ကိုယ့်ရဲ့ အပူမီးတွေ သွားရာ ပါပြီး အများဆီ မကူးစက်စေဖို့ (အိမ်ထောင်ရေး သာယာလိုသူများအတွက်)

blank
photo credit: pixabay.com

ကျွန်တော့်ရဲ့ ယာတဲအဟောင်းကြီးကို ပြန်ပြင်ဖို့ ငှားရမ်းထားတဲ့ လက်သမားက ပထမရက်မှာ အကြမ်းလောက်ပဲ ပြီးတယ်ဗျာ။ သူ့ကား ဘီးပေါက်တာနဲ့ပဲ အချိန် တစ်နာရီလောက် အလကားဖြစ်သွားတယ်။ ဒီကြားထဲ သူ့လျှပ်စစ်လွှကလည်း ခဏခဏ ပျက်နေသေး။ ပြီးတော့ အခုလည်း သူ့ရဲ့ ခုနှစ်အိုကျ ရှစ်အိုဆွေး ကုန်တင်ကားက စက်နှိုးလို့ကို မရဘူးဗျို့။ ဟူး… စိတ်လေတယ်။

ဒီတော့ ကျွန်တော်ပဲ သူ့ကို အိမ်ပြန်လိုက်ပို့ ရတော့တာပေါ့ဗျာ။ လမ်းမှာတော့ သူက ဘာစကားမှ မပြောဘဲ မျက်လုံးလေးတောင် မှေးစင်းနေလိုက်သေး။ သူ့အိမ်လည်း ရောက်ရော၊ သူက သူ့မိသားစုနဲ့ မိတ်ဆက်ပေးချင်လို့ ဆိုပြီး သူ့အိမ်ထဲကို ဖိတ်တယ်။ ကျွန်တော် သူနဲ့အတူတူ အိမ်ဝကို အသွားမှာတော့ သူက သစ်ပင်ငယ်လေး တစ်ပင်ရှေ့မှာရပ်ပြီး သစ်ကိုင်းလေးတွေကို လက်နှစ်ဖက်နဲ့ ကိုင်နေတယ်။ ဘာလုပ်တာလဲတော့ မသိပါဘူး။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အိမ်တံခါးဖွင့်ပြီး အိမ်ထဲလည်း ဝင်ရော သူ့ပုံစံက ခုနကနဲ့ တစ်ခြားစီ လုံးဝ ပြောင်းလဲ သွားတော့တယ်ဗျာ။ မျက်နှာကလည်း မှိုပဲ ရသလိုလို၊ သူ့ကလေး နှစ်ယောက်ကိုလည်း ဖက်လိုက်သေး၊ ဒါတင်မကဘူးဗျ… မိန်းမကိုလည်း အာဘွားပေးလိုက်သေး။ တယ်လည်း အပြောင်းအလဲ မြန်တဲ့သူပဲ။

သူ့မိသားစုနဲ့လည်း မိတ်ဆက်ပေးပြီးရော ကျွန်တော့်ကို ကားဆီ ပြန်လိုက်ပို့ရှာတယ်။ ခုနက သစ်ပင်နားလည်း ရောက်ရော ကျွန်တော် သိချင်တာကို ဘယ်လိုမှ ထိန်းမရတော့ဘူးဗျာ။ ဒါနဲ့ပဲ ယောင်္ကျားတန်မဲ့ စပ်စုပြီး ခုနက ကျွန်တော်မြင်တာနဲ့ ပတ်သတ်လို့ မေးလိုက်တယ်။

ဒီတော့ သူက “သြော် ဒါလား။ ဒီသစ်ပင်ကို ကျွန်တော်ရဲ့ ဒုက္ခအိုးလေးလို့ နာမည်ပေးထားတာဗျ။ ကျွန်တော်က အလုပ်မှာဆို ပြဿနာ မပေါ်တဲ့ နေ့ကို မရှိပါဘူးဗျာ။ ဒါပေမယ့် သေချာတာက ဒါတွေနဲ့ အိမ်ကမိန်းမရော၊ ကလေးတွေနဲ့ရော ဘာမှ မဆိုင်ဘူး မလားဗျာ။ ဒီတော့ ကျွန်တော်အိမ်ပြန်လာတိုင်း အဲ့ဒီ စိတ်ညစ်စရာတွေကို ဒီသစ်ပင်လေးမှာပဲ ချန်ထားခဲ့တယ်လေ။ ညဆို ကျွန်တော့် ဒုက္ခတွေကို ထမ်းပိုးပေးထားရတဲ့ ကျေးဇူးရှင်လေးပေါ့ဗျာ။ မနက် အလုပ်ပြန်သွားမှပဲ ပြန်ယူသွားလိုက်တော့တယ်” တဲ့။

သူက ပြုံးရင်း “ရယ်ရတာက မနက် ကျွန်တော် ပြန်ဝင်ယူတဲ့ အခါကျတော့ မနေ့က ညကလောက် စိတ်ညစ်စရာ မများတော့ တာပဲဗျ “ ဆိုပြီး ဆက်ပြော ပါတော့တယ်။

ပရိတ်သတ်ကြီးရော ဒီလက်သမားကြီးရဲ့ လုပ်ရပ်ကို ဘယ်လို မြင်မိကြပါသလဲ။ သူ့ရဲ့ အပြင်အလုပ်ခွင်က ပြနာတွေကို အိမ်ပြင်မှာပဲ ချန်ထားခဲ့တာကိုလည်း ဘယ်လို သဘောရကြပါသလဲ။ ပရိတ်သတ်ကြီးရော… ။

သဘောကျနှစ်သက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။