ကလေးတွေကို အသီးအရွက်ကြိုက်လာအောင် မိဘတွေ ဘယ်လိုကျွေးမွေးကြမလဲ။

0
730
မေမေတို့ရေ…

သားသားမီးမီးတို့ကို ကျန်းမာရေးနဲ့ညီညွှတ်ပြီး အာဟာရပြည့်ဝအောင် လတ်ဆတ်တဲ့ဟင်းသီး ဟင်းရွက်စုံစုံလင်လင်နဲ့ ကျွေးမွေးချင်ပေမဲ့ ကလေးတွေက ထမင်းကျွေးလိုက်တိုင်းအသားငါးကိုပဲ ရွေးစားပြီး အသီးအရွက်ကို ငြင်းဆန်နေပါသလား။ ဒါဆိုရင်တော့ အောက်မှာဖော်ပြထားတဲ့ နည်းလမ်း လေးတွေကို သုံးကြည့်ဖို့ အကြံပြုလိုက်ပါရစေနော်။

၁။ အစားအသောက်ပုံစံကို ချမှတ်ပေးပါ။

ကလေးတစ်ယောက်ရဲ့အစာစားမှုပုံစံဆိုတာ ကလေးမိဘတွေဆွဲထားပေးတဲ့ ပုံစံပဲဖြစ်ပါတယ်။ ကလေးတွေဆိုတာ သူတို့သိတာကိုပဲ သူတို့စားကြပါတယ်။ သူတို့မသိတဲ့အစားအစာတွေကို မတောင်း ဆိုတတ်ကြပါဘူး။ ဒါကြောင့် ကလေးတွေစားသင့်တဲ့အစားအသောက်ပုံစံကို မိဘကသတ်မှတ်ပေး သင့်ပါတယ်။

၂။ အစာစားတဲ့အခါ ပျော်ရွှင်အောင်ပြုလုပ်ပေးပါ။

ကလေးတွေဟာ သူတို့ယုံကြည်တာကို ပြုလုပ်ရတာအလွန်နှစ်သက်ကြပါတယ်။ ဒါကြောင့် အစားကျွေးတဲ့အခါ သူတို့ကြိုက်နှစ်သက်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ပုံစံဖြစ်အောင် စီမံပေးခြင်းဖြင့် ပျော်ရွှင်စွာ အစားစားကြမှာ ဖြစ်ပါတယ်။

 ၃။ အစားအသောက်စီမံရာမှာ ကလေးတွေကို ပါဝင်အောင်ဖိတ်ခေါ်ပါ။

ကလေးတွေဟာ လူကြီးတွေချက်ပြုတ်ရာမှာ ပါဝင်ကူညီခွင့်ရရင် အင်မတန်ပျော်ကြပါတယ်။ ဒါကြောင့် ဈေးဝယ်ထွက်ရာမှာ ကလေးတွေကို ခေါ်သွားပြီး သူတို့နှစ်သက်တာတွေကို သူတို့ ကိုယ်တိုင် ရွေးချယ်ခွင့်ပေးပါ။ ချက်ပြုတ်ရာမှာ သူတို့နိုင်တဲ့အလုပ်လေးတွေကို လုပ်ခွင့်ပြုပါ။ ထ မင်းစားပွဲကို သူတို့စိတ်ကြိုက်ပြင်ဆင်ခွင့်ပြုပါ။ ဒီလိုပူးပေါင်းပါဝင်ခွင့်ပြုခြင်းဖြင့် ကလေးတွေအနေ နဲ့စားသောက်မယ့်အချိန်ကိုလည်း ပိုပြီးစိတ်လှုပ်ရှားပျော်ရွှင်စေမှာ ဖြစ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ အသီးအရွက်လေးတွေကို အရောင်စုံအောင်စီမံပေးပါ။

ကလေးတွေဟာ အရောင်လေးတွေကို အလွန်စိတ်ဝင်စားပါတယ်။ ဒါကြောင့် သူတို့ပန်းကန် ပြားထဲထည့်စားမယ့် အသီးအရွက်တွေကို အရောင်စုံနေအောင် ပြင်ဆင်ပေးခြင်းဖြင့် သူတို့ရဲ့ အ သီးအရွက်စားလိုစိတ်ကို မြှင့်တင်ပေးနိုင်ပါတယ်။

၅။ ကောင်းမွန်တဲ့စားသောက်ခြင်းအတွက် ဆုချပါ။

မိဘတွေစီမံပေးတဲ့ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို စားတဲ့အခါ ဆုချပါ။ ချီးကျူး စကားဆိုပေးပါ။ ဒါက ကလေးတွေရဲ့အစားအသောက်ဇီဇာကြောင်တဲ့အကျင့်လေးတွေကိုလည်း ပယ် ဖျက်ပေးရာရောက်ပါတယ်။

အထက်ပါနည်းလမ်းလေးတွေက သင့်အတွက် အသုံးတည့်တယ်ဆိုရင် သင့်သူငယ်ချင်းထဲက ဘဝတူမေမေတို့ကိုလည်း mention ခေါ်ပြီး ပြန်မျှဝေပေးလိုက်ပါဦးနော်။