ကိုယ်ဘာမှမလုပ်နိုင်တော့သလို ခံစားနေရချိန်မှာ ဖျက်လတ်တက်ကြွမှုတွေ ပြန်ရနိုင်စေမယ့်နည်းလမ်း(၆)ခု

blank

အခက်အခဲတွေကြောင့် အလုပ်ဆက်မလုပ်ချင်တော့လောက်အောင် ခြေကုန်လက်ပန်းကျပြီး လက်မြှောက်အရှုံးပေးထွက်ပြေးချင်တဲ့အခိုက်အတံ့ကို ကြုံနေရပါသလား။ အရှုံးမပေးခင် အောက်ဆုံး ထိကျသွားတဲ့စိတ်ဓာကို အမြင့်ဆုံးအထိပြန်လည်ဆွဲတင်ဖို့ နည်းလမ်းလေးတွေကို အရင်ဖတ်ကြည့် လိုက်ပါလားနော်။

၁။ အခက်အခဲကြုံနေရတဲ့ အကြောင်းရင်းတွေကို သုံးသပ်ကြည့်ပါ။

– လုပ်သင့်မှန်းသိပေမဲ့ မိမိမနှစ်မြို့တဲ့အလုပ်တွေကို လုပ်ရမှာတွန့်ဆုတ်နေတာ။

– အာဟာရဓာတ်၊ အိပ်စက်ချိန်၊ ကိုယ်လက်လှုပ်ရှားမှုတွေနည်းပါးပြီး မောပန်းနေတာ။ ဒါမှမဟုတ် ဖျားနာပြီး နေထိုင်မကောင်းနေတာ။

– အသစ်အဆန်းပြုလုပ်လိုက်ခြင်းဖြင့် လက်ရှိအခြေအနေ ပျက်စီးသွားမှာကို ကြောက်လန့်ပြီး မိမိကိုယ်ကို ယုံကြည်မှုနည်းနေတာ။

– လွယ်ကူတဲ့လုပ်ငန်းအစအတွေ့အတွေ့အကြုံတွေကို ကျော်လွန်လာပြီး အဆုံးသတ်နဲ့လည်း မနီးသေးတဲ့ အခက်ခဲဆုံးလမ်းတစ်ဝက်ကို ရောက်ရှိနေတာ။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၂။ မိမိမလုပ်နိုင်သေးတဲ့အလုပ်တစ်ခုကို အကောင်အထည်ဖော်လိုက်ပါ။

ဥပမာ- နံနက်စောစောမှာ လမ်းလျှောက်ဖို့ ရည်ရွယ်ထားပြီး မပြုလုပ်နိုင်သေးဘူးဆိုရင် ည ဘက်ကတည်းက လမ်းလျှောက်ဝတ်စုံကို မိမိအိပ်ရာထဲကြိုတင်ထားထားပါ။ ပုံမှန်လမ်းလျှောက်ဖြစ် သွားတဲ့အခါ မိမိမလုပ်နိုင်သေးတဲ့အလုပ်တစ်ခု ဖြစ်မြောက်အောင် ပြုလုပ်နိုင်ခြင်းအတွက် မိမိကိုယ်ကို ယုံကြည်မှု ပိုတိုးမြှင့်လာပါတယ်။

၃။ ကျန်းမာရေးကို ဂရုစိုက်ပါ။

ကွန်ပျူတာရှေ့ကထပြီး အပြင်ထွက်လမ်းလျှောက်ပါ။ လေကောင်းလေသန့်ရှူပါ။ လုံလောက် စွာ အိပ်စက်အနားယူပါ။ ကျန်းမာရေးကို ဂရုစိုက်ခြင်းဖြင့် မိမိကိုယ်ကို စိတ်ဓာတ်ကျစရာ အခြေအနေမှ ရုန်းထွက်နိုင်စေပါတယ်။

၎။ ပျော်ရွှင်စရာတွေကို ရှာဖွေပါ။

ခက်ခဲတဲ့အခြေအနေတစ်ခုမှ ရုန်းထွက်နိုင်စေမယ့် မိမိအတွက် ပျော်ရွှင်စရာတွေကို ရှာဖွေပါ။

၅။ လမ်းတစ်ဝက်မှာ ဇွဲမလျှော့ဘဲ ကြိုးစားပါ။

ပန်းတိုင်ခရီးမှာ အခက်ခဲဆုံးအချိန်က လမ်းတစ်ဝက်အချိန်ပါပဲ။ မိမိရဲ့ အောင်မြင်မှုကို အဆုံးအဖြတ်ပေးမယ့် အရေးကြီးဆုံးအချိန်ဆိုလည်း မမှားပါဘူး။ ဒါကြောင့် လမ်းတစ်ဝက်မှာ အရှုံးမပေးဘဲ ဇွဲနဲ့သာ ရှေ့ဆက်လျှောက်လိုက်ပါ။

၆။ အခက်အခဲတွေက အခိုက်အတံ့ဆိုတာ နားလည်ပါ။

မိမိသွားလိုရာ ပန်းတိုင်ဆီရောက်ဖို့ အခက်အခဲတွေကို မကျော်လွှားချင်လို့ မရပါဘူး။ ဒါကြောင့် အခက်အခဲတွေဆိုတာ အောင်မြင်မှုမရောက်ခင် ကြုံရတဲ့ယာယီအခိုက်အတံ့တွေလို့ သတ်မှတ်ပြီး အကောင်းဆုံးကြိုးစားလိုက်ပါ။ ဆောင်းပါးလေး အကျိုးရှိတယ်လို့ ခံစားရရင် အများအကျိုးအတွက် SHARE လိုက်ပါဦးနော်။