90’s Kid များသာ ခံစားလိုက်ရသည့် အချစ်ရေးအတွေ့အကြုံများ

0
581

သင်မီလိုက်လား…. ကောင်မလေးကို ရည်းစားစာရေးဖို့ စာရေးကောင်းတဲ့ သူငယ်ချင်းကို လက်ဖက်ရည်တိုက်ပြီး ချော့ပေါင်းခဲ့ရတဲ့ခေတ်

သင်မီလိုက်လား… “ ဒီစာလေးဖတ်ပေးပါဦး” လို့ပြောပြီး အနောက်ကနေတကောက်ကောက်လိုက်ပေးခဲ့ရတဲ့ စာအိတ်ပြာပြာလေးတွေ၊

သင်မီလိုက်လား … ကောင်မလေးရဲ့ငြင်းဆိုမှုတွေကို ကောင်ကလေးက ဇွဲနဘဲကြီးစွာနဲ့ စာလေးလက်ခံမယ့်အချိန်တွေကို စောင့်ခဲ့ရတာတွေ

သင်မီလိုက်လား… ကောင်မလေးဆီက ဓာတ်ပုံလေးကို မရမကတောင်းပြီး၊ ခေါင်းအုံးအောက်မှာထားပြီး အလွမ်းပြေကြည့်ခဲ့ရတဲ့အချိန်တွေ

သင်မီလိုက်လားး…. “ခဏလောက်စကားပြောချင်လို့ပါ” လို့ပြောပြီး စက်ဘီးနောက်က လိုက်ခဲ့ရတဲ့အချိန်တွေ

သင်မီလိုက်လား … ကောင်မလေးအသံကိုကြားရဖို့ လမ်းထိပ်ဈေးဆိုင်မှာ လူရှင်းတာစောင့်ရင်း တယ်လီဖုန်းဆက်ဖို့ စောင့်ခဲ့ရတဲ့အချိန်တွေ  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သင်မီလိုက်လား… ကောင်မလေးကြိုက်တတ်တဲ့ စာအုပ်တွေငှားပေးရင်း စာအုပ်ကြားထဲ ညှပ်ထည့်ပေးတတ်တဲ့ ချစ်သဝဏ်လွှာလေးတွေ

သင်မီလိုက်လား…. ချစ်သူနှစ်ဦး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း အအေးဆိုင်မှာသောက်ခဲ့ကြတဲ့ ကြံရည်ချိုချိုလေးတွေ

သင်မီလိုက်လား…. ညနေခင်းတွေမှာ ချစ်သူကိုလွမ်းရင်း ချစ်သူကိုတိုင်တည်တဲ့ ဒိုင်ယာရီလေးတွေရေးတတ်အချိန်လေးတွေ

အခုတော့…

ကောင်မလေးတစ်ယောက်ကို facebook မှာ friend request ပို့၊ Viber ကနေချစ်ရေးဆို၊ message ကနေအဖြေရ၊ video calls နဲ့ အလွမ်းသည်ရတဲ့ခေတ်ကို ရောက်လာပြီ။

ကောင်မလေးနောက်ကို တကောက်ကောက်လိုက်ဖို့မလို Instagram မှာ ဖော်လိုလုပ်ထားရင်ရတဲ့ ခေတ်ရောက်လာပြီ

ကောင်မလေးတစ်ယောက်အကြောင်း သူမသူငယ်ချင်းကို မုန့်ကျွေးပြီး စုံစမ်းစရာမလိုတော့ဘဲ facebook profile ကနေ အကုန်သိနိုင်တဲ့ခေတ်ရောက်လာပြီ

ချစ်သူနဲ့အတူရှိနေချိန်မှာ ဖုန်းကိုကြည့်နေတတ်ပြီး ညရောက်ချိန်မှာ အပြန်အလှန် မက်ဆေ့ဂ်ျပို့တတ်တဲ့ ခေတ်ကိုရောက်လာပြီ။

ဖုန်းကိုကြိုက်တဲ့အချိန်ဆက်လို့ရသွားပေမဲ့ ဧရိယာပြင်ပရောက်တာ၊ missed calls တွေများလာတာတွေ ဖြစ်တဲ့ခေတ်ကိုရောက်လာပြီ။

ချစ်သူရဲ့ ဓာတ်ပုံကို facebook ပေါ်မှာ like လုပ်ရင်း အဝကြည့်လို့ရတဲ့ ခေတ်ရောက်နေပြီ။

ပရိသတ်ကြီးရေ…

တိုးတက်လာတဲ့ခေတ်ကြီးထဲမှာ အချစ်မှာကြုံတွေ့ရတဲ့ အတွေ့အကြုံလေးတွေကလည်း ပြောင်းလဲလာပြီနော်။ ရှေးရိုးဆန်တယ်လို့ပဲပြောပြော ကျွန်မကတော့ စာအိတ်ပြာပြာလေးတွေ၊ လမ်းထိပ်က “ဖုန်းလာတယ်” လို့လာခေါ်သံလေးတွေ၊ ချစ်သူညကရေးထားတဲ့ ဒိုင်ယာရီအလွမ်းစာလေးတွေကို လွမ်းမောမိတယ်။

ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက 90’s kid တစ်ယောက်ဖြစ်တာကြောင့် ကျွန်မကတော့ စာအိတ်ပြာပြာလေးတွေကို sms message တွေထက် ပိုမက်မောမိတာ ကျွန်မမလွန်ပါဘူးနော်။

အဲဒီရင်ခုန်ခြင်းတွေရခဲ့ဖူးတယ်ဆိုရင် ဒီစာလေးကို ဂုဏ်ယူစွာ SHARE လိုက်ပါဦး။