တစ်ခစ်ခစ်ရယ်မောသံလေးများ

blank

၁။       လေယာဉ်ပျက်ကျတော့မည့် အချိန်တွင်ဖြစ်သည်။ ထိုလေယာဉ်တွင်စီးနင်းလိုက်ပါသည့် အမျိုးသမီးတစ်ဦးက ကမန်းကတမ်းထရပ်ပြီး ဤသို့ကြေညာသည်။
“ကျွန်မသေမယ်ဆိုရင် မိန်းမအဖြစ် တန်အောင်နေပြီးမှ သေမယ်”
ထို့နောက်သူမ အဝတ်အစားချွတ်ပစ်လိုက်ပြီး “ကဲ ဒီလေယာဉ်ပေါ်မှာ ကျွန်မကို ပြီးပြည့်စုံတဲ့မိန်းမအဖြစ် ခံစားရအောင် လုပ်ပေးနိုင်တဲ့ ယောက်ျားတစ်ယောက်လောက်များ ပါသလား။” လို့မေးတယ်။
ထိုအခါ အမျိုးသားတစ်ယောက် မတ်တတ်ထရပ်ပြီး သူ့ရှပ်အင်္ကျီကိုချွတ်ခါ
“ရော့ ဒီဟာကိုမီးပူတိုက်လိုက်” ဟူ၍ပြန်ပြောလိုက်လေသတည်း။

၂။       ဘာကြောင့် အမျိုးသမီးတွေက စစ်သားဖြစ်ရန် ပိုသင့်တော်သလဲ။
သူတို့တွေက တစ်ပတ်လောက် သွေးမတိတ်တာတောင် မသေကြလို့ပါ။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။       ဂေါက်ရိုက်သင်တန်းတက်နေသော အမျိုးသမီးလေးတစ်ယောက်၏ ပထမဆုံးအချီ ဂေါက်ရိုက်ရန် ပြင်ဆင်နေစဉ် သူ့ကိုပျားတုပ်သွားတယ်။ သူနာလွန်းလို့ ဆေးဝါးအကူအညီယူရန် ဂေါက်ရိုက်နားနေဆောင်သို့ ပြန်သွားရန်ဆုံးဖြတ်လိုက်တယ်။ သူ အဆောင်ပြန်ဖို့ ခြေလှမ်းနေတာကို မြင်တဲ့ ဂေါက်ရိုက်နည်းပြက “မင်းပြန်ပြီလား။ ဘာဖြစ်လို့လဲ။”ဟုမေးတယ်။

သူမ။   ။ကျွန်မကိုပျားတုပ်သွားလို့ပါ။
ဆရာ။  ။ဘယ်နေရာကိုလဲ။
သူမ။   ။ပထမကျင်းနဲ့ ဒုတိယကျင်းကြားကိုပါ။
ထိုအခါ ဆရာကခေါင်းညိတ်ပြီး “သမီးကဂေါက်ရိုက်ဖို့ အရမ်းကားထားတာကိုး”ဟူ၍ ကောက်ချက်ချလိုက်လေသည်။

၎။       ဇနီး။    ။ကျွန်မဝနေတယ်။ နည်းနည်းပါးပါးအားပေးပါဦး။
ယောက်ျား။     ။မင်းမျက်စိတော်တော်ကောင်းပါလား။

၅။       ခပ်ကြမ်းကြမ်း၊ အမွေးထူထူ ဆိုင်ကယ်သမားတစ်သိုက် ဆိုင်ကယ်မောင်းနေစဉ် မိန်းကလေးတစ်ယောက် တံတားပေါ်မှာ ခုန်ချရန်ဟန်ပြင်နေသည်ကို တွေ့သဖြင့် ဆိုင်ကယ်ရပ်လိုက်ကြတယ်။ သူတို့ထဲမှ ခေါင်းဆောင်ဖြစ်တဲ့ ခပ်တောင့်တောင့်ဘဲကြီးက ဆိုက်ကယ်ပေါ်မှဆင်းပြီး “ဘာလုပ်နေတာလဲ”လို့မေးတယ်။ ထိုအခါ မိန်းကလေးက “ကျွန်မကိုယ်ကျွန်မ အဆုံးစီရင်မလို့”ဟုပြန်ဖြေတာပေါ့။ သွေးအေးတဲ့ပုံလည်းမပေါ်ချင် အခွင့်အရေးကိုလည်း လက်မလွတ်ချင်တဲ့ ခေါင်းဆောင်ကြီးက “ကဲ မင်းမခုန်ချလိုက်ခင် ငါ့ကို အနမ်းလေးတစ်ခုလောက်မပေးချင်ဘူးလား”လို့ မေးလိုက်တယ်။ အဲတော့သူမ သူ့ကို အကြာကြီးမရပ်မနားတမ်း တရှိုက်မတ်မတ် ထဲထဲဝင်ဝင်နမ်းလိုက်တာပေါ့။ သူမနမ်းပြီးသွားတော့ ခပ်ကြမ်းကြမ်းဆိုင်ကယ်သမားကြီးက “ဟာ၊ ငါတစ်ခါမှ အဲ့လောက်ကောင်းတဲ့ အနမ်းကိုမရဖူးဘူး။ မင်းစွန့်ပစ်နေတာ နာမည်ကြီးအောင်လုပ်နိုင်တဲ့ အရည်အချင်းအစစ်တွေပါ၊ ဘာလို့ကိုယ့်ကိုယ်ကို သတ်သေမှာလဲ” လို့မေးတယ်။ ထိုအခါ သူမက “ကျွန်တော့် မိဘတွေက ကျွန်တော့်ကို မိန်းကလေးလိုမှ ပေးမဝတ်တာ” ဟုဖြေလိုက်တယ်။

