ကိုယ့်တန်ဖိုး ကိုယ်ကိုယ်တိုင် ဆုံးဖြတ်တာကြောင့် ကိုယ့်ကိုယ်ကို တန်ဖိုး မြင့်တင်ပါ။

blank

ဘဝဆိုတာ အနိမ့်အမြင့် အတက်အကျတွေ အများကြီးနဲ့ ပြည့်နှက်နေတဲ့ အရာပါ။ တစ်ခါတစ်လေ ကိုယ့်ရဲ့ မျှော်လင့်ချက်တွေ၊ ယုံကြည်မှုတွေ ပျက်စီးသွားတာမျိုး ထိလည်း ကြုံရတတ်ပါတယ်။ အောက်ဘက်မှာ ဖော်ပြထားတဲ့ အဖြစ်အပျက်လေးကတော့ ဘဝမှာ ဘယ်လောက်ပဲ အခက်အခဲတွေ ကြုံနေရပါစေ ကိုယ်အရှုံးမပေးဘူးဆို ဘယ်တော့မှ ဘဝက မနိမ့်ကျသွားဘူး ဆိုတာလေးကို ဖော်ပြနေပါတယ်။

တစ်နေ့မှာ လူသိများတဲ့ စာရေးဆရာ တစ်ယောက်ဟာ စင်အောက်မှာ ရှိတဲ့ ပရိသတ်ကြီးကို အသိပညာပေးဖို့ စင်ပေါ်မှာ မတ်တပ်ရပ်နေခဲ့ပါတယ်။လက်ထဲမှာတော့ ဒေါ်လာ (၂ဝ) ကိုင်ထားတယ်။

တစ်ချိန်တည်းမှာပဲ သူက ပရိသတ်ကြီးကို ဒေါ်လာ (၂ဝ) လေး လေထဲမြှောက်ပြီး

“ဒီ ဒေါ်လာ (၂ဝ) လိုချင်တဲ့သူများ ရှိမလား။” ဆိုပြီး မေးလိုက်တယ်။ ပရိသတ်ထဲက လက်ထောင်တဲ့ သူတွေမှ အများကြီးပါပဲ။

ခဏနေတော့ သူ့လက်ထဲမှာရှိတဲ့ ဒေါ်လာကို လက်နဲ့ချေလိုက်တယ်။

ပြီးတော့ အပေါ်မြှောက်လိုက်ပြီး “ကဲ ခင်များတို့ထဲမှာ ဒီ ဒေါ်လာ (၂ဝ) လိုချင်တဲ့သူ ရှိသေးလား” လို့ ထပ်မေးပြန်တယ်။

ပရိသတ်ကြီးကလည်း လက်တွေ ထပ်မြှောက်ကြပြန်တယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒါနဲ့ သူက ဒေါ်လာ (၂ဝ) ကို အောက်ပစ်ချလိုက်ပြီး ဖိနပ်နဲ့ နင်းချေ ပစ်လိုက်တယ်။

ခဏနေတော့ ပရိသတ်ကြီးဘက်လှည်ြ့ပီး “ကဲ ဒါဆိုရင်ရော ယူချင်ကြသေးလား” ဆို ထပ်မေးပြန်တယ်။

ပရိသတ်ကြီးကတော့ လက်တွေ မြှောက်မြဲ မြှောက်နေဆဲပါပဲ။

ဒါနဲ့ စာရေးဆရာကြီးက ကျေနပ်သွားဟန်နဲ့ ပြုံးလိုက်တယ်။ အဲဒီနောက် ပရိသတ်ကြီးကို “တွေ့တယ်မလား မိတ်ဆွေတို့… ငွေဆိုတာ တန်ဖိုးရှိမှန်းသိနေတော့ သူ့ကို ဘယ်လောက်ပဲ နိမ့်ကျအောင် စုတ်ပြတ်သွားအောင် လုပ်လုပ်သူ့တန်ဖိုး နိမ့်မသွားတော့ ခင်များတို့ ကျွန်တော်တို့ အလိုရှိနေကြသေးတယ် မလား။ ကျွန်တော်တို့လည်း ဒီလိုပဲ။ ဘဝမှာ ဘယ်လောက်ကြမ်းတမ်းခက်ခဲတဲ့ လောကဓံနဲ့ ကြုံတွေ့ရပါစေ ကိုယ်တိုင်သာ တန်ဖိုးချ မပစ်လိုက်ဘူးဆို ကိုယ့်ဘဝက နိမ့်ကျသွားစရာ မရှိပါဘူး။ ခင်များတို့ ဘဝအဆင့်အတန်းဆိုတာ ခင်များတို့ အပေါ်မှာပဲ မူတည်တယ်။ ဒီတော့ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်ပါ။ ခင်များတို့ တန်ဖိုးတွေ တဖြည်းဖြည်း တက်လာပါလိမ့်မယ်။” ဆို ပြီး ပြောလိုက်ပါတယ်။ သိပ်ကို မှတ်သားစရာကောင်းတဲ့ သင်ခန်းစာလေး တစ်ခုမို့ ဂန္ထဝင်မှ ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ရပါတယ်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။