နှာခေါင်းပေါ်က ဝက်ခြံတွေအနာရွတ်မကျန်အောင် သက်သာပျောက်ကင်းစေမယ့်နည်းလမ်းများ

0
596

မျက်နှာလေးလှပချင်ပေမဲ့ ဝက်ခြံကြောင့် စိတ်ကသိကအောက်ဖြစ်နေမိသလား။ အထူးသဖြင့် နှာခေါင်းတဝိုက်နီရဲရောင်ရမ်းနေစေတဲ့ ဝက်ခြံတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်မိနေလား။  ဒီလို ဆိုရင်တော့ အောက်မှာဖော်ပြပေးထားတဲ့အကြံပြုချက်လေးတွေကို လိုက်နာကြည့်ဖို့ တိုက်တွန်းလိုက် ပါရစေနော်။

၁။ ရေခဲကပ်ပါ။

ဝက်ခြံပေါ် ရေခဲကပ်ပေးခြင်းက ဝက်ခြံကြီးထွားမှုကို လျှော့ချပေးပါတယ်။ ကပ်တဲ့အခါ ရေခဲကို နှာခေါင်းပေါ် တိုက်ရိုက်ကပ်ပေးရမှာ မဟုတ်ပါဘူး။ အဝတ်စတစ်ခုထဲ ရေခဲတုံးကို ထည့်ပြီးမှ ရေခဲဝတ် ကို နှာခေါင်းပေါ်ကပ်ပေးရမှာ ဖြစ်ပါတယ်။

၂။ သံပယိုသီးကပ်ပါ။

သံပယိုရည်မှာ သဘာဝအက်ဆစ်ဓာတ်ပါဝင်နေပါတယ်။ သံပယိုရည်ကို ဝက်ခြံပေါ် လိမ်းပေး ခြင်းအားဖြင့် အသားအရေရဲ့ချွေးပေါက်တွေကို သန့်စင်ပေးပြီး ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားပိုး တွေကို သေစေပါတယ်။             သံပယိုရည်ကို ဝါဂွမ်းလေးနဲ့တို့ပြီး ဝက်ခြံပေါ်မှာ လိမ်းပေးနိုင်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ ကြက်သွန်ဖြူသုံးပါ။

ကြက်သွန်ဖြူကို ဘက်တီးရီးယားဆန့်ကျင်တဲ့ပစ္စည်းအနေနဲ့ အသုံးပြုကြပါတယ်။ ဒါကြောင့် ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ဝက်ခြံတွေအတွက် သင့်တော်ပါတယ်။ ကြက်သွန်ဖြူကို သွေးသန့်ဖို့ လည်း အသုံးပြုကြပါတယ်။ ကြိတ်ချေထားတဲ့ ကြက်သွန်ဖြူကို အဝတ်စနဲ့တို့ပြီး ဝက်ခြံ ဧရိယာတ ဝိုက်ကို ပွတ်သပ်ပေးပါ။

 ၄။ ရေနွေးငွေ့သုံးပါ။

ရေနွေးငွေ့တွေဟာ အရေပြားပေါ်က ဝက်ခြံတွေကို ဖယ်ရှားဖို့ အလွန်အသုံးတည့်တဲ့အရာ ဖြစ်ပါတယ်။ ရေခဲလိုပဲ အလုပ်ဖြစ်ပါတယ်။ ခွက်တစ်ခွက်ထဲမှာ ရေနွေးကိုထည့်ပြီး ရေနွေးငွေ့ကို ဝက် ခြံအနီးရောက်အောင်ထားပါ။ ရေနွေးငွေ့က အသားအရေရဲ့ ချွေးပေါက်တွေကို သန့်စင်ပေးပြီး ချွေး ပေါက်ထဲက အညစ်အကြေးတွေကို အပြင်ထွက်လာစေပါတယ်။ ဝက်ခြံရဲ့ကြီးထွားမှုတွေကိုလည်း လျှော့ချပေးပါတယ်။

သတိပြုသင့်တာတစ်ခုက ဝက်ခြံတွေကို လက်နဲ့လုံးဝမညှစ်မိဖို့ပါပဲ။ ဝက်ခြံဆိုးဆိုးဝါးဝါးဖြစ်တဲ့ သူတွေရဲ့အဓိကအားနည်းချက်က ဝက်ခြံညှစ်ခြင်းပါပဲ။ ဝက်ခြံညှစ်ခြင်းက အသားအရေကိုသာမက ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ သိပ္ပံပညာရှင်တွေရဲ့အဆိုအရ နှာခေါင်းပေါ်က ဝက်ခြံကို ညှစ်ခြင်းက ဦးနှောက်ကျန်းမာရေးကိုတောင် ထိခိုက်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ နှာခေါင်းနား တဝိုက်ဧရိယာဆိုတာ ဦးနှောက်နဲ့တိုက်ရိုက်ဆက်သွယ်ထားတဲ့ နာ့ဗ်ကြောတွေရဲ့ အဆုံးသတ်နေရာ ဖြစ်လို့ပါ။

သင့်အတွက်အသုံးတည့်တယ်ဆိုရင် ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။