Text-message ပြန်မပို့မိလို့ စိတ်ဆိုးနေတဲ့ သူငယ်ချင်းကို ချော့ဖို့လား

blank

သင့်သူငယ်ချင်းဆီကို မက်ဆေ့ပြန်ဖို့ အကြောင်းအမျိုးမျိုးကြောင့် မေ့သွားခဲ့တာမျိုး ကြုံဖူးပါသလား။ အကယ်၍ ကြုံခဲ့ဖူးရင်တော့ သူငယ်ချင်းရဲ့ ပြစ်တင်ရန်လုပ်တာကို ကောင်းကောင်း ခံခဲ့ရဖူးမှာပါ။ အဲလိုအခြေအနေမှာ သူငယ်ချင်းရဲ့ဒေါသတွေ ပြေလျော့သွားစေဖို့ အောက်ဖော်ပြပါ မက်ဆေ့လေးတွေက အသုံးဝင့်ပါလိမ့်မယ်။

၁။ ငါကားမောင်းနေတာလေ အဲအချိန်တုန်းက။ မသေပါရစေနဲ့ဦး။

ဒီ အကြောင်းအရာက ကျိုးကြောင်းဆီလျော်နေတဲ့အတွက် ဘယ်သူမှသင့်ကို ဒေါသထွက်မှာမဟုတ်ပါဘူး။

၂။ ဘုရားရေ ဒါဆို ငါနင့်ဆီဆို ပို့လိုက်တာ လူမှားသွားတာပေါ့။

ဒီလိုပြောလိုက်ရင်တော့ သူငယ်ချင်းက သင်သူ့ကို အလေးအနက် ထားခဲ့တယ် ဆိုတာကိုတော့ အသိအမှတ်ပြုလိုက်မှာပါ။

၃။ ဟင်! ငါပို့လိုက်တဲ့ မက်ဆေ့ ခုထိမရောက်ဘူးလား

ဒါဆိုရင်တော့ ကြားထဲမှာ ဆက်သွယ်ရေးစနစ် တစ်ခုခုမှားယွင်း နေတာကြောင့်လို့ပဲ သူယူဆသွားမှာပါ။

၎။ နင့်ဆီက မက်ဆေ့ ဝင်လာတော့ မင်တက်မိသွားတာပေါ့။

အနည်းဆုံးတော့ သင့်ရင်ထဲမှာ သူ့ကို ဂရုတစိုက် သတိရနေကြောင်း အသိအမှတ် ပြုသွားမှာပါ။

၅။ စာပြန်ရိုက်ပြီးမှ Send  ခလုတ်နှိပ်ဖို့ မေ့သွားခဲ့တာ ဒီမှာ ကြည့်လေ။

သင့်ရဲ့ နမော်နမဲ့ အကျင့်လေးတွေကို သူ သည်းခံခွင့်လွှတ် ပေးမှာပါ။

၆။ ဒီကိစ္စ နှစ်ယောက်တွေ့မှပဲ အေးအေးဆေးဆေး ပြောလို့ကောင်းမယ် ထင်လို့ပါ။

ဒါသူ့ကို သိပ်အလေးအနက်ထားလွန်းတယ် ဆိုတာကို ဖော်ပြလိုက်တာဖြစ်လို့ စိတ်ပြေသွားစေမှာ မလွဲပါဘူး။

၇။ ငါ့ဖုန်း အားကုန်သွားခဲ့တာ။ အဲအချိန် ငါက အပြင်မှာလေ။

သင်ဘာမှမတတ်နိုင်တဲ့ အခြေအနေ တစ်ခုအတွက် သူအပြစ်တင်မှာ မဟုတ်ပါဘူး။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။