အလုပ်တွေကို နောက်ဆံမတင်းဘဲ လွတ်လပ်ပေါ့ပါးစွာ ခရီးသွားလာနိုင်မယ့် နည်းလမ်းကောင်းများ

0
296

အပန်းဖြေခရီးသွားတယ်ဆိုတာ နောက်ဆံတင်းစရာမရှိဘဲ အေးအေးဆေးဆေး သွားလာလည်ပတ်နိုင်မှ ပျော်ရွှင်စရာကောင်းတဲ့ခရီး ဖြစ်တာပါ။ အားလပ်ရက်ရတဲ့ အချိန်ခဏလေးအတွင်းမှာ ပစ်ထားခဲ့ရတဲ့အလုပ်တွေကိုလည်း နောက်ဆံတင်းရ၊ သွားချင်တဲ့နေရာတွေကို မရောက်လိုက်မှာကိုလည်း ပူရ၊ အချိန်မီပြန်ရောက်ပါ့မလားဆိုပြီးတော့လည်း စိုးရိမ်နေရတယ်ဆိုရင် ခရီးသွားရတာဟာ အချိန်ကုန်၊ ငွေကုန်တာထက် မပိုနိုင်ပါဘူး။

ဒါကြောင့် လွတ်လပ်ပေါ့ပါးစွာ ခရီးသွားလာချင်တဲ့ ဂန္ထဝင်ပရိသတ်ကြီးအတွက် နောက်ဆံမတင်းဘဲ ခရီးသွားလာနိုင်စေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်ရှင်။

၁။ ပေါ့ပေါ့ပါးပါး ခရီးသွားပါ။

ခရီးသွားရင် ပစ္စည်းတွေ၊ အဝတ်အထည်တွေကို တတ်နိုင်သမျှ နည်းနည်းယူသွားပါ။ ပေါ့ပါ့ပါးပါးသယ်သွားလေလေ ခရီးတွင်လေလေဖြစ်ပြီး နေရာစုံကို အချိန်တိုအတွင်းရောက်နိုင်ပါတယ်။

၂။ အွန်လိုင်းကနေ အလုပ်လုပ်ပါ။

လေယာဉ်ကွင်းမှာ စောင့်နေတဲ့အချိန်၊ ကားစီးနေတဲ့အချိန်တွေမှာ အွန်လိုင်းအသုံးပြုပြီး အွန်လိုင်းပေါ်ကနေ လုပ်နိုင်သမျှအလုပ်တွေကို လုပ်ပါ။ ဒါမှ နောက်ဆံတင်းစရာကိစ္စတွေ လျော့နည်းပြီး စိတ်ပေါ့ပါးစွာ ခရီးသွားလာနိုင်မှာ ဖြစ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ အချိန်ကို သတ်မှတ်ပါ။

လည်ပတ်စရာနေရာတော်တော်များများမှာ လူစူလူဝေးနဲ့ လူကြပ်တတ်ပါတယ်။ အဲဒီလူအုပ်ကြားရောက်သွားတဲ့အခါ ထွက်ရခက်ပြီး အချိန်ကြာသွားတာတွေ ရှိတတ်ပါတယ်။ ဒါကြောင့် နေရာတစ်ခုခုကို သွားရောက်လည်ပတ်တော့မယ်ဆိုရင် လူရှင်းရှင်းနဲ့ သွားကောင်းတဲ့အချိန်ကို သတ်မှတ်ပြီးမှ သွားပါ။

၎။ ပိတ်ရက်ရှည်တွေမှာပဲ ခရီးသွားပါ။

နေရာတစ်နေရာကို သွားရောက်လည်ပတ်ဖို့ ဈေးအသက်သာဆုံးအချိန်က ပွဲတော်ရက်တွေဖြစ်ပါတယ်။ လေယာဉ်လက်မှတ်နဲ့ အခြားဝန်ဆောင်ခတွေ လျှော့ဈေးနဲ့ရလို့ ပွဲတော်ကာလမှာ အားလပ်ရက်ရှည်မရရင်တောင် ရအောင်သွားမယ်ဆိုရင်တော့ အစီအစဉ်ကောင်းကောင်းမဆွဲနိုင်ပဲ အလုပ်တွေကို နောက်ဆံတင်းနေရမှာပါ။ ဒါကြောင့် ကိုယ့်မှာ အားလပ်ရပ်ရှည်ရှိတယ်ဆိုမှ ခရီးထွက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။

ကြိုက်နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။