ကျွန်မမှာသာ သမီးတစ်ယောက်ရှိခဲ့မယ်ဆိုရင်…

0
3337

တစ်နေ့ ကျွန်မမှာသမီးလေးတစ်ယောက် ရှိခဲ့မယ်ဆိုရင် ပထမဆုံးသမီးလေးကိုပွေ့ချီလိုက်ပြီး ကလေးအနံ့လေးကို ကျွန်မရှူရှိုက်ရင်းခံစားမှုလေးအသစ် ဖြစ်ပေါ်မိမှာပါ။ သမီးလေးက မွေးကင်းစလေးဆိုတော့ ကျွန်မလက်ထဲမှာပဲ ပုခက်လွှဲသိပ်မယ်လို့ စိတ်ကူးမိတယ်။ ဒီစိတ်ကူးလေးက ပြီးပြည့်စုံလွန်းပါတယ်။ ဒီလိုလှပတဲ့ ဘဝသစ်လေးတကယ်ဖြစ်လာဖို့ဆိုတာ နာကျင်ခံစားပြီးအခက်အခဲတွေ ကျော်လွှားပြီးမှ ရမယ်လို့ ကိုယ့်ကိုယ်ကို ပြန်သတိပေးမိတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

[quote_box_center]ကျွန်မသမီးလေးကို ချစ်ခြင်းမေတ္တာတွေ အများကြီးပေးမှာပါ။ ကျွန်မပေးချင်တဲ့ ချစ်ခြင်းမျိုးက အခုမှမောပန်းနေအောင် သုပ်ထားလို့ ပြောင်လတ်နေတဲ့ ပြတင်းပေါက်မှန်လေးကို ကြည့်နေတုန်း သမီးလေးကသူ့လက်သေးသေးလေးတွေနဲ့ ပြတင်းပေါက်ကိုကိုင်လိုက်ရင်တောင် မှန်ပေါ်ကသမီးလေးရဲ့ လက်ရာလေးကို မြတ်နိုးစွာကြည့်နေမယ့် ချစ်ခြင်းမျိုးပေါ့။ နွားနို့ခွက်လေးမှောက်ကျသွားလို့ ငိုနေတဲ့သမီးလေးဆီကို ပြေးပြီးပေကျံနေတဲ့နွားနို့တွေကိုမမြင်ဘဲ သမီးလေးမျက်နှာပေါ်က မျက်ရည်လေးတွေကိုပဲ သုပ်ပေးနေတဲ့ အချစ်မျိုး၊[/quote_box_center]

ရှုပ်​ပွ​နေတဲ အရုပ်​​တွေ​ကြားထဲက သမီး​လေးကိုပဲ မြင်​မိပြီး ​ပွေ့ချီမိတဲ့ အချစ်​မျိုး​တွေ​ပေါ့။ ပြီးရင်​ သမီး​လေးနဲ့တူတူ ​လေးဘက်​​ထောက်​သွားမယ်​၊ လမ်း​လျှောက်​တတ်​ခါစမှာ သမီး​လေးနဲ့တူတူ လမ်း​လျှောက်​မယ်​၊ သမီး​လေးကိုလက်​တွဲပြီး​ပြေးမယ်​၊ သမီး​လေးအရွယ်​​ရောက်​လာတဲ့အခါ ​ဘေးက​နေ မားမားမတ်​မတ်​ ရပ်​​တည်ပေးမယ်​။ သမီး​လေးက က​လေးငယ်​​လေးက​နေ ကြီးပြင်းလာခဲ့တဲ့အခါ​ သူ.မေမေနဲ့တူ​အောင်​ နှုပ်​ခမ်းနီ​လေးဆိုးပါလိမ့်မယ်​။  အဲဒီအခါ ကျွန်မကလည်း သမီး​လေး ဘယ်​​လောက်​လှတယ်​ဆိုတာ ချီးကျူး​ပြောဆိုမှာ​ပေါ့။ သို့​ပေမယ့်​လည်း

