အချိန်အတိုင်းအလိုက် တန်ဖိုးကို သိချင်ရင် ဘယ်သူတွေကို မေးမလဲ

blank

– တစ်နှစ်ရဲ့ တန်ဖိုးကို သိချင်ရင်…

စာမေးပွဲ ကျတဲ့ ကျောင်းသားကို မေးကြည့်လိုက်ပါ။

– တစ်လရဲ့ တန်ဖိုးကို သိချင်ရင်…

လမစေ့ဘဲ မွေးထားတဲ့ ကလေးရဲ့ မိဘတွေကို မေးကြည့်လိုက်ပါ။

– တစ်ပတ်ရဲ့ တန်ဖိုးကို သိချင်ရင်…

အပတ်စဉ် သတင်းစာရဲ့ အယ်ဒီတာကို မေးကြည့်လိုက်ပါ။

– တစ်ရက်ရဲ့ တန်ဖိုးကို သိချင်ရင်…

တစ်မိသားစုလုံးကို လုပ်ကျွေးနေရတဲ့ တစ်နေ့လုပ်တစ်နေ့စား အလုပ်သမား တစ်ယောက်ကို မေးကြည့်လိုက်ပါ။

– တစ်နာရီရဲ့ တန်ဖိုးကို သိချင်ရင်…

ချိန်းထားတဲ့ ချစ်သူအလာ စောင့်နေရတဲ့ သူတစ်ယောက်ကို မေးကြည့်လိုက်ပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

– တစ်မိနစ်ရဲ့ တန်ဖိုးကို သိချင်ရင်…

ရထား၊ ကား၊ လေယာဉ်နောက်ကျတဲ့ လူတစ်ယောက်ကို မေးကြည့်လိုက်ပါ။

– တစ်စက္ကန့်ရဲ့ တန်ဖိုးကို သိချင်ရင်…

ယဉ်မတော်တဆမှုကြောင့် အသက်ငင်နေတဲ့ သူကို မေးကြည့်လိုက်ပါ။

– တစ်စက္ကန့်ရဲ့ တစ်စိတ်တစ်ပိုင်းလောက်အချိန်ရဲ့ တန်ဖိုးကို သိချင်ရင်…

အိုလန်ပစ်ပြိုင်ပွဲမှာ ငွေတံဆိပ်ဆုရတဲ့ သူကို မေးကြည့်လိုက်ပါ။

သင့်မှာ ရှိတဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်းကို တန်ဖိုးထားပါ။ သင်ကိုယ်တိုင် အတွက်ရော၊ တန်ဖိုးထားရတဲ့ သူတွေအတွက်ပါ အကျိုးရှိပြီး၊ ကောင်းမွန်တဲ့ အချိန်ပေးပါ။ ပြီးတော့ အမြဲ သတိချပ်နေရမှာက အချိန်နှင့် ဒီရေသည် လူကို မစောင့် ဆိုတာကြောင့် သင့်ဘဝအတွက် မိုးရွာတုန်း ရေခံ ထားနိုင်ဖို့ပါပဲ။

သဘောကျနှစ်သက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။