ကိုယ့်ဘဝကိုယ် အကောင်းဆုံး တည်ဆောက်လိုက်ပါ ညီမလေး

0
1436

ညီမလေးရေ…

ကြုံတွေ့ခဲ့ရတဲ့အကြောင်းအရာတွေ၊ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကြောင့် စိတ်ညစ်ပြီး စိတ်ဓာတ်ကျနေသလား။

အခုအချိန်က ညီမလေးခံစားနေရတာတွေကို မေ့ပစ်ပြီး အရာရာကို အရဲရင့်ဆုံး ရင်ဆိုင်ကျော်ဖြတ်ရမယ့်အချိန် ရောက်နေပြီနော်။ ဒီတော့ ချက်ချင်းထလိုက်၊ ပြီးတော့ မှန်ရှေ့မှာရပ်ပြီး ကိုယ့်ကိုယ်ကို သေသေချာချာ ပြန်ကြည့်လိုက် ညီမလေး။

ညီမလေးဘဝထဲက အမှိုက်တွေကို ရှင်းထုတ်ဖို့အသင့်ဖြစ်ပြီဆိုတဲ့ စိတ်တွေ ညီမလေးရဲ့ မျက်နှာမှာ မြင်ရပြီမို့လား။ ညီမလေးရဲ့ အတွေးအခေါ်တွေ အရင်ကထက် ပိုပြီးတိုးတက်လာပြီဆိုတာ ညီမလေးရဲ့ မျက်လုံးတွေထဲမှာ မြင်ရပြီမို့လား။ ညီမလေးဟာ တဖြည်းဖြည်းနဲ့ ရင့်ကျက်တဲ့အမျိုးသမီးတစ်ယောက် ဖြစ်လာပြီဆိုတာ မှန်ထဲက ညီမလေးရဲ့ပုံရိပ်မှာမြင်ရပြီမို့လား။

အခွင့်အရေးတွေကြောင့်ပဲဖြစ်ဖြစ်၊ ထင်မှတ်မထားလို့ပဲဖြစ်ဖြစ် ညီမလေးသင်ယူခဲ့သမျှ အသိအမြင်တွေ၊ ဘဝသင်ခန်းစာတွေက ညီမလေးရဲ့ဘဝကို သတ်မှတ်ပေးမှာပါ။

ဟုတ်ပါတယ်။ ညီမလေးရဲ့ဘဝဟာ အခုမှ တည်ဆောက်ဆဲကာလပဲ ရှိပါသေးတယ်။ ညီမလေး ကိုယ့်အားကိုယ်ပြီးကြိုးစားနေတာကို ရပ်လိုက်ပြီဆိုတာနဲ့ ညီမလေးရဲ့ ဘဝတည်ဆောက်မှုလည်း ရပ်တန့်သွားမယ်ဆိုတာ မမေ့ပါနဲ့နော်။

ရွေးချယ်စရာမရှိလို့ ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေကို တစ်ခဏလေးအတွင်းမှာ ချမှတ်လိုက်ရတာမျိုး ညီမလေးကြုံဖူးတယ် မဟုတ်လား။

ညီမလေးရဲ့ နှလုံးသားမှာ ဒဏ်ရာတွေရကောင်းရနေလိမ့်မယ်။ ဒါပေမဲ့ လူအများစုကို ကြင်နာမှုတွေ ဝေမျှနိုင်ခဲ့တယ်မဟုတ်လား။

ညီမလေးက ကိုယ့်ကိုယ်ကို အရေးမပါတဲ့သူတစ်ယောက်လို ထင်ကောင်းထင်နေလိမ့်မယ်။ ဒါပေမဲ့ ညီမလေးဟာ ညီမလေးကို ချစ်တဲ့သူတွေအတွက်တော့ အစားထိုးမရသူပါကွယ်။

ဒါကြောင့် ညီမလေး ကိုယ့်ကိုယ်ကို ယုံကြည်ပါ။ ကိုယ့်ဘဝကို ကိုယ်တိုင်တည်ဆောက်ပါ။ ညီမလေးစိတ်နှလုံးမှာ ရှိနေတဲ့ ကောင်းခြင်းတွေကို တွေ့အောင် ရှာဖွေပါ။ လောကဓံတွေကြားမှာ ကြံ့ကြံ့ခံရပ်တည်ပြီး အကောင်းဆုံး ကြိုးစားလိုက်ပါ။

ညီမလေးမှာ ထူးခြားကောင်းမွန်လှတဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ်မဟုတ်လား။

ပြီးတော့ ကမ္ဘာပေါ်မှာ ညီမလေးအတွက် အရိုးသားဆုံးနဲ့ အယုံကြည်ရဆုံးလူဟာ ညီမလေးကိုယ်တိုင်ပဲ မဟုတ်လားကွယ်။

ညီမလေးကိုချစ်တဲ့ မမဂန္ထဝင်

ကြိုက်နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါနော်။