ငယ်​ရွယ်​နုပျိုခြင်း​တွေက အမြဲထာဝရ မတည်​မြဲဘူးဆိုတာကို ရှင်းပြ​ပေးရဦးမှာ​။ “သမီး​လေး တကယ့်​အလှစစ်​ဆိုတာ သမီ​လေးဝတ်​ထားတဲ့ အဝတ်​အစား​တွေ၊ သမီး​လေးရဲ့ အပြင်​ပန်းရုပ်​ရည်​နဲ့ လှပတဲ့ဆံပင်​​လေး​တွေ​ပဲ မဟုတ်​ပါဘူး။” [pull_quote_center]”မိန်းက​လေးတစ်​​ယောက်​ရဲ့ အလှစစ်​က သူ့ရဲ့မျက်​လုံးထဲမှာ ရှိပါတယ်​၊ ဘာ​ကြောင့်​လဲဆို​တော့ မျက်​လုံးထဲကမှတဆင့်​ သမီး​လေးရဲ့ စိတ်​ထဲ၊နှလုံးထဲကို မြင်​နိုင်​လို့​လေ။ နှလုံးသားဆိုတာ ချစ်​ခြင်း​မေတ္တာ​တွေသိမ်းဆည်းထားတဲ့​နေရာ ဖြစ်​လို့ပါ။” [/pull_quote_center]သမီး​လေးက ဒါ​တွေအားလုံးကို နားလည်​ဖို့ ငယ်​​ရွယ်သေး​ပေမယ့် သူမေမေရဲ့ စကားလေတွေ​ဆိုပြီး ​ခေါင်း​လေးတညိမ်ညိမ့်နဲ့ နား​ထောင်​​နေလိမ့်မယ်ဆိုတာကို ကျွန်မမြင်​​ယောင်​မိပါတယ်​။

မျက်စိတဖြုတ်လေးမှာပဲ သမီး​လေးက ငယ်​ရွယ်​တက်​ကြွပြီး ခံစားတတ်​တဲ့ ဆယ်​​ကျော်​သက်​ အရွယ်ဖြစ်​လာပါလိမ့်မယ်။ ဘာပဲဖြစ်​ဖြစ်​ ​သေချာတာတစ်​ခုက​တော့ သမီး​လေး​ဘေးမှာ ကျွန်​မအမြဲရှိ​နေမှာပါပဲ။ သမီး​လေးကို အမှား​တွေပြင်​​ပေးပြီး ဆုံးမသြဝါဒ​ခြွေမှာထက်​ သမီး​လေးနဲ့ ဆက်​ဆံ​ရေးကို တိုးတက်​ဖို့ကြိုးစားပါမယ်​။ သိဖို့ကို ဂရုစိုက်​တာထက်​ ဂရုစိုက်​တတ်ဖို့သိ​အောင်​လုပ်ပါ့​မယ်​။ သမီး​လေးနဲ့တူတူ ​တောင်​တက်​မယ်​၊ စွန်​လွတ်​မယ်​။ သမီး​လေးကို ရိုက်​ဆုံးမတာထက်​ ​ထွေးပိုက်​ထားပါ့မယ်​။
[quote_box_left]သမီး​လေးကို ကျွန်​ချစ်​ပါတယ်​ဆိုတာ အမြဲလိုလို ​ပြော​နေမယ်​​လေ။
ရေချိုး​ပေးရင်​လည်း​ပြောမယ်​၊ သွားတိုက်​​ပေးရင်​လည်း​ပြောမယ်​၊
ကျောင်းမ​နောက်​ကျဖို့​ပြောရင်​လည်း ချစ်​တဲ့အ​ကြောင်းထည့်
ပြောရဦးမယ်​။ ညဘက်​ဆိုရင်​လည်း သမီ​လေးစာအုပ်​ဖတ်​​နေတာ
ရပ်​ဖို့​ပြောမယ်​၊ မီးပိတ်​​ပေးမယ်​၊ အိပ်​ယာဝင်​ဖို့​ပြောပြီးချစ်​တယ်​လို့ ​ပြောဦးမယ်​။ ​[/quote_box_left]

