ဖုန်းသုံးတာများပြီး ဇက်ကြောတက်နေပြီလား… ဒီနည်းလေးတွေကို လိုက်နာပါ

0
316

ဖုန်းသုံးတဲ့အခါမှာ ခေါင်းကို ရှေ့ကိုငုံ့ပြီး ဖုန်းသုံးတာများပါတယ်။ အဲဒီလို ခေါင်းငုံ့ပြီး ဖုန်းသုံးရင်းကြာလာတဲ့အခါမှာ “Text Neck” လို့ခေါ်တဲ့ ဇက်ကြော၊ ပုခုံးနဲ့ ကျောအပေါ်ပိုင်းတွေ လေးလံပြီး နာကျင်တာမျိုးတွေဖြစ်တတ်ပါတယ်။

ဒီတော့ ဖုန်းကို မဖြစ်မနေအကြာကြီးသုံးနေရတဲ့သူတွေအနေနဲ့ text neck မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ။ လွယ်ပါတယ်။ အောက်ပါနည်းလမ်းလေးတွေကို လိုက်နာလိုက်ပါ။

၁။ ခန္ဓာကိုယ်ကို မတ်မတ်နေပါ။ ဒါမှ ကျောရိုးက ပုံမှန်အနေအထားဖြစ်ပြီး ပုခုံးနဲ့ခန္ဓာကိုယ်တစ်ညီတည်းဖြစ်မှာပါ။

၂။ ဖုန်းသုံးတဲ့အခါ ခေါင်းငုံ့ပြီးမသုံးပါနဲ့။ ဖုန်းကို မျက်နှာရှေ့ရောက်အောင် မြှောက်ကိုင်ပြီး သုံးပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ဖုန်းကို မြှောက်ကိုင်ရတာညောင်းလာပြီဆိုရင် အောက်ချပြီး သုံးနိုင်ပါတယ်။ ဒါပေမဲ့ ခေါင်းမငုံ့ပါနဲ့။ မျက်လုံးကိုပဲ အောက်စိုက်ပြီးကြည့်ပါ။

၎။ ဖုန်းကို အချိန်အကြာကြီးဆက်တိုက်မကြည့်ဘဲ ခဏသုံးလိုက်၊ ဖုန်းချပြီးနားလိုက်၊ ပြန်သုံးလိုက်လုပ်ပါ။

မှတ်သားစရာ စာစောင်လေးဖြစ်လို့ SHARE လိုက်ပါဦးနော်။