၆။       အမျိုးသားတစ်ယောက်က အရက်ဆိုင်မှာထိုင်နေစဉ် အမျိုးသမီးချောချောတစ်ဦးကို သတိထားမိတယ်။
“ဟေး ခင်ဗျားနာမည် ဘယ်လိုခေါ်လဲ” လို့လှမ်းမေးလိုက်တယ်။ ထိုအခါ အမျိုးသမီး တစ်ခစ်ခစ်သဘောကျစွာရယ်၍ “ကျွန်မနာမည် စတေစီပါ။ အကို့နာမည်ကရော”ဟုပြန်မေးတယ်။
“ကျွန်တော်က ဂျင်ပါ။”
“ဂျင် ဒီညကျွန်မအိမ်  လိုက်ခဲ့မလား။”
“လိုက်မှာပေါ့၊ သွားရအောင်။”
စတေစီ့ အိမ်ရောက်တော့ စတေစီ၏စားပွဲပေါ်တွင် အမျိုးသားတစ်ယောက်၏ ဓာတ်ပုံတင်ထားတာတွေ့တယ်။
“အဲဒါမင်းအကိုလား။”
(တစ်ခစ်ခစ် ရယ်ပြီး) “မဟုတ်ပါဘူး ဂျင်”
“ဒါဆို မင်းခင်ပွန်းလား။”
(ပိုမိုရယ်လိုက်ပြီး)”မဟုတ်ဘူး၊ နောက်တယ်နော်။”

“ဒါဆိုအဲဒါမင်းရည်းစားပဲဖြစ်ရမယ်။”

စတာစီ၏ တစ်ခစ်ခစ်ရယ်မောသံလေးများ ပိုထွက်လာပြီး ဂျင်နားရွက်လေးတွေကို ကိုက်ရင်း “မဟုတ်ဘူး၊နောက်တယ်။”

“အဲဒါဆိုဘယ်သူလဲ။”

“အဲဒါကျွန်တော် အော်ပရေးရှင်းမလုပ်ခင်ကပုံပါ။”

၇။       အမျိုးသမီးတွေအုပ်ချုပ်ရင် ကမ္ဘာကြီးက ပိုနေလို့ကောင်းမယ်လို့ ပြောကြတယ်။ ဟုတ်မှာပေါ့။ ဖိုဟော်မုန်း တက်စတိုစတရုန်းတွေကြောင့် အကြမ်းဖက်မှုတွေ၊ နယ်မြေလုမှုတွေရှိမှာ မဟုတ်တော့ဘူးလေ။ အဲ အဲ့ဒီအစား မနာလိုတဲ့ နိုင်ငံတွေများလာပြီး အချင်းချင်းတော့ စကားပြောမှာမဟုတ်တော့ဘူး။

၈။       ကောင်ကလေးက သူ့အဖေကိုမေးတယ်။ “အဖြစ်မှန်နဲ့ ဖြစ်နိုင်ခြေ ဘာကွာသလဲ အဖေ။” အဲဒီတော့ အဖေက အခြားမိသားစုဝင်တွေကို ဘရက်ပစ်နဲ့ အိပ်လို့ဒေါ်လာတစ်သန်းရမယ်ဆိုရင် ဘယ်သူအိပ်မလဲလို့ လိုက်မေး၊ ပြီးရင် သူတို့ဘယ်လိုဖြေလဲ အဖေ့ကိုပြန်ပြော၊ အဖေရှင်းပြမယ်လို့ ပြောလိုက်တယ်။ အဲဒီတော့ ကောင်လေးက သူ့အမေဆီသွားမေးတယ်။ အမေက ဒီလိုပြန်ဖြေတယ်။ “ဒေါ်လာတစ်သန်းဆိုတာ အများကြီးပဲသားလေးရဲ့။ သား၊ သားအမနဲ့ သားအကိုကို ကောလိပ်ကောင်းကောင်း ထားလို့ရတာပေါ့။ အဲတော့ အမေအိပ်ပေးမှာပေါ့” ပြီးတော့သူ့အမကို သွားမေးတယ်။ ထိုအခါ အမက”ဟယ် ကောင်းလိုက်တာ။ လုပ်မယ်လေ။ သူကဘဲတွေထဲမှာ အမိုက်ဆုံးပဲ”လို့ပြောတယ်။ ထို့နောက်သူ သူ့အကိုကို သွားမေးတယ်။ သူ့အကိုက “ဒေါ်လာတစ်သန်း လုပ်မယ်ကွာ၊ ငါချမ်းသာပြီပေါ့” ကောင်လေးကစိတ်လှုပ်ရှားစွာ သူ့အဖေဆီပြန်သွားပြီး မိသားစုတုံ့ပြန်မှုတွေကို ပြန်ပြောပြတော့ အဖေက “အဖေတို့မှာ ဒေါ်လာသုံးသန်း ရဖို့ဖြစ်နိုင်ချေရှိတယ်။ အဖြစ်မှန်က အဖေတို့မှာ မိန်းမပျက်နှစ်ယောက်၊ အခြောက်တစ်ယောက်ရှိတယ်” ဟူ၍ရှင်းပြသည်။

၉။       အမျိုးသားတစ်ယောက် သူ့ဇနီးအတွက် ကားတံခါးတစ်ခုကိုဖွင့်ပေးတာကို တွေ့ရင် အဲဒီကားသို့မဟုတ် ဇနီးက အသစ်ပဲဖြစ်ရမယ်။

အ​တွေးအခေါ်များကို  မျှ​ဝေ​ပေးတယ်​ဆိုတာ ဂရုစိုက်​လို့ပါပဲ။ ​အောက်​ပါ ​Facebook​ SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီး သူငယ်​ချင်း​တွေကို ဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်​။