မိမိလုပ်ရပ်က မိမိတင်မကဘဲ အခြားသူတွေအတွက်ပါ အကျိုးရှိဖို့ လိုပါတယ်။

blank

ကျွန်မတို့ မှာ ခြံစိုက်စရာ ဥယျာဉ်တွေ အများရှိပါတယ်။ ကျွန်မတို့ အိမ်အိုလေးရဲ့ဘေးမှာ ရှိတဲ့ ခြံဝင်းတွေထဲမှာ သစ်ပင်ပန်းမန်တွေ အများကြီး စိုက်ပျိုးထားပါတယ်။ အာလူးစိုက်တဲ့ အခင်းကတော့ အားလုံးထဲမှာ အကြီးဆုံးပေါ့။

တစ်ချိန်က ကျွန်မတို့မိသားစု အာလူးစိုက်ခဲ့တဲ့အချိန်လေးကို သတိရနေသေးတယ်။ အဲတုန်းက တစ်မိသားစုလုံး တက်ညီလက်ညီနဲ့ ပါဝင်ခဲ့ကြတာပါ။ အဖေက လယ်ကိုထွန်ယက်၊ ကျွန်မက အဖေ ယက်ထားတဲ့ လမ်းကြောင်းလေးပေါ်မှာ ပျိုးစေ့လေးတွေကြဲ၊ အမေက မြေသြဇာထည့်၊ မောင်လေးက မြေလေးတွေကို ပြန်ဖုံးရင်း ပျော်ပျော်ပါးပါး စိုက်ပျိုးခဲ့ကြတယ်။

အချိန်အနည်းငယ်ကြာတော့ ကျွန်မ အဲဒီခြံဝင်းလေးနားမှာ ကစားနေရင်း ဒီအချိန်ဆို ငါတို့ စိုက်ထားတဲ့ အပင်တွေ ဘယ်လိုဖြစ်နေမှာပါလိမ့်ဆိုပြီး သိချင်လာမိတယ်။ ဒီလိုနဲ့ ရိတ်သိမ်းတဲ့ အချိန်ကို ရောက်လာခဲ့ပါတယ်။ အဖေက ရိတ်သိမ်းဖို့ စမ်းသပ်ရင်း အားလူးအပင်တစ်ပင်ကို ဆွဲနှုတ်လိုက်တဲ့အခါ အာလူးသီးအကြီးကြီးတွေ ပါလာတာတွေ့လိုက်ရပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ကျွန်မဖြင့် အံ့သြဝမ်းသာ လိုက်တာ မပြောပါနဲ့တော့ ကျွန်မစိုက်လိုက်တဲ့ အဲဒီအစေ့သေးသေးလေးတွေကနေ အခုဆို အပင်တွေပေါက်၊ အသီးတွေသီး ကျွန်မတို့ စားသုံးဖို့ အစားအစာ တစ်ခု ဖြစ်လာခဲ့ပြီ။ အာလူကြော်စားမလား၊ အားလူးကို အသားလေးနဲ့ ချက်စားမလား။ အာလူးကတ်သလိပ် လုပ်စားမလား။ အို…အများကြီးပဲ။

ဒီလိုပဲ ကျွန်မတို့ ရဲ့ နေ့စဉ်ဘဝ လုပ်ရပ်တွေက ကျွန်မတို့ စိုက်ပျိုးလိုက်တဲ့ ပျိုးစေ့တွေပါပဲ။ ဒါကြောင့် ကိုယ့်အပြုအမူ၊ အပြောအဆိုတွေက အဆိပ် မျိုးစေ့တွေ မဖြစ်ဖို့ အရေးကြီးပါတယ်။ နောက်တစ်ချက်သတိထားရမှာက ကိုယ်ရဲ့ ဆက်ဆံပြုမူပုံတွေက ကိုယ်နဲ့ ဆက်စပ်တဲ့ သူတွေအတွက် ကိုယ်စိုက်ပျိုးလိုက်တဲ့ မျိုးစေ့လေးပါပဲ။ သူတို့အပေါ် မလေးမစား ဆက်ဆံလိုက်လို့ သူတို့ရင်ထဲ စိတ်အနာတရ ဖြစ်သွားမယ်ဆိုရင်တော့ ကိုယ်ချလိုက်တဲ့ မျိုးစေ့က အဆိပ် သီးဖြစ်သွား ပါလိမ့်မယ်။ မျိုးစေ့မမှန်ရင်တော့ အပင်သန်မှာ မဟုတ်ပါဘူး။

ဒီလိုမှမဟုတ်ဘဲ ကိုယ့်ရဲ့ ကြင်နာသနားတတ်တဲ့ အပြုအမူလေးတွေ၊ စိတ်နေစိတ်ထားလေးတွေနဲ့ သာ မျိုးစေ့ချမယ်ဆို နောင်တချိန်မှာ ရိတ်သိမ်းရမယ့် အပင်တွေက ကိုယ်တိုင်အတွက်ရော ၊ မိမိ ပတ်ဝန်းကျင် အတွက်ပါ သိပ်ကို ကျေနပ်စရာကောင်းနေမှာပါ။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။