ဘဝအတွက် သတ္တိမွေးပါ။

blank

နေ့ရက်သစ်တွေတိုင်းကို အပြုံးနဲ့ စတင်နိုင်ဖို့ သတ္တိမွေးပါ။

ဘဝမှာ လမ်းပျောက်နေတဲ့အခါ စိတ်ဓာတ်မကျစေဖို့ သတ္တိမွေးပါ။

အဓမ္မမှုတွေကြုံရတဲ့အခါ ရှုံ့ချနိုင်ဖို့ သတ္တိမွေးပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ခက်ခဲတဲ့အရာတွေကို ထပ်ကာထပ်ကာ ကြိုးစားကြည့်ဖို့ သတ္တိမွေးပါ။

ကျရှုံးအောင်တိုက်ခိုက်ခံရတဲ့အခါ အောင်မြင်မှုကို လှမ်းချီနိုင်ဖို့ သတ္တိမွေးပါ။

မျှော်လင့်ချက်တွေပျောက်ဆုံးနေတဲ့အခါ မျှော်လင့်ချက်အသစ်တွေ မွေးဖွားနိုင်ဖို့ သတ္တိမွေးပါ။

ပင်ပန်းနွမ်းနယ်တဲ့အခါ ဇွဲမလျှော့ဘဲ ဆက်လျှောက်နိုင်ဖို့  သတ္တိမွေးပါ။

ခက်ခဲတဲ့အရာတွေကို စိတ်ဓာတ်ခိုင်မာစွာဖြတ်ကျော်နိုင်ဖို့ သတ္တိမွေးပါ။

အချစ်ကြောင့်နာကျင်ခံစားရတဲ့အခါ နောက်တစ်ခါပြန်ချစ်နိုင်ဖို့ သတ္တိမွေးပါ။

တစ်စုံတစ်ယောက်ကြောင့် အသဲကွဲတဲ့အခါ ကုစားနိုင်ဖို့ သတ္တိမွေးပါ။

တစ်စုံတစ်ယောက်လမ်းပျောက်နေတဲ့အခါ လမ်းစကိုရှာဖွေပေးနိုင်ဖို့ သတ္တိမွေးပါ။

သူငယ်ချင်းတစ်ယောက်ကျရှုံးတဲ့အခါ လက်ကမ်းပေးဖို့အတွက် သတ္တိမွေးပါ။

တစ်စုံတစ်ယောက်ရဲ့ လဲပြိုသွားအောင် တွန်းချခြင်းကိုခံရတဲ့အခါ ဒေါသမထွက်ဘဲ ပြုံးပြနိုင်ဖို့ သတ္တိမွေးပါ။

တစ်နေ့တာပြီးဆုံးသွားတဲ့အချိန်မှာ အကောင်းဆုံးကိုကြိုးစားဖို့ သတ္တိမွေးပါ။

ဒီစာစောင်လေးဟာ သင့်အတွက် အကျိုးရှိတယ်ဆိုရင် သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါဦး။