GandaWin International Women’s Day 2019

blank

အမျိုးသမီးများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ UMFCCI မှာကျင်းပခဲ့တဲ့ GandaWin International Women’s Day မှာ လုပ်ငန်းခွင်နယ်ပယ်မှာ ခိုင်မာစွာ ရပ်တည်နေနိုင်ခြင်းရဲ့ သော့ချက်”ဆိုတဲ့ ခေါင်းစဉ်နဲ့ panel လေးတစ်ခုကို ထည့်သွင်းတင်ဆက်ခဲ့ပါတယ်။

အရွယ်ရောက်လာတဲ့လူတိုင်းဟာ ဘဝရပ်တည်မှုအတွက် နယ်ပယ်တစ်ခုခုကို ရွေးချယ်ပြီး လုပ်ငန်းခွင်ဝင်ရောက်ကြရပါတယ်။ အလုပ်ရလို့ အလုပ်လုပ်တာမျိုးမဟုတ်ဘဲ ကိုယ်ရွေးချယ်လိုက်တဲ့ အလုပ်တစ်ခုအောင်မြင်ဖို့ ကြိုးစားသူတွေက အများထက် ပိုထူးချွန်အောင်မြင်ကြပါတယ်။ အဲ့ဒီလို အောင်မြင်ဖို့ ဘာတွေလိုအပ်လဲ။အောင်မြင်မှု ဆီသွားရာလမ်းတလျှောက်က အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကျော်လွှားမလဲ။ အောင်မြင်မှုမရမချင်း အမြဲစိတ်အားထက်သန်ပြင်းပြနေဖို့ ဘာတွေ လုပ်သင့်လဲ။

ဒီအကြောင်းအရာတွေကို ပါဝင်ဆွေးနွေးပေးခဲ့ကြသူတွေကတော့ အကယ်ဒမီဒေါ်ဆွေဇင်ထိုက် (CSG Co., Ltd ) မဝင်းအိခိုင် (CEO of Maple Groups) နဲ့ မစန္ဒီအောင် (Forte Global) တို့ပဲ ဖြစ်ကြပါတယ်။ ရပ်တည်ရာနယ်ပယ်ချင်းမတူကြပေမဲ့ သုံးယောက်စလုံးဟာ ကိုယ့်နယ်ပယ်မှာကိုယ် ထူးချွန်အောင်မြင်မှုကိုယ်စီနဲ့ရပ်တည်နေကြတဲ့ အမျိုး သမီးစွမ်းဆောင်ရှင်တွေ ဖြစ်ကြပါတယ်။ သူမတို့ဖြတ်သန်းခဲ့ရာအတွေ့အကြုံတွေပေါ် အခြေခံပြီး ပါဝင်ဆွေးနွေးပေးခဲ့ကြတာမို့ တက်ရောက်လာသူတွေအတွက် အကျိုးရှိစေတဲ့ ဆွေးနွေးပွဲလေးဖြစ်ခဲ့ပါတယ်။

အန်တီဆွေဇင်ထိုက်မျှဝေပေးသွားတဲ့အချက်တွေထဲမှာဆိုရင်….

– နယ်ပယ်တစ်ခုမှာ ခိုင်ခိုင်မာမာရပ်တည်နေနိုင်ဖို့ ရင်ဆိုင်ရုန်းကန်ရတဲ့အရာတွေ

– လုပ်ငန်းခွင်မှာကော ဘဝမှာပါအောင်မြင်ဖို့ လိုအပ်တဲ့စည်းကမ်းချက်တွေ

– အမျိုးသမီးဖြစ်ပေမဲ့ စိတ်အားငယ်စရာမလိုဘဲ ကြိုးစားဖို့ စိတ်ခွန်အားတွေကို အများကြီးရရှိလိုက်ပါတယ်။

မဝင်းအိခိုင်ကလည်း….

– ယုံကြည်ထိုက်သူတစ်ယောက်ဖြစ်ခြင်းက ကိုယ့်ကြိုးစားမှုခရီးလမ်းအတွက် အများကြီး အထောက်အပံ့ဖြစ်တာ

– ရေတိုအကျိုးအမြတ်ထက် ရေရှည်အောင်မြင်မှုဖြစ်ဖို့ လိုအပ်တဲ့အချက်တွေ

– ကိုယ်ဖြစ်ချင်တာသိပြီး ရည်မှန်းချက်မရောက်မချင်း မလျှော့သော ဇွဲနဲ့ကြိုးစားဖို့

– ကြံ့ခိုင်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ဖို့ အရာအားလုံးကို ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားဖို့
စတဲ့အချက်တွေကို တက်တက်ကြွကြွပါဝင်ဆွေးနွေးမျှဝေပေးသွားခဲ့ပါတယ်။

မစန္ဒီအောင်ကတော့…

– အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ ရှိသင့်တဲ့ စည်းကမ်းချက်တွေ၊ ကျင့်ဝတ်တွေ၊ အမူအကျင့် တွေအကြောင်း

– တခြားသူကို စည်းကမ်းလိုက်သတ်မှတ်ဖို့ထက် ကိုယ်တိုင်စည်းကမ်းရှိဖို့ဆိုတာတွေကို ပါဝင် ဆွေးနွေးသွားပါတယ်။

လုပ်ငန်းခွင်တစ်ခုချင်းစီမှာ ကိုယ်တိုင်ဦးဆောင်ပါဝင်နေကြသူတွေဖြစ်တာကြောင့် သူမတို့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေကနေ ပေါက်ဖွားလာတဲ့ မျှဝေစကားတွေက တက်ရောက်သူများရဲ့ ကြိုး စားမှုခရီးလမ်းအတွက် အထောက်အကူကောင်းဖြစ်စေတာ အမှန်ပါပဲ။

ကိုယ်တိုင်တက်ရောက်ဖြစ်ခဲ့တဲ့ မိတ်ဆွေများအနေနဲ့ မိမိတို့ ရရှိခဲ့တဲ့ စိတ်ခွန်အားလေးတွေကို comment မှာ ပါဝင်မျှဝေခဲ့ကြပါဦးနော်။

ပွဲကို ကိုယ်တိုင်မတက်ရောက်ဖြစ်ခဲ့တဲ့ ပရိသတ်များအတွက်လည်း ဆွေးနွေးပွဲအစအဆုံးပါဝင်တဲ့ Link လေးကို မျှဝေပေးလိုက်ပါတယ်။>>>https://bit.ly/2HDmyUI

#GandaWinWomen #WomenOfMyanmar #GandaWinMagazine #InternationalWomensDay2019