နေ့တိုင်း​နေ့တိုင်း သမီး​လေးကိုချစ်​တဲ့​အ​ကြောင်းပြောပြီး သူ့ကိုဘယ်လောက်ချစ်တယ်ဆိုတာကို မှတ်​မိနေ​စေမယ်​​လေ။
သမီး​လေးနဲ့တူတူ စာအုပ်​​တွေဖတ်​မယ်​။ ဘာသာစကားမတူညီတဲ့ ရုပ်​ရှင်​​တွေကြည့်​ပြီး သမီး​လေးကို ဘာသာစကား​တွေ ​လေ့လာသင်​ယူ​ဖို့ ကူညီမယ်​။ ပညာ​ပေးပုံပြင်​​တွေ၊ ပညာ​ပေးဇာတ်​လမ်း​တွေ တူတူ​လေ့လာပြီး သမီး​လေးကို ​ဘဝသင်​ခန်းစာ​တွေကို ​ပြောပြသင်​ကြား​ပေးမယ်​။ အမှားလုပ်​ပြီးရင်​လည်း ​တောင်းပန်​တတ်​​အောင်​ သင်​ပြ​ပေးမယ်။ သမီး​လေးကို ကျောက်​​လေးပွတ်​ပြီး ​ချော့သိပ်​​နေတဲ့အချိန်​ အသိဉာဏ်​တိုး​စေမယ့်​ စကား​တွေ တီးတိုး​ပြောပြမယ်​။ မအိပ်​​​ပျော်​ခင်​ သင်​ယူတာက ပိုစွဲမြဲမှတ်​မိတယ်​ ဆိုတာ​ကြောင့်​​လေ။

သမီး​လေးလက်​ကို ​နေ့စဉ်​နဲ့အမြဲ ကိုင်​ထားလို့ရ​ပေးမယ့်​ ကျွန်​မမကိုင်​ပါဘူး၊ သမီး​လေးလည်း ကိုယ့်​လမ်းကိုရှာရမယ်​​လေ။ ကိုယ်​တိုင်​ရပ်​တည်​နိုင်​ဖို့ တတ်​နိုင်​သမျှ သူုကိုလွတ်​​ထားပေးမှာပါ။ သမီး​လေးကို ကိုယ့်​ကိုယ်​ကိုဂုဏ်​ယူပြီး အ​ကောင်းဆုံးကြိုးစားဖို့ ​ပြောပါ့မယ်​။ ပန်းတိုင်​​တွေကို ရရှိ​အောင်​မြင်​​အောင်​ ကြိုးစားပါ၊ ကျန်​တာဘုရားက ဆုံးဖြတ်​​ပေးပါလိမ့်​မယ်​လို့ ​ပြောပြမယ်​။ သမီး​လေးကို အင်​အား​တွေကိုချစ်​ဖို့ထက်​ အချစ်​ရဲ့အင်​အား​တွေသိ​အောင်​ ​ပြောပြမယ်​။ အရွယ်​​ရောက်​လာရင်​ သမီး​လေး အရှုံး​တွေနဲ့ နာကျင်​ခံစားရတာ​တွေကိုကြုံလာရမယ်​။ လိုချင်​တဲ့အရာအားလုံးက အလှမ်း​ဝေး​နေပြီးမှားယွင်း​နေတဲ့ခံစားချက်​တွေ၊ ပြုံးချင်​​ပေမယ့်​ သက်​ပြင်းချရတဲ့အခါ ကျွန်​မ​ပြောမှာက​တော့ “သမီး​လေး အနားယူချင်ရင်ယူလိုက်ပါ​၊ ဒါ​ပေမယ့်​ မရပ်​တန့်​ပါနဲ့၊ နည်းနည်း​လောက်​ ဇွဲမြဲလိုက်​တာနဲ့ ​အောင်​မြင်​​တော့မှာပါ” ​အောင်​မြင်​ဖို့က ​နှေး​နေ​ပေမယ့်​ ​နောက်​တစ်ဆက်ကြိုးစားရင် ​အောင်မြင်​မှာပါလို့​ပြောပြပါမယ်​။ သမီး​လေး    ကိုယ့်​ကိုယ်ကို ထိန်းချုပ်​နိုင်​ဖို့ကို ကျွန်​မအရင်​ကြိုးစားပါ့မယ်​။ အိမ်​ကိစ္စ​တွေကို ပြီးမှလုပ်မယ်​။ သမီး​လေးကို သန်​မာ​အောင်​ လုပ်​​ပေးမယ်​။

အချိန်​​တွေကြာလာတဲ့အခါ သမီး​လေးက သူ့ဘဝရဲ့လက်​​တွဲ​ဖော်​နဲ့ ​တွေ့ရဦးမယ်​။ မင်္ဂ​လာ​ဆောင်​ဖို့ သမီး​လေး​ပြောလာပြီဆိုရင်​ မင်္ဂလာဝတ်​စုံ​လေးနဲ့ လှ​နေတဲ့ သမီး​လေးကိုကြည့်​မဝဖြစ်​​နေမှာပါ။ မျက်​ရည်​ဝိုင်း​နေတဲ့ ကျွန်​မမျက်​လုံး​တွေနဲ့ ပုလဲလုံး​လေး​တွေ ဇာ​လေး​တွေ နဲ့ရင်​ခုန်​​နေတဲ့ သတိုးသမီး​လေးကို ကြည့်​​နေပါ့မယ်​။ ကျက်​သ​ရေရှိလှတဲ့ သမီး​လေးကို ကြည့်​ပြီး သမီး​လေး အိမ်​​ပြောင်းပြီး ကိုယ့်​ဘဝကိုယ်​ ခွဲ​နေ​တော့မှာကို​တော့ ဝမ်းနည်းမိပါတယ်​။ လှလှပပ​လေးကြီးပြင်းလာတဲ့ သမီး​လေးကို ကြည့်​ပြီး ဆုံးရှုံး​တော့ရမှာ​ကြောင့်​ ဝမ်းနည်းမိ​ပေမယ့်​ တစ်​ကိုယ်​​ကောင်းမဆန်​သင့်​ဘူးလို့ ကိုယ့်​ကိုယ်​ကို ပြန်​သတိ​ပေးရမယ်​။ သမီး​လေးကိုဖတ်​ပြီး ​ကြောက်​ရွံ့ခြင်းနဲ့ သံသယ​တွေနဲ့ ပြည့်​နက်​​မ​နေ​စေဖို့ ​ပြောရဦးမယ်​။ ​နောက်​ဆုံးအ​နေနဲ့ သမီး​လေးကိုတစ်​ခါကြည့်​ပြီး အပြန်​အလှန်​ပြုံုးကြမယ်​။ သမီး​လေးဘာဖြစ်​ဖြစ်​ အ​မေက​တော့ ထာဝရအ​မေပါပဲဆိုတာ သိ​အောင်​လုပ်​ပါ့မယ်​။ သမီး​လေးကို အနမ်း​လေး​ပေးပြီး ​နောက်​ဆုံးဆိုတဲ့ အချိန်​မ​ရောက်​မချင်း သမီး​လေးကို ထားမသွားဘူးဆိုတာ ​ပြောပြမယ်​။ ကျွန်​မဟာ ထူးကဲလှတဲ့ အခွင့်​ထူးတစ်​ခုဖြစ်​တဲ့ မိခင်​တစ်​​ယောက်​ဖြစ်​ခွင့်​ရပြီဆိုရင်​ သမီး​လေးကို ဘယ်​​တော့မှခွဲသွားမှာ မဟုတ်​ပါဘူး။

မျှ​ဝေ​ပေးတယ်​ဆိုတာဂရုစိုက်​လို့ပါပဲ။အောက်​​ဖော်​ပြပါ ​Facebook​SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီးသင့်​သူငယ်​ချင်း​တွေကိုဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။