ယုံကြည်မှု လွန်ကဲခြင်းဟူသည်

blank

တစ်ခါတုန်းက ရွာတစ်ရွာမှာ မိုးခေါင်လို့ဆိုပြီး ရွာသားတွေ စုပေါင်းပြီး ဆုတောင်းမိုးခေါ်ပွဲ ပြုလုပ်ကြတယ်။ အဲဒီလူတွေ အားလုံးထဲမှာမှ ကောင်လေးတစ်ယောက်ကပဲ ထီးယူလာခဲ့တယ်။ ဒါဟာ မိုးခေါ်ဆုတောင်းခြင်းအပေါ် ထားတဲ့ ကောင်းလေးငယ်လေးရဲ့ ယုံကြည်မှု။

ကလေးလေးတစ်ယောက်ကို လေထဲမြှောက်လိုက်တယ်။ ကလေးက မကြောက်တဲ့အပြင် ရယ်တောင်ရယ်နေသေးတယ်။ ဒါဟာ မြှောက်လိုက်တဲ့သူအပေါ် ထားတဲ့ ကလေးရဲ့ယုံကြည်မှု။ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ညစဉ် အိပ်ယာဝင်တိုင်း မနက်ဖြန် ရှိမရှိ မသေချာဘဲ နောက်ရက် မနက် ထဖို့ နှိုးစက်ပေးကြတယ်။ ဒါဟာ ရှင်သန်ခြင်းအပေါ်ထားတဲ့ ကိုယ့်ရဲ့ မျှော်လင့်ချက်။

မသေချာမရေရာမှုတွေ ဒီလောက်များတဲ့လောကကြီးထဲမှာ ဘဝတစ်လျှောက်လုံး အနာဂတ်တစ်ခုလုံးအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ကြတယ်။ ဒါဟာ ကိုယ်တိုင်ဖန်တီးမယ့် ကိုယ့်အနာဂတ်ကို ယုံကြည်မှု။

လောကမှာ အိမ်ထောင်သားမွေးကိစ္စတွေကြောင့် ဒုက္ခများနေကြတာတွေ၊ ပူလောင်နေကြတာတွေ တွေ့နေရတယ်။ ဒါပေမယ့်လည်း ကိုယ် ကိုယ်တိုင်ကျတော့ လက်ထပ်ချင်သေးတယ်။ ကဲ… ဒါကတော့ ယုံကြည်မှု လွန်ကဲခြင်းဘဲ မဟုတ်ဘူးလား။ 😀

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။