သေးငယ်သော ဖြစ်ရပ်လေးမှ ပျော်ရွှင်မှုဆီသို့ အပိုင်း (၂)

blank

ဒီအပါတ်မှာလည်း ဘယ်လိုအသေးအဖွဲ ကိစ္စလေးတွေကနေ ပျော်ရွှင်မှုလေးတွေ ရနိုင်တယ် ဆိုတာကို ဂန္တဝင် ပရိတ်သတ်ကြီးအတွက် ဆက်လက် ဖော်ပြပေးလိုက်ပါတယ်။

၁။ ကလေးတွေ ရယ်မော ကစားနေတာတွေကို ကြည့်ရင်း ကိုယ့်ပျော်ရွှင်မှုတွေကို ပြန်လည်သတိရလာခြင်း။

၂။ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ကစားပြီး အချိန်ကုန်မှန်း မသိကုန်သွားရခြင်း။

၃။ သူစိမ်းတစ်ယောက်က နွေးထွေးတဲ့ အပြုံးလေးနဲ့ ရယ်ပြတာ ကြုံလိုက်ရခြင်း။

၎။ အိပ်ရာထတာနဲ့ အညောင်းပြေ အညာပြေ ပျင်းကြောဆန့်လိုက်လို့ လန်းဆန်းသွားရခြင်း။ ဤဆောင်းပါးကို ဂန္တဝင်မဂ္ဂဇင်း မှတင်ဆက်ပါသည်။

၅။ ဟာသတွေကြားလိုက်ရလို့ အားရပါးရနဲ့ ကျယ်ကျယ်လောင်လောင် ရယ်လိုက်ရခြင်း။

၆။ ကိုယ်ချစ်မြတ်နိုးရတဲ့ သူလေးတွေက ကိုယ့်အလုပ်တွေကို တတ်နိုင်သလောက် လာကူပေးလို့ ကြည်နူးသွားခြင်း။

၇။ ကိုယ်အရမ်း ကြိုက်နှစ်သက်တဲ့ အနံ့လေးကို ခံစားလိုက်ရခြင်း။

၈။ ကိုယ့်အချစ်ဆုံးသူ ဆီကနေ နွေးထွေးကြင်နာတဲ့ ယုယမှုလေးတွေ ခံစားလိုက်ရခြင်း။

၉။ မီးပူတိုက်ပြီးခါစ ပြန့်ဖြူးပြီး တောက်ပနေတဲ့ အဝတ်ကို ဝတ်ပြီး ကိုယ့်ကိုယ့်ကို ကျေနပ်သွားခြင်း။

၁ဝ။ စိတ်ရှုပ်စရာကောင်းတဲ့ အချိန်မျိုးမှာ အရာအားလုံးကို မေ့ထားပြီး တစ်ယောက်တည်း အေးအေးဆေးဆေး နေလိုက်ရခြင်း။

စတဲ့ အသေးအဖွဲလေးတွေကလည်း ကိုယ့်အတွက် ပျော်ရွှင်မှုတွေ ဆောင်ကျဉ်းပေးနေတယ်ဆိုတာ သတိပေးရင်း ဂန္ထဝင် ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်။

သင်လည်း ဒီလိုမျိုးဖြစ်ရပ်လေးတွေနဲ့ ပျော်ရွှင်မှုကို ရလိုက်တယ်ဆိုရင် သူငယ်ချင်းတွေကိုလည်း share ပေးလိုက်ပါ။