ဘဝရဲ့ အမှန်တရားတွေကို ထဲထဲဝင်ဝင်လေ့လာကြည့်မိသောအခါ

0
131
ဘဝဆိုတာ ရထားကြီးတစ်စင်းဆိုပါတော့။

ဂိတ်ဆုံးဘူတာမရောက်မချင်း ရထားကြီးပေါ်မှာ ဖြစ်ပေါ်လာတဲ့ခင်မင်မှုတွေ၊ ပျက်ပြားသွားတဲ့ ရင်းနှီးမှုတွေ၊ မခေါ်ဘဲနဲ့ ရောက်လာတဲ့သူတွေ၊ မနှင်ဘဲနဲ့ ထွက်သွားတဲ့သူတွေကို တွေ့ရမှာပါ။

ငွေကြေးတွေ၊ အလုပ်အကိုင်တွေဆိုတာကလည်း လက်မှတ်မဖြတ်ဘဲ ခိုးစီးလာတဲ့သူတွေလို တစ်ဘူတာတက်၊ တစ်ဘူတာဆင်းနဲ့ ဂိတ်ဆုံးအထိပါလာတယ်ဆိုတာ ရှားပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒီလိုနဲ့ မောင်းနှင်လာရင်း ဂိတ်ဆုံးရောက်ခါနီးမှာ ဖြည်းဖြည်းချင်း အရှိန်လျော့သွားပြီး ရပ်တန့်သွားသလို ဘဝကြီးဟာလည်း မီးစာကုန်ဆီခမ်းတဲ့ နေဝင်ချိန်ကို ရောက်ကြဦးမှာပါ။

အမှန်တရားတစ်ခုကတော့ သင်က ဒီနေ့ဒီအချိန်၊ ဒီနေရာမှာရပ်ပြီး သင့်ဘဝကြီးအတွက် ကောင်းကျိုးတွေယူလာပေးနိုင်တဲ့အင်အားတွေ ရှိနေသေးတယ်ဆိုတာပါပဲ။

ဒါကြောင့်… အတိတ်ကို ပြန်မကြည့်ပါနဲ့။ အနာဂတ်ကိုပဲ ရှေးရှုပါ။

သင်ပိုင်ဆိုင်ထားသမျှဗဟုသုတတွေ၊ စွမ်းရည်တွေ၊ အတွေ့အကြုံတွေ၊ အမှားထဲကသင်ခန်းစာတွေ၊ ခွန်အားတွေကို အသုံးချပြီး ဘဝအတွက် ကောင်းသောပြောင်းလဲခြင်းဖြစ်စေနိုင်မယ့် ဆုံးဖြတ်ချက်တွေကို ချမှတ်ပါ။

ဒါဆိုရင် သင့်ဘဝဟာ လုံးဝပြောင်းလဲသွားမှာဖြစ်ပြီး အရင်ကနဲ့မတူတဲ့ ပိုကောင်းတဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ပြီးတော့ ဂိတ်ဆုံးမရောက်ခင်အချိန်အထိ သင့်ဘဝရထားကြီးဟာ ပျော်ရွှင်မြူးထူးစွာ အရှိန်အဟုန်မြင့်မြင့်နဲ့ ခုတ်မောင်းသွားလာနိုင်မှာလည်း ဖြစ်ပါတယ်။

ခံစားချက်ချင်း တိုက်ဆိုင်သွားရင် SHARE လိုက်ပါ။

Leave a Reply