လော်ရမ် ပီယားစ် ဘုရှ်, ၃ဝ

Feed ကုမ္ပဏီရဲ့ စီအီးအို၊ ဒီဇိုင်နာ၊ မော်ဒယ်လ်

အသက် (၃ဝ) အရွယ် လော်ရမ် ပီယားစ် ဘုရှ် (Lauren Pierce Bush) ဟာ အမေရိကန် သမ္မတဟောင်း ဂျော့ရှ် ဒဘလျူ ဘုရှ် (George Bush) ရဲ့ တူမဖြစ်ပါတယ်။ သူမဟာ အောင်မြင်ကျော်ကြားတဲ့ ဒီဇိုင်နာ ဖြစ်သလို လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ မော်ဒယ်လ်တစ်ယောက်လည်း ဖြစ်ပါတယ်။

လော်ရမ်ဟာ ဖိဒ် (Feed) ကုမ္ပဏီရဲ့ စီအီးအို တစ်ဦးလည်းဖြစ်တယ်။ Feed ကုမ္ပဏီဟာ လက်ရှိ ငတ်မွတ်ခေါင်းပါးသူတွေအတွက် အစားအစာထောက်ပံ့ပေးဖို့ ရည်ရွယ်ပြီး လက်ကိုင်အိတ်မျိုးစုံ၊ အဆင်တန်ဆာများနဲ့ အခြား တီရှပ်တွေကို အွန်လိုင်းမှာ ရောင်းချနေတာပါ။ ရောင်းရငွေရဲ့ တစ်ဝက်ကို ပရဟိတဘက်မှာ လှူဒါန်းပေးနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အားကျအတုယူဖွယ် ဖြစ်ခဲ့ရင် Share။