ဒီမေးခွန်းအားလုံးကို “ Yes” လို့ ဖြေနိုင်ရင်တော့ သင့်မှာလက်တွဲဖော်အစစ်တွေ့နေပါပြီ။

0
4469

“ အချစ်”ဆိုတာ လူနှစ်ယောက်ကြားက နှလုံးသားခံစားမှုကိစ္စမို့ တိတိကျကျ အဓိပ္ပာယ်ဖွင့်ဆိုဖို့ ခက်ခဲပါတယ်။ ဒါပေမဲ့ သင့်ခံစားမှု၊ သင်တွေ့ကြုံနေရတဲ့အရာဟာ တကယ့်အချစ်စစ်ဟုတ်မဟုတ်၊ သင့်ဘေးနားရှိနေသူဟာ သင့်လက်တွဲဖော်အစစ် ဟုတ်မဟုတ်ဆိုတာ သုံးသပ်နိုင်မယ့် အချက်လေး တချို့တော့ ရှိနေပါတယ်။ ဘယ်လိုအချက်လေးတွေလဲဆိုတာ ဖတ်ကြည့်ကြရအောင်နော်။

၁။ သူနဲ့တွေ့ဆုံချိန်ကစပြီး သင့်ဘဝထဲမှာ ထူးခြားတဲ့ပြောင်းလဲတိုးတက်မှုတွေ ကြုံဖူးခဲ့ပြီလား။

သင် ပျော်ရွှင်နေလား။ ဘဝအပေါ် အတွေးအမြင်တွေလည်း ပိုကောင်းလာခဲ့ပြီလား။ အခက် အခဲတွေအပေါ် ညည်းညူမှုတွေ လျော့ပါးပြီး စီမံခန့်ခွဲနိုင်တဲ့အရည်အသွေး ပိုကောင်းလာခဲ့ပြီလား။ လက်ရှိမှာ သင့်အတွက် စိတ်ညစ်စရာနေ့ထက် ပျော်စရာနေ့တွေ ပိုများလာခဲ့ပြီလား။ ဒီမေးခွန်းတွေ အားလုံးကို “ Yes” လို့ ဖြေနိုင်ရင်တော့ သင်ဟာ သင် တကယ်ချစ်ရသူနဲ့တွေ့နေပါပြီ။

၂။ သူ့ကို တွေ့လိုက်တိုင်း၊ သူနဲ့စကားပြောဖြစ်တိုင်း၊ သူ့အကြောင်းတွေးမိတိုင်း ပြုံးမိဖူးလား။

        သူ့ရဲ့ဖြစ်တည်မှုကို သတိရမိတဲ့အခါတိုင်း ပျော်ရွှင်မိလား။ သူက သင့်ရဲ့အချစ်စစ်လို့ ခံစားရ လား။ သူက သင့်ရဲ့နေ့ရက်တွေကို ပိုပျော်ရွှင်စေတယ်လို့ တွေးမိလား။ သူ့ဝန်းကျင်မှာရှိနေရတာ မှန် ကန်ပြီး နှစ်သက်ဖို့ကောင်းတယ်လို့ ခံစားမိလား။ ဒါတွေကို “ Yes ”လို့ ဖြေနိုင်ပြီဆိုရင်တော့ သင့်ရဲ့ တကယ့်အချစ်စစ်ပိုင်ရှင်ကို တွေ့နေပါပြီ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ သူနဲ့သာစကားပြောရမယ်ဆိုရင် ဘယ်လောက်ကြာကြာ မငြီးငွေ့ဘဲ ပျော်ရွှင်နေမိလား။

သူနဲ့ဆို အချိန်တွေဘယ်လောက်ကြာကြာ ပြောစရာတွေမကုန်ခမ်းနိုင်အောင် ဖြစ်နေလား။ သူ နဲ့စကားပြောရတာဟာ ကမ္ဘာပေါ်မှာ သင်အနှစ်သက်ဆုံးကိစ္စတွေထဲက တစ်ခုဖြစ်နေသလား။ သူနဲ့ အ မြဲပဲတွေ့ဆုံချင်နေလား။ ဒီမေးခွန်းလေးတွေကို “ Yes” လို့ ဖြေနိုင်ရင်တော့ သင်အမြဲတွေ့ဆုံချင်နေတဲ့ သူဟာ သင့်ရဲ့အချစ်စစ်ပါပဲ။

၎။ သူက သင့်အတွက်အမြဲရှိနေပေးလား။

သူက သင့်အတွက် ရည်းစားသက်သက်မဟုတ်တဲ့ လက်တွဲ ဖော်ကောင်းတစ်ယောက်လား။ သင် လိုအပ်ချိန်တိုင်းအနားမှာ အမြဲရှိနေပေးတတ်သူလား။ သင့်ကို ထောက်ပံ့ကူညီပေးသူ၊ စိတ်ဓာတ် ခွန်အားပေးနိုင်သူ၊ သင့်ကို ဘဝရဲ့လမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းမိစေသူလား။ ဒီမေးခွန်းလေး တွေကို “ Yes” လို့ ဖြေနိုင်ရင်တော့ သင့်မှာ တကယ်အချစ်စစ်တွေ့နေပါပြီ။

၅။ သူ့ဘဝနဲ့ပတ်သက်ပြီးတော့ သင့်ကို ပွင့်ပွင့်လင်းလင်း သိမြင်ခွင့်ပေးထားလား။

        သူက သူ့ဘဝနဲ့ပတ်သက်တဲ့အကောင်းအဆိုးမှန်သမျှ သင့်ကို ပွင့်ပွင့်လင်းလင်း သိမြင်ခွင့်ပေး ထားလား။ သင့်ဆီက နားလည်မှုရရှိဖို့ကို အလေးထားသူလား။ ဒီမေးခွန်းလေးတွေကို “ Yes” လို့ ဖြေ နိုင်ရင်တော့ သင်ချစ်ရတဲ့အချစ်စစ်မျိုးနဲ့ သင့်ကို ပြန်ချစ်နိုင်တဲ့သူကို တွေ့နေပါပြီ။      

ဒီစာလေးဖတ်နေရင်းနဲ့ သတိရမိတဲ့သူရှိရင်လည်း mention ခေါ်လိုက်ပါဦးနော်။