမှာကြောက်တဲ့စိတ်ဆိုတာ ကြိုးစားမှုတွေကို ရပ်တန့်စေတဲ့ အကြီးမားဆုံးအန္တရာယ်ပါ။ ဒါ ကြောင့် ကြောက်စိတ်ကို ဖယ်ရှားပစ်ပါ။  ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ ကိုယ့်ကိုယ်ကို ရှေ့တန်းတင်ပါ။ ဒါပေမဲ့ တစ်ကိုယ်ကောင်းမဆန်ပါနဲ့။

၆။ မိန်းမသားတွေကို ထိခိုက်နစ်နာစေဆုံးက ကိုယ့်ကိုယ်ကို ယုံကြည်မှုပျောက်ဆုံးခြင်းပါ။ ဒါကြောင့် ကျွန်မကတော့ အဲ့ဒီအခြေအနေကို ရှောင်ပါတယ်။

၇။ လူဆိုတာ လူသားမျှသာဖြစ်တဲ့အတွက် စက်ရုပ်တစ်ရုပ်လို အလုပ်မလုပ်နိုင်တဲ့အခါ ကိုယ့်ကိုယ်ကို အပြစ်မမြင်သင့်ပါဘူး။

၈။ အမျိုးသမီးအခွင့်အရေးကို တောင်းဆိုဖို့ ယောက်ျားမုန်းတီးရေးဝါဒကို လှုံ့ဆော်တာမျိုး မဖြစ်သင့်ပါ ဘူး။ ယောက်ျားတွေပါ ပူးပေါင်းပါဝင်လာအောင် နားလည်မှုတည်ဆောက်တာမျိုးပဲ ဖြစ်သင့်ပါတယ်။

၉။ ယောက်ျားတစ်ယောက်က ကိုယ့်ကို ညံ့ဖျင်းတဲ့မိန်းမတစ်ယောက်ဖြစ်အောင် မလုပ်နိုင်ပါဘူး။ ကိုယ့် ကိုယ်ကို ညံ့ဖျင်းတဲ့မိန်းမဖြစ်အောင် ကိုယ်ပဲလုပ်နိုင်တာပါ။

၁ဝ။ တစ်စုံတစ်ယောက်ကြောင့် သင်လဲကျတဲ့အခါ နောက်တစ်ခါပြန်မဖြစ်အောင် သင်ခန်းစာယူပါ။

၁၁။ အသက်ကြီးလာတာဟာ ဘဝကို ပိုမိုသင်ယူဖို့ အခွင့်အရေးကောင်းပါ။

၁၂။ အတွေ့အကြုံသစ်တွေသင်ယူချင်တယ်ဆိုရင် လူတွေနဲ့စကားများများပြောပါ။ အပြင်ထွက်ပါ။ ကြုံ လာတဲ့အမှားတွေဆီကနေ သင်ယူပါ။

၁၃။ ကိုယ့်နှလုံးသားထဲမှာ နက်နက်နဲနဲယုံကြည်တဲ့အရာရှိတယ်ဆိုရင် အဲ့ဒီယုံကြည်မှု တကယ် အ ကောင်အထည်ပေါ်လာတဲ့အထိ ကြိုးစားလိုက်ပါ။

၁၄။ တကယ်အောင်မြင်တဲ့သရုပ်ဆောင်ဆိုတာ အလှအပထက် လူသားဆန်ဆန်သရုပ်ဆောင်ရတာ ကို ပိုပြီး သက်တောင့်သက်သာရှိကြသူတွေပါ။

အဖိုးတန်ဘဝဒဿနစာစုလေးတွေကို ပြန်လည်မျှဝေဖို့ SHARE လိုက်ပါဦးနော်။