ခေါင်းဆောင်မှုစွမ်းရည်မှာ အမျိုးသမီးတွေက အမျိုးသားအများစုထက် သာလွန်တာ ဘာကြောင့်လဲ။

blank

ပရိသတ်ကြီးရေ…

ပုခတ်လွဲနေတဲ့ ကျွန်မတို့အမျိုးသမီးတွေအများစုဟာ အိမ်ထောင်မှုကို ထိန်းသိမ်းနိုင်တဲ့အပြင် ခေါင်းဆောင်ကောင်းတစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေအားလုံးရှိနေကြပါတယ်။ မိမိကိုယ်ကိုခေါင်းဆောင်ကောင်းတစ်ယောက်မဖြစ်နိုင်ဘူးလို့ ထင်နေတယ်ဆိုရင် ကျွန်မတို့အမျိုးသမီးတွေဆီမှာ ဘယ်လိုခေါင်းဆောင်မှုစွမ်းရည်တွေရှိနေလဲဆိုတာကို ဖတ်ကြည့်လိုက်ရအောင်ပါနော်။

၁။ အမျိုးသမီးတွေဟာ နားထောင်နိုင်မှုစွမ်းရည် မြှင့်မားကြပါတယ်။

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် စိတ်ရှည်တဲ့အတွက် သူတစ်ပါးပြောတာတွေကို ကြားမဖြတ်ဘဲ စိတ်ပါဝင်စားစွာ နားထောင်ပေးတတ်ကြပါတယ်။ ခေါင်းဆောင်ကောင်းတစ်ယောက်ဟာ သူတစ်ပါးရဲ့ ရှုထောင့်ကို ကောင်းကောင်းသိရှိနားလည်စေရန်အတွက် များများနားထောင်ဖို့ အလွန်အရေးကြီးပါတယ်။

၂။ အမျိုးသမီးတွေဟာ ရှေ့ရေးကိုတွေးဆတတ်ပါတယ်။

အမျိုးသမီးတွေဟာ မရောက်သေးတဲ့ကာလတစ်ခုကို ကြိုတင်ပြီး တွေးဆတတ်ကြပါတယ်။ အရာရာကို အကွက်ကျော်ပြီး မြင်တတ်တဲ့အတွက် ရည်မှန်းချက်တွေကို ပြည့်ဝအောင်ဆောင်ရွက်ဖို့ အကွက်ကျကျ စီစဉ်တတ်ကြပါတယ်။ ကြိုတင်စီစဉ်ထားမှုဆိုတာ အလုပ်တွေကိုပြီးစီးဖို့အတွက် သော့ချက်တစ်ခုဖြစ်တာကြောင့် အမျိုးသမီး အများစုဟာ ခေါင်းဆောင်ရာမှာ ထွန်းပေါက်ကြပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ အမျိုးသမီးတွေဟာ အလုပ်အကိုင်မျိုးစုံလုပ်နိုင်ပါတယ်။

အဝတ်လျှော်၊ မီးပူတိုက်၊ ထမင်းချက်၊ ကလေးတွေအတွက် ကစားဖော်၊ သူနာပြုစတဲ့အလုပ်တွေကို အလွယ်တကူပဲလုပ်နိုင်တဲ့ အမျိုးသမီးတွေအများစုဟာ လုပ်ငန်းခွင်မှာလည်း ဦးဆောင်ဦးရွက်ပြုပြီး အလုပ်တွေကို ပြီးစီးအောင်မြင်အောင်ဆောင်ရွက်နိုင်တဲ့အတွက် ခေါင်းဆောင်ကောင်း ပီသကြပါတယ်။

၎။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက်စိတ်ရှည်ကြပါတယ်။

အဝတ်အစားတွေ၊ အသုံးအဆောင်တွေကိုတောင် စိတ်ရှည်ရှည်ထားပြီး ဝယ်တတ်တဲ့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် စိတ်ရှည်တတ်တယ်ဆိုတာ သိသာထင်ရှားပါတယ်။ သူတို့ရဲ့ လက်အောက်ငယ်သားတွေကို အလုပ်နဲ့ပတ်သတ်တဲ့အရာတွေကို စိတ်ရှည်လက်ရှည်သင်ပြပေးတတ်ပါတယ်။ မိခင်စိတ်ဓာတ်ရှိတဲ့ အမျိုးသမီးတွေဟာ အားလုံးအပေါ်မေတ္တာနဲ့အုပ်ချုပ်တတ်တဲ့အတွက် ခေါင်းဆောင်ကောင်းတွေဖြစ်တတ်ကြပါတယ်။

၅။ အမျိုးသမီးတွေဟာ ပေးကမ်းချီးမြှောက်တတ်ကြပါတယ်။

အမျိုးသမီးတွေဟာ အကြင်နာတရားနဲ့ပြည့်စုံပြီး သူတပါးကိုလည်း စာနာတတ်တဲ့အတွက် အမျိုးသမီးခေါင်းဆောင်တွေဟာ လိုအပ်သလိုပေးကမ်းချီးမြှင့်တတ်ကြပါတယ်။ ပေးကမ်းချီးမြှောက်တတ်တဲ့ ခေါင်းဆောင်မှုအောက်မှာ နေရတဲ့ဝန်ထမ်းတွေကလည်း ကြိုးစားလိုစိတ်တွေပြင်းထန်ကြပါတယ်။ ဒါ့ကြောင့်အမျိုးသမီးတွေခေါင်းဆောင်နေရာမှာ ရှိနေတဲ့အတွက် ပိုမိုကောင်းမွန်တဲ့ ကုန်ထုတ်လုပ်မှုတွေရရှိနိုင်ပါတယ်။

အကယ်၍ အမျိုးသမီးတွေဟာ အမျိုးသားတွေလောက် မတော်ပါဘူးဆိုတဲ့ ရှေးရိုးစွဲအယူအဆတွေကြောင့် ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ တွန့်ဆုတ်နေတယ်ဆိုရင် အမျိုးသမီးတွေဆီမှာရှိနေတဲ့ ခေါင်းဆောင်မှုဆိုင်ရာအရည်အသွေးတွေကို ပြောပြပြီးအားပေးလိုက်ပါနော်။ သင့်ဆီမှာရှိနေတဲ့ ခေါင်းဆောင်မှုစွမ်းရည်တစ်ခုကိုလည်း comment box မှာ မျှဝေပေးခဲ့ပါဦး။