ကံကောင်းတဲ့မိန်းကလေးတွေ ပိုင်ဆိုင်ထားတဲ့ချစ်သူမျိုးဆိုတာ

0
1170

          လူတိုင်းဟာ အချစ်စစ်၊အချစ်မှန်ကို အလွယ်တကူမတွေ့ရှိတတ်ကြပါဘူး။ မိမိရဲ့အသည်းတစ်ခြမ်းကို ကောင်းကောင်းစောင့်ရှောက်ပေးပြီး  မိမိကိုထာဝရပျော်ရွှင်အောင်ထားမယ့် ချစ်သူကို လူတိုင်းအလွယ်တကူ မရရှိတတ်ပါဘူး။ အကယ်၍ ဒါဆိုရင်သင့်ချစ်သူမှာရှိတဲ့ အမူအကျင့်လေးတွေနဲ့ တူတယ်ဆိုရင်တော့ သင့်ကိုယ်သင်ကံကောင်းတဲ့မိန်းကလေးလို့ ယူဆလို့ရပြီပေါ့နော်။

၁။ သင့်ချစ်သူဟာ သင့်ရဲ့အတွေးအမြင်တွေကို လေးစားတတ်တယ်။ သင့်ရဲ့စကားတွေကို သေချာနားထောင်ပေးတတ်ပြီး သင့်ဆုံးဖြတ်ချက်တွေမှာ ပါဝင်စွက်ဖက်လေ့မရှိဘူး။

၂။ သင့်ချစ်သူဟာ သင့်ကိုအသစ်အဆန်းတွေလုပ်ဖို့၊ အတွေ့အကြုံအသစ်တွေရယူဖို့ အားပေးကူညီတတ်တယ်။

၃။ သင့်ချစ်သူဟာ သင့်အပေါ်မှာအမြဲမှန်ကန်ရိုးသားတယ်။ သင့်အတွက် အကြံဉာဏ်ကောင်းတွေပေးတတ်ပြီး သင့်ဘဝကိုမြှင့်တင်ပေးတတ်တယ်။

၎။ သင့်ချစ်သူဟာ သင့်အနားမှာ တစ်ချိန်လုံးတွယ်ကပ်မနေတတ်ဘူး။ သင့်ရဲ့ ကိုယ်ရေးကိုယ်တာတွေကိုလည်း အမြဲတမ်းစစ်ကြောမနေတတ်ဘူး။

၅။ သင့်ချစ်သူဟာ သူနဲ့ပတ်သတ်တဲ့အရာတွေအားလုံးနဲ့ ထိတွေ့ခွင့်ပေးတတ်တယ်။ သင့်ကိုနေရာတကာမချုပ်ချယ်သလို သင့်ကိုယ်ပိုင်အချိန်တွေကိုလည်း လေးစားတတ်ပါတယ်။

၆။ သင့်ချစ်သူဟာ ချစ်သက်တမ်းကြာလာတာတောင်မှ ချစ်စတုန်းကလိုပဲ သင့်အပေါ် စိတ်ဝင်စားမှုတွေရှိနေသေးတယ်။ သူနဲ့ရှိနေတိုင်း ရင်ခုန်စိတ်လှုပ်ရှားမှုတွေမလျော့သွားဘူး။

ကဲ… ပရိသတ်ကြီးရေ… သင့်ချစ်သူဟာ အထက်ပါအချက်လေးတွေနဲ့ ပြည့်စုံတဲ့သူဆိုရင်တော့ သင်ဟာသိပ်ကို ကံကောင်းတဲ့သူပေါ့။ သင့်ရဲ့ကံကောင်းမှုတွေကို အားလုံးသိအောင် ဒီစာစောင်လေးကို SHARE ထားလိုက်ပါနော်။