အိမ်ခြေရာမဲ့တစ်ဦး၏ အတုယူဖွယ် သဒ္ဒါတရား

0
350
Photo Credit: http://arisesandiego.com/

လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော့်တိုက်ခန်းအောက်က ကားပါကင် တစ်ခုရဲ့ ထောင့်မှာ ထိုင်နေတဲ့ ပိန်ချုံးနေတဲ့ အိမ်ခြေရာမဲ့ ဦးလေးကြီးတစ်ယောက်နဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ သူပုံစံက အရမ်း တည်ငြိမ်အေးဆေးပါတယ်။ အဲဒီ ညကမိုးတွေလည်း သဲသဲ မဲမဲ ရွာနေတာနဲ့
“ဒီပုံစံနဲ့ဆို ဒီညခင်များ အဆင်ပြေမှာမဟုတ်ဘူး။ ဒီတော့ ခင်များဘာလိုအပ်လဲ၊ ကျွန်တော် ဘာကူညီပေးရမလဲ။” လို့ မေးဖြစ်လိုက်ပါတယ်။

သူကျွန်တော့ဆီက တောင်းလာတာကတော့ “ကြောင်စာ။ ကျွန်တော် ကြောင်စာ လိုချင်တယ်။” တဲ့။ ကျွန်တော်ကြားကြားချင်း ရယ်တာပေါ့။ “ခင်များကြောင်မွေးထားသေးတာလား” ဆို ကျွန်တော်တအံ့ တသြနဲ့ မေးကြည့်တော့

“မဟုတ်ပါဘူး။ ဒီတိုက်ကြီးရဲ့ အပြင်ဘက်မှာ ကြောင်လေးတစ်ကောင်ရှိတယ်။ သူ့ကိုကြည့်ရတာ အရမ်ဆာလောင်နေတဲ့ပုံပဲ။ ကျွန်တော့ဆန္ဒ ခင်များဖြည့်ဆည်းပေးချင်တာ ဆိုရင်တော့ ခုလောလောဆယ် ကျွန်တော်သူ့ကို အစာကျွေးချင်တာပဲ။ ”

ကျွန်တော်လဲ ကြောင်လေးအတွက် အစာတွေစီစဉ်ပေးလိုက်ပါတယ်။ အဲဒီအချိန်မှာပဲ ကျွန်တော့ခေါင်းထဲမှာ အတွေးတစ်ချက် ဖျတ်ခနဲ လက်သွားခဲ့ပါတယ်။ ကျွန်တော် သိလိုက်တာက အိမ်ခြေရာမဲ့ တစ်ယောက်က အခြား အကူအကယ်မဲ့နေတဲ့ တိရိစ္ဆာန်လေးအပေါ် မေတ္တာထား ကိုယ်ချင်းစာ နိုင်တာကိုပါ။

ကိုယ့်မှာ ဘာမှမရှိတဲ့ သူတစ်ယောက်က အခြား သူ့ထက် မပြည့်စုံသူတစ်ယောက်ကို ဖြည့်ဆည်းကူညီချင်တဲ့ စိတ်ထားလေးထက် လှတာ ဘယ်နေရာမှာများ ရှိနိုင်ဦးမှာပါလိမ့်ဗျာ။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

တစ်ခုခု ခံစားလိုက်ရရင် Share ပေးဖို့ မမေ့နဲ့နော်။