“အဖြေမရှိတဲ့ ပုစ္ဆာဆိုတာ ရှားပါတယ်” ဆိုတာကို ဖော်ပြသွားတဲ့ သမင်းလေးရဲ့ ဖြစ်ရပ်

blank

တောတွင်းတစ်နေရာမှာ မွေးခါနီး ဖွားခါနီး ကိုယ်ဝန်သည် သမင်မလေးတစ်ကောင် နေထိုင်ပါတယ်။ တစ်နေ့မှာ သူမက ရေစီးအရမ်းသန်တဲ့ ချောင်းတစ်ခုဘေးမှာ မွေးဖို့ဖွားဖို့နေရာ ကြိုတင် ရှာနေတာပေါ့။
ရုတ်တရတ်ပဲ ဗိုက်ကလည်း နာလာပါတယ်။

တစ်ချိန်တည်းမှာပဲ မိုးကောင်းကင်ကလည်း မဲမှိုင်နေတယ်။ သူမ အနောက်ဖက် မြစ်နဲ့ မျက်နှာချင်းဆိုင်မှာ တောမီးတွေက တဟုန်းဟုန်းနဲ့။ သူမ ဘယ်ဘက်ကို ကြည့်လိုက်ပြန်တော့ မုဆိုးတစ်ယောက်က လေးနဲ့ ချိန်ထားသေး။ အမလေး ဒါတင်မက ညာဘက်မှာက ဘယ်နှခုနှစ်ကတည်းက ငတ်ပြတ်နေမှန်းမသိတဲ့ ခြင်္သေ့တစ်ကောင်က သွားရည်တမြားမြားနဲ့ သူမဆီ လာနေပြီ။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုသလိုပါပဲ ။ သမင်မလေးဘဝက မတွေးရဲစရာ။ သူမဘာများ လုပ်နိုင်ပါ့မလဲ။ ဗိုက်ကလည်း မွေးချင်လွန်းလို့ အောင့်နေပြီလေ။
ဘာတွေ ဆက်ဖြစ်မှာပါလိမ့်။
သမင်မလေး အသက်ရှင်ပါဦးမလား။

သမင်ပေါက်လေးရော မွေးနိုင်မှာလား။
သမင်ပေါက်လေးကရော အသက်ရှင်ပါ့မလား။
ဒါမှမဟုတ် တောမီးကြောင့် တစ်တောလုံး ပြာကြပြီး အားလုံး သေကုန်ကြမှာလား။
မုဆိုးရဲ့ မြှားချက်ကနေရော သူမ လွတ်နိုင်ပါ့မလား။
ဟို စူဆကာပုဏ္ဏားလို လှူတာ အကုန်စားမယ့် ရုပ်နဲ့ ခြင်္သေ့ရန်ကနေရော။

သူမရဲ့ တစ်ဖက်မှာလည်း တောမီး၊ နောက်တစ်ဖက်မှာက ရေစီးသန်တဲ့ချောင်းကရှိသေး ဆိုတော့ လေးဘက်လေးလံမှာ အန္တရယ် အမျိုးမျိုးနဲ့ သူမတော့ ကျဉ်းထဲကျပ်ထဲ ရောက်နေပါပြီ။

ကူကယ်ရာမဲ့တဲ့ ဘဝမှာ သူမဘာများဆက်လုပ်ဦးမလဲ။
နောက်ဆုံးတော့ သူမက သူမဘာဖြစ်ဖြစ် ဘဝသစ်တစ်ခုကိုတော့ မွေးဖွားပေးခဲ့ဖို့ ဆုံးဖြတ်လိုက်တော့တယ်။ အဲ့ဒါက အစကတည်းက သူမလုပ်ကို လုပ်ရမယ့် အလုပ်မလား။

အဲ့ဒီအချိန်မှာ တစ်ခုပြီး တစ်ခု ဆက်တိုက်ဖြစ်သွားတာတွေကတော့…

မိုးကြိုးပစ်ချလိုက်တာကြောင့် မုဆိုးမျက်စိကို ထိသွားတယ်။

မုဆိုးက မမြင်မကန်းနဲ့ မြားကို ပစ်လိုက်တော့ သမင်မလေးဘေးကနေ ဖြတ်သွားပြီး ခြင်္သေ့ကို မှန်သွားတော့တယ်။

အဲ့ဒီအချိန်မှာ မိုးက သဲကြီးမဲကြီး ရွာချလိုက်တော့ တောမီးလည်း ငြိမ်းသွားပါလေရော။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သမင်မလေးကတော့ သားပေါက်လေးကို လျှောလျှောရှူရှူ မွေးဖွားလိုက်နိုင်ပါတယ်။

လူတွေရဲ့ ဘဝမှာလည်း ထိုနည်းတူပါပဲ၊ အဖက်ဖက်မှာ စိတ်ကို အားလျော့စေတဲ့ အတွေးတွေ ရှိနေတတ်သလို ဖြစ်နိုင်တဲ့ နည်းလမ်းတွေလည်း ရှိနေတတ်ပါတယ်။ အဲ့ဒီအတွေးတွေက လူတွေရဲ့ဘဝတွေကို လွှမ်းမိုး ချုပ်ကိုင်နိုင်လောက်အောင်ကို အရမ်း အင်အားကြီးမားပါတယ်။

သမင်လေးကို ကြည့်ပြီး သင်ခန်းစာယူလို့ ရပါတယ်။
အဲ့ဒီအခိုက်အတန့်မှာ သမင်မလေးကတော့ သူ့ကလေး လူ့လောကထဲ ရောက်ဖို့ကိုပဲ ဦးစားပေး ရွေးလိုက်တာပါ။ ဘယ်ဘက်စမ်းစမ်း နံရိုးချည်းဘဲ ဆိုသလို ဘာလုပ်လုပ် သေဖို့နဲ့ ဒဏ်ရာရဖို့ပဲ ဖြစ်နေမှတော့ သူလုပ်လို့ရတဲ့ ဗိုက်ထဲက ကလေးကိုပဲ မွေးလိုက်တော့တာပေါ့။

ကဲ သင့်ကိုယ်သင်ရော မေးကြည့်လိုက်ပါဦးလား။

သင့်ရဲ့ ဦးတည်ရာ၊ ရည်ရွယ်ချက်က ဘာလဲ။

သင့်ကိုသင် ယုံကြည်မှုတွေ၊ သင့်ဘဝရဲ့ မျှော်လင့်ချက်တွေကရော ဘယ်မှာလဲ။

ဘဝမှာ ဘယ်လောက်ပဲ မုန်တိုင်းထန်နေပါစေ၊ ကိုယ့်ကိုကိုယ် ယုံကြည်ကိုးစားရင်း ကိုယ့်ဘဝကို အကောင်းဆုံးပုံဖော်ထုဆစ်သွားရမှာပါပဲ။ ကိုယ့်ပြုတဲ့ကံ ကိုယ့်ထံပြန် ဆိုသလို အဲ့ဒီကြိုးစားမှုတွေက သင့်ကို ဘယ်တော့မှ စိတ်ပျက်စေမှာ မဟုတ်ပါဘူး။ ဘယ်တော့ဆို… ဘယ်တော့မှပါပဲ… ။

သဘောကျ နှစ်သက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။