သင်သာလျှင် သင့်ဘဝ၏ပဲ့ကိုင်ရှင်။

blank

အချို့သောလူတွေက သူတို့ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုကို ရှာဖွေသလိုမျိုး ဘဝလက်တွဲဖော်ကို ရှာဖွေတတ်ကြပါတယ်။ ဘဝကိုအဓိပ္ပါယ်ပြည့်ဝစေမယ့် အိပ်မက်ထဲကချစ်သူကိုမျှော်နေတာက သူတစ်ပါးအပေါ်ကိုးစားရာကျလွန်းပြီး ခိုင်မာတဲ့ relationship တွေတည်ဆောက်ဖို့အတွက် အဟန့်အတားတွေဖြစ်စေတတ်ပါတယ်။ လူတိုင်းလိုအပ်ချက်တွေရှိနေတဲ့လောကကြီးမှာ-

သင့်ကိုပြည့်ဝစေမယ့် လူတစ်ယောက်ကို ရှာဖွေဖို့ထက်

သူ့ဘေးနားမှာရှိနေတိုင်း သင့်ကိုယ်သင် ပြီးပြည့်စုံတယ်လို့ ခံစားရစေတဲ့ ချစ်သူမျိုး၊

သင်ဟာကမ္ဘာပေါ်မှာ သိပ်ကိုထူးခြားပါတယ်လို့ ခံစားရစေတဲ့ချစ်သူမျိုးကို ရရှိဖို့က ပိုအရေးကြီးပါတယ်။

ဒါ့ကြောင့်ပရိသတ်ကြီးရေ… မိမိနဲ့ သင့်တော်တဲ့ ဘဝလက်တွဲဖော်ကို စောင့်မျှော်နေတဲ့အချိန်မှာ-

  • မိမိ အနာဂတ်အတွက် လိုအပ်တဲ့အရည်အသွေးတွေကို ဖြည့်တင်းပြီး မိမိခြေထောက်ပေါ်မိမိရပ်တည်နိုင်ရမယ်။
  • မိမိရဲ့အားသာချက်တွေကို ထုတ်ဖော်အသုံးချတတ်ပြီး မိမိကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ လူတစ်ယောက်ဖြစ်နေအောင် ကြိုးစားရပါမယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
  • နေရဲ့အလင်းရောင်နဲ့ လှပနေတဲ့ လမင်းလိုမဟုတ်ဘဲ ကိုယ်ပိုင်အလင်းရောင်နဲ့ တောက်ပနေတဲ့ ပိုးစုန်းကြူးလေးလို ကိုယ်ပိုင်အစွမ်းအစတွေနဲ့ ထင်ပေါ်အောင်မြင်နေရပါမယ်။
  • မိမိဘဝကိုတိုးတက်စေမယ့် ဆုံးဖြတ်ချက်တွေကိုလည်း ကိုယ်တိုင်ရွေးချယ်ချမှတ်နိုင်တဲ့ လွပ်လပ်တဲ့အတွေးအခေါ်တွေနဲ့လူတစ်ယောက် ဖြစ်နေရပါမယ်။

အဲ့ဒီလိုဖြစ်နေမှသာ  မိမိဘဝလက်တွဲဖော်ကိုတွေ့တဲ့အခါ ဘဝအသစ်တစ်ခုအတွက် အဆင်သင့်ဖြစ်နေမှာပါ။  မိမိဘဝရပ်တည်ဖို့အတွက်ဘယ်သူ့ကိုမှ မှီခိုဖို့မလိုတဲ့မိန်းကလေးတွေဟာ တောက်ပမှုတစ်မျိုးနဲ့ လင်းလက်နေတတ်ကြပါတယ်။ သူတစ်ပါးကိုစောင့်မျှော်ရင်းလိုအပ်ချက်တွေနဲ့ အသက်ရှင်နေမယ်ဆိုရင် Relationship တွေကို သာယာလှပအောင်တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။

သင်ဟာ –

သူတစ်ပါးတွေဖြည့်ဆည်းပေးမှ ပြည့်စုံမယ့် ကွက်လပ်တစ်ခုမဟုတ်ပါဘူး။

သင့် ကိုယ်ပိုင်ရသတွေနဲ့ ပြည့်စုံနေတဲ့ ကဗျာတစ်ပုဒ်ပါ။

ဒါ့ကြောင့် သင့်ဘဝကို ကိုယ်တိုင်စုတ်ချက်တွေနဲ့လှပအောင်ရေးဆွဲပါ။ ကိုယ်ပိုင်ကာရံတွေနဲ့ရေးဖွဲ့ထားပါ။ ကိုယ့်ကိုယ်ကိုယုံကြည်မှုနဲ့ လင်းလက်နေတဲ့အခါ သင့်ဘဝလက်တွဲဖော်ဟာ ကောင်းမွန်မှုတွေဆောင်ကြဉ်းပြီး သင့်ဘဝထဲကို ဝင်ရောက်လာပါလိမ့်မယ်။ သဘောကျနှစ်ခြိုက်ခဲ့ရင် ဤစာစောင်လေးကို SHARE ပေးပါဦး။