လတ်ဆတ်တဲ့နာနတ်သီးမှည့် ရွေးချယ်ဝယ်ယူနည်း။

0
233
၁။ အမှည့်ဆုံးနာနတ်သီးကို ရွေးချယ်ပါ။

အရောင်အဆင်း မှေးမှိန်ညစ်ထေးမနေဘဲ တောက်ပနေတဲ့ နာနတ်သီးဟာ အကောင်းဆုံးဖြစ် ပါတယ်။ တစ်လုံးလုံး လိမ္မော်ရင့်ရောင်ဖြစ်နေပြီး အနံ့သင်းပျံ့ပါတယ်။

၂။ လက္ခဏာရပ် ၇ ခုကို ကြည့်ပါ။

နာနတ်သီးက ရှုံ့တွနေရင် ဆိုင်မှာ ကြာနေပြီမို့ပါ။ နူးညံ့ပြီး စွတ်စိုလွန်းနေရင် ပုပ်စပြုနေတာပါ။ ရှာလကာရည်လိုချဉ်နံ့ရနေရင် မလတ်ဆတ်တာကို ပြသနေတာပါ။ စိမ်းဖန့်ဖန့်ဆိုရင်တော့ ဘယ်တော့ မှ မမှည့်နိုင်တဲ့လက္ခဏာရပ်ပါ။ အသီးပေါက်ပြီး အရည်စိမ့်ထွက်နေရင် ပျက်စီးနေတဲ့အဓိပ္ပာယ်ပါ။ အ ရွက်တွေ ညှိုးခြောက်နေရင် အသီးက ကောင်းစွာရင့်မှည့်နေတယ်ဆိုတဲ့သဘောပါ။ မှိုတက်နေရင် တော့ လုံးဝမဝယ်သင့်တော့ပါဘူး။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ စနစ်တကျသိမ်းပါ။

နာနတ်သီးတစ်လုံးလုံးကို သာမန်အပူချိန်မှာ သိမ်းဆည်းပြီး ရက်အနည်းငယ်အတွင်းစားသုံး သင့်ပါတယ်။ ရေခဲသေတ္တာထဲမှာဆိုရင် ပိုကြာကြာသိမ်းဆည်းနိုင်ပါတယ်။ ဒါပေမဲ့ နာနတ်သီးစိပ်တွေ ခဲနေရင်တော့ မူလအရသာကို ပေါ့သွားစေပါတယ်။

၎။ မှန်ကန်စွာခွဲခြမ်းပါ။
  • ထိပ်နဲ့အောက်ခြေကို ဖြတ်ပါ။
  • ဖြတ်ထားတဲ့အောက်ခြေပေါ်မှာ နာနတ်သီးကို ထောင်လျက်ထားပါ။ အခွံတွေကို ဒေါင်လိုက် ဖြတ်ပါ။ အခွံပေါ်က မျက်စိတွေပါတဲ့အထိ ခပ်နက်နက်ဖြတ်ထုတ်ပါ။
  • အရှည်လိုက်တစ်ဝက်ဖြတ်ပါ။ တစ်ဝက်ကို ထက်ဝက်ပြန်ခြမ်းပြီး လေးပိုင်းရတဲ့အထိဖြတ်ပါ။
  • တစ်ခုစီတိုင်းရဲ့အလယ်အူတိုင်တွေကို ဖြတ်ထုတ်ပစ်ပါ။

အားလုံးပြီးရင်တော့ နောက်ဆုံးအနေနဲ့ အနေတော်အရွယ်လေးတွေဖြတ်ပြီး အရသာရှိရှိ စားသုံး နိုင်ပါပြီနော်။

သင့်သူငယ်ချင်းတွေထဲမှာ နာနတ်သီးကြိုက်တဲ့သူတွေရှိရင်လည်း mention ခေါ်လိုက်ပါဦး။