လင်းယုန်ငှက်၏ မုန်တိုင်းကြားမှ အောင်မြင်ခြင်းနည်းဗျူဟာ

blank

          လင်းယုန်ငှက်တွေဟာ မုန်တိုင်းကျရောက်တော့မယ်ဆိုရင် ကြိုတင်သိကြပါတယ်။ ဒါ့ကြောင့်သူတို့လေးတွေဟာ လေပြင်းမုန်တိုင်းကျရောက်တော့မယ်ဆိုရင် အမြင့်ဆုံးကိုပျံပြီး မုန်တိုင်းအလာကို ကြိုတင်စောင့်နေတတ်ပါတယ်။ မုန်တိုင်းနဲ့အတူလေတွေပါလာတဲ့အခါ လေဟုန်ကိုစီးပြီး အမြင့်ဆုံးကိုပျံသန်းပါတော့တယ်။

လင်းယုန်ငှက်ဟာ မုန်တိုင်းတွေကို ရှောင်ဖယ်လေ့မရှိပါဘူး။ ကြောက်ရွံ့လေ့လည်းမရှိပါဘူး။ မုန်တိုင်းတွေကိုသူ့ကို ပင့်တင်ပေးတဲ့အရာအဖြစ်အသုံးချပြီး အမြင့်ကိုရောက်အောင်သွားတတ်ကြပါတယ်။ မုန်တိုင်းတွေပြီးဆုံးသွားတဲ့အခါမှာတော့ အမြင့်ဆုံးမှာပျံဝဲလို့ပေါ့။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ကျွန်မတို့တွေလည်း ဘဝမှာ အခက်အခဲဆိုတဲ့ မုန်တိုင်းတွေ ကျရောက်လာတဲ့အခါမှာ လင်းယုန်ငှက်ကို အတုယူသင့်ပါတယ်။ ကျွန်မတို့ဘဝကို ပြန့်ကျဲသွားအောင် လာတိုက်ခတ်တဲ့ လေဟုန်တွေကိုစီးပြီး ဘဝကို အမြင့်ဆုံးမှာ တည်ဆောက်ဖို့ အားယူရမှာပါ။ အခက်အခဲတွေကို ကျော်ဖြတ်ပြီး ဘဝအတွက် အခွင့်အရေးတွေအဖြစ်အသုံးချလိုက်တဲ့အခါ အခက်အခဲတိုင်းဟာ အခွင့်အရေးတွေဖြစ်လာပါလိမ့်မယ်။ ဇွဲ၊ လုံ့လ၊ ဝီရိယဆိုတဲ့ အတောင်ပံကို ဖြန့်ပြီး အခက်အခဲတွေကို လေဟုန်လိုစီးရင်း ဘဝကောင်းကင်မှာ ပျံသန်းတဲ့အခါ မုန်တိုင်းအဆုံးမှာ အမြင့်ကိုရောက်သွားတဲ့ လင်းယုန်ငှက်လေးလို အောင်မြင်မှုကိုရရှိပါလိမ့်မယ်။

အခက်အခဲတွေနဲ့ ပိမိပြီး အောက်ကို မပြုတ်ကျပါစေနဲ့။ အခက်အခဲတွေကို စီးတဲ့ လင်းယုန်ငှက်လေးလိုဖြစ်ပါစေလို့ ဆန္ဒပြုရင်း